Episode 19

525 56 6
                                    

Past Time

ဒူးပေါ်တင်ထားတဲ့လက်တွေက ဘောင်းဘီစကို တင်းခနဲနေအောင် ဆုပ်ကိုင်ထားမိရင်း ထပ်ထွက်လာမယ့် စကားသံတွေအတွက် ရှောင်းကျန့်အသက်အောင့်ထားမိတယ်...စူးရှတဲ့အကြည့်တွေနဲ့ အေးစက်တဲ့ စကားသံတွေအကြား သူ့ကိုယ်လေးက ငုပ်လျှိုးသွားသလိုပါပဲ...

"ရိပေါ်ကို ဒီအရွယ်ထိ စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်...ဒါပေမယ့် အခုရိပေါ်က အသက်၂၀ပြည့်ပြီဆိုတော့ သူ့ကိုပြန်ခေါ်သွားတော့မယ့်အကြောင်း မင်းကို အသိပေးသင့်တယ်ထင်လို့ပါ..."

နားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလို ဆူဝေသွားတယ်...ရင်ဘတ်အစုံကပါ လှိုက်မောရင်း နှုတ်ခမ်းတွေက ခြောက်သွေ့လာတယ်...တစ်ခုခုပြောဖို့ကို စဉ်းစားနေခဲ့ပေမယ့် တကယ်တမ်း ဘာစကားမှ ထွက်မလာနိုင်ခဲ့ဘူး...

"ရိပေါ်ကို စောင့်ရှောက်ပေးခဲ့လို့ မင်းအကျိုးမယုတ်စေရပါဘူး..."
"ဘာ..ဘာလို့ စွန့်ပစ်ခဲ့သေးတာလဲ ဒါဆိုရင်..."

စကားသံတွေက ထစ်ငေါ့စွာနဲ့ ခြောက်ကပ်ကပ်ကြီးထွက်သွားတယ်...

"သူ့အသက်အန္တရာယ်အတွက်ပါ...မဖြစ်မနေမို့လို့...ဒါပေမယ့် ငါတို့ သူ့ကို ပစ်မထားခဲ့ပါဘူး...အမြဲစောင့်ကြည့်နေတာပါ..."
"ဟင့်အင်း..."

ရှောင်းကျန့်ဆီက ခပ်တိုးအငြင်းစကားကြားတော့ ဝမ်သခင်မကြီးက လှောင်ပြုံးတစ်ခုကို ဖော်ထုတ်ပြတယ်...

"အင်း...မင်းလို မိဘမဲ့ကလေးတစ်ယောက်က နှစ်အနည်းငယ်အတွင်းမှာ အိမ်တစ်လုံးနဲ့ ကော်ဖီဆိုင်တစ်ဆိုင်ဖွင့်နိုင်ခဲတာ မင်းရဲ့အစွမ်းအဆတွေကြောင့်ပဲလို့ထင်နေတာလား....မင်းရဲ့ပန်းချီတွေ အများကြီးရောင်းရတာ မင်းသူငယ်ချင်းရဲ့ကိတ်တွေ ကြီးကျယ်တဲ့မွေးနေ့ပွဲတွေမှာ နေရာယူထားနိုင်တာ ကံကောင်းလို့များလား..."

စူးစိုက်ကြည့်လာတဲ့ မျက်လုံးတွေရဲ့ဒဏ်ကို မခံနိုင်တော့တာမို့ ရှောင်းကျန့်ခေါင်းကို ငုံ့ချလိုက်မိရင်း ဝဲတက်လာတဲ့ မျက်ရည်တွေကို မျက်တောင်ခတ်ရင်းသိမ်းလိုက်တယ်...မိဘမဲ့တစ်ယောက်အဖြစ်နေနေရတဲ့သူဟာ သေချာပေါက်ဘယ်ကံကောင်းပါ့မလဲ ...

Lovely StrangersWhere stories live. Discover now