Episode 10

768 69 4
                                    

မနက်ခင်းဟာ သိပ်ချစ်စရာကောင်းတယ်....

ရိပေါ်က ပြုံးရင်း ကားကို အာရုံစိုက်လို့မောင်းနေရတယ်..လက်တစ်ဖက်က ရှောင်းကျန့်လက်ကို ဆုပ်ထားရင်းပေါ့...အိပ်မက်ဖြစ်ပြီးလွတ်ထွက်သွားမှာကြောက်လို့ ခပ်တင်းတင်းဆုပ်ထားမိတယ်...
မနက်အစောကြီး...တော်တော်စောတာမို့ ရှောင်းကျန့်ကမထချင်...ရိပေါ်က 9နာရီမှာ အရေးကြီးအစည်းအဝေးဝင်ရမှာမို့ 5နာရီအိမ်က ထွက်ဖို့အရေး 4နာရီကတည်းက ထလို့ ပြင်ဆင်ရတယ်...အိပ်ပုတ်ကြီးတဲ့ ကောင်လေးက အချစ်အတွက်တော့ အပင်ပန်းခံနိုင်ပါသတဲ့...မနက်စာကို ခြင်းလေးထဲထည့်ပြီး အဆင်သင့်ပြင်ထားရတယ်...ဘယ်လိုနှိုးနှိုးမရတဲ့ကိုကို့ကို ချီမလို့ မျက်နှာသစ် အင်္ကျီတွေလဲပေးရတယ်...အိပ်ရေးပျက်လို့ စိတ်ကောက်ခံရတာတော့ အဆစ်ပေါ့...

နဖူးပေါ် ဆံပင်တချို့ကဝဲကျလို့...သူ့ဘက်ကို ခေါင်းစောင်းရင်း အိပ်ပျော်နေတာမို့ ပါးက အနည်းငယ်ဖောင်းပြီး နှုတ်ခမ်းက အနည်းငယ်ချွန်‌ထွက်နေတယ်..သူ့စိတ်ကြိုက်ဝတ်ပေးထားတဲ့ ဆွယ်တာ အဖြူရောင်ကြီးထဲ ရှောင်ကျန့်တစ်ကိုယ်လုံးနစ်မြုပ်လို့...လည်ထောင်ဆွယ်တာမို့ မေးဖျားအထိ ကာပေးထားပြီး လက်ရှည်တွေက ရှောင်းကျန့်ရဲ့ လက်ဖျားလေးတွေအထိ ဖုံးအုပ်ပေးထားတယ်...အောက်ကဂျင်းအရှည်နဲ့ sneakersရယ်ပေါင်းလိုက်တော့ ရှောင်းကျန့်ရဲ့ မျက်နှာလေးသာ ပေါ်တော့တယ်...ဘယ်သူမှ ‌ကိုကို့ကို ငေးကြည့်တာမကြိုက်တဲ့ သူက maskလည်း အသင့်ဆောင်ထားပြီးသား.. companyကို တန်းသွားရမှာမို့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေရဲ့ ငမ်းကြောကို သူကြိုတင်ကာကွယ်ထားရတယ်...

နေထွက်လာတော့ ကားပေါ်ဖြာကျလာတဲ့ နေရောင်ကြောင့် ရှောင်းကျန့်နိုးလာတယ်...သူ့က ကိုကို့လက်ဖျားလေးကို ဆွဲယူပြီး လက်ထိပ်လေးကို အနမ်းပေးရင်း သွားနဲ့ ခပ်ဖွဖွကိုက်လိုက်တယ်...ကားကို လမ်းဘေးကပ်ရင်း ခန ရပ်လိုက်တယ်...လူကြီးလေးကို မနက်စာ ကျွေးရဦးမယ်လေ..
"နိုးပြီလား ကိုကို..."
"အင်း...ငယ်လေး...ကိုကိုက ဘာလို့ ဒီအင်္ကျီနဲ့လဲ..."
"အေးတယ်လေ ကိုကိုရဲ့..."
"မင်းကျ မအေးဘူးလား...ငယ်လေးကျတော့ မင်းသားလိုဝတ်ထားတယ်...ကိုကိုကျ အလုံထုပ်ကြီး..."
"ကျွန်တော့မှာshirtမပါလို့ ကိုကို့shirtအဖြူလေးယူဝတ်ထားတာလေ.. necktieတောင်မနေ့ကဟာ.."

Lovely StrangersTempat cerita menjadi hidup. Temukan sekarang