ဒီရက်တွေမှာ ရှောင်းကျန့်တော်တော်လေး အလုပ်များနေတယ်...ကော်ဖီနဲ့စာအုပ်ဆိုင်ကို တွဲဖွင့်ဖို့ အဆင်ပြေသွားတာမို့ ကျန်းချန်က ကော်ဖီဆိုင်ကို တာဝန်ယူပြီး သူက စာအုပ်ဆိုင်ကို တာဝန်ယူကာ interior decorationsတွေကို ပြင်ဆင်ရတယ်...စာအုပ်ဆိုင်နဲ့ ကော်ဖီဆိုင်မှာ ချိတ်ဆွဲထားဖို့ ပန်းချီကားတွေကို အားတဲ့အချိန်တွေမှာ အချိန်ပေးဆွဲရင်း လက်ခံထားတဲ့ ပန်းချီအော်ဒါတွေပါ တခါတည်းဆွဲပေးရတယ်...ပိုက်ဆံရနေပေမယ့် ရိပေါ်ကို အချိန်ပေးနိုင်တာ နည်းသွားတဲ့အခါ သူက စိတ်မကောင်းပေမယ့် ရိပေါ်က နားလည်ပြီးကူလုပ်ပေးရှာတယ်...
ရိပေါ်မှာလည်း ကျောင်းဖွင့်ရက် ညနေပိုင်းတွေမှာ မြို့ထဲက စတိုးဆိုင်မှာ အချိန်ပိုင်းလုပ်ပြီး ကျောင်းပိတ်ရက်မနက်တွေမှာ သူတို့ရဲ့ဆိုင်မှာ ကူလုပ်ပေးတယ်...အရွယ်ရောက်လာတဲ့ ရိပေါ် အလုပ်တွေလုပ်ချင်လာတော့ သူမတားတော့ဘူး...သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်ဖို့ ပျိုးထောင်ပေးရမှာပေါ့...
ရိပေါ်ဖွင့်ပြောခြင်းကို ခံရပြီးနောက်ရက်တွေကတော့ ရှောင်းကျန့်အတွက် ကြည်နူးရင်ခုန်စရာတွေနဲ့ ပြည့်နေတယ်...
"ကိုကို့ကိုချစ်တယ်..."
"ကိုကိုက ကျွန်တော့အသည်းအသက်..."
"စက္ကန့်မလပ်ချစ်ရသော..."အစရှိသဖြင့် တိုတိုတုတ်တုတ်နဲ့ အဓိပ္ပါယ်အပြည့်ပါတဲ့စာလေးတွေက ရိပေါ်ရဲ့စာကြည့်စားပွဲပေါ်မှာ သကြားလုံးလေးတစ်လုံးနဲ့အတူ အမြဲတွေ့ရတယ်..တခါတလေတော့ တခြားပစ္စည်းလေးတွေပါတတ်သေးတယ်..
"ကိုကို့ကို လွမ်းနေရင်း ခလုတ်တိုက်တဲ့ ခဲလုံးလေး..."
ခဲလုံးပေါ်မှာ dateရယ် အသဲပုံနဲ့ အစက်လေးရယ်.."ကိုကို့ကိုလွမ်းနေတုန်း ကြွေကျလာလို့..."
သစ်ရွက်ပေါ်မှာdateရယ် အသည်းပုံနဲ့အစက်လေးရယ်...အမှတ်တရသေးသေးတိုင်းကို တန်ဖိုးထားပြီးယူလာတာ ရိပေါ်ဖြစ်သလို အမြတ်တနိုးသိမ်းဆည်းတာလည်း ရှောင်းကျန့်ပဲ ဖြစ်ပါတယ်...
"ကိုကို...."
အိပ်ခန်းထဲ ပန်းချီဆွဲနေတဲ့ သူ့ကို သိုင်းဖက်ရင်း ခပ်လေးလေးခေါ်လာတဲ့ ရိပေါ်ကြောင့် လက်က တွန့်ခနဲဖြစ်တယ်...ကျောပေါ်ပါးမှီချတော့ အသက်ရှုတဲ့ လေနွေးနွေးကို သူပါခံစားမိတယ်...ကလေးလေးတစ်ယောက်အိပ်ချင်နေပါပြီ...
"ငယ်လေး အိပ်ချင်နေပြီလား..."
"ဟင့်အင်း ကိုကို့ကိုစောင့်မယ်...ကျွန်တော် အရင်ေန့ေတွကစောပြီး အိပ်သွားတော့ ကိုကိုနဲ့ တူတူ အိပ်ယာမဝင်ရလို့...ဒီနေ့ကိုကို့ကိုစောင့်မယ်..."
"ကိုကိုက နည်းနည်းကြာဦးမယ် ငယ်လေးရဲ့..မနက်ဖြန် အပြီးပေးရမှာမို့..."
"အင်း ရတယ်..."
စကားပြောလိုက်တိုင်း လှုပ်ရှားနေတဲ့ ပါးအိအိရဲ့အထိတွေ့ပါပေါင်းလိုက်တော့ ရှောင်းကျန့်ရဲ့ နှလုံးခုန်သံက စည်းချက်မမှန်ချင်တော့...
"ကိုကိုချော့သိပ်မယ်...ပြီးမှ ပြန်ဆွဲရင်ရော...အာ့လိုလုပ်မလား..."
"ဟင့်အင်း စောင့်မှာ...."
ချစ်တယ်လည်း အဖြေမပေးရသေးပါပဲ ဖက်လိုက် ခွလိုက် လည်ပင်းဂုတ်သားကိုဖိနမ်းလိုက် ပါးကိုရွတ်ခနဲမြည်အောင်နမ်းလိုက်နဲ့ အသားယူခြင်းပေါင်းစုံကို ရှောင်းကျန့်ခံရတယ်...
"နှုတ်ခမ်းက ချစ်သူဖြစ်မှ နမ်းဖို့ ချန်ထားတာ"ဆိုပြီး ရိပေါ်က အပိုင်တွက်ရင်းလည်းပြောတတ်သေးတယ်...
"အာ့ဒါဆို ခနတော့ လွှတ်ဦး...ကိုကို စုတ်တံ အကြီးပျောက်နေလို့ ရှာလိုက်ဦးမယ်...
