ရိပေါ်စိတ်တွေ ရွှင်ပြနေတာ မနေ့က ကိုကို့ဆီက ပြန်လာပြီးကတည်းက...ဘယ်လိုအတွေးနဲ့များကိုကိုက သူ့ကို မချစ်တော့ဘူးလို့ တွေးမိခဲ့တာပါလိမ့်...ဘဝတစ်ခုလုံး သူ့အတွက်ပဲလို့ ပြောရလောက်အောင် သူ့စိတ်တိုင်းကျဖြစ်ပေးခဲ့တဲ့ ရှောင်းကျန့်ပါပဲ...လေတချွန်ချွန်နဲ့ အင်္ကျီလဲရင်း အပြာနုရောင်ရှပ်နဲ့ ဘယ်လိုမှ လိုက်ဖက်မညီတဲ့ အနီပေါ်မှာ အစိမ်းရောင်အစက်အပြောက်လေးတွေပါတဲ့ necktieကို ဝတ်လိုက်တယ်...အပေါ်က မီးခိုးရောင်ကုတ်ကလည်း လိုက်ဖက်မညီခဲ့ဘူး...သူ့မျက်စိထဲတော့ အရာအားလုံးဟာ နေသားတကျ လှပနေတယ်...
"Morning..."
အိမ်တော်ထိန်းကြီးလန့်သွားတယ်...USကပြန်ရောက်တည်းက ရုပ်တည်နဲ့ စကားတောင်၁၀ခွန်းပြည့်အောင် အပြောမခံတဲ့ သခင်လေးက သူ့ကို ပြုံးပြပြီး နှုတ်ဆက်နေတယ်...သူထီပြေးထိုးသင့်လား..."Mor..Mor.. Morning သခင်လေး..."
ထစ်အစွာ ထွက်သွားတဲ့ စကားလုံးတွေကြောင့် သခင်လေးများစိတ်ဆိုးသွားပြီလားလို့ မျက်နှာကို မော့ကြည့်မိတော့ နူးညံ့တဲ့ မျက်ဝန်းတွေနဲ့ ခေါင်းညိတ်ပြတယ်..."မနက်စာ စားမယ်..."
ထျန်းနား!!!! လောကကြီး ဘာဖြစ်သွားတာလဲ...အိမ်မှာ မနက်စာ တစ်ခါမှ မစားတဲ့လူက..."သခင်လေး...ဘာများပြင်ဆင်ပေးရမလဲ..."
"ကြက်သားဟင်းနဲ့ ထမင်းနဲ့...ထမင်းထဲနံနံပင်များများထည့်ခဲ့..."
"ဗျာ...ထမင်းထဲ နံနံပင်ထည့်ရမှာလား.."
"အင်း...မြန်မြန်လေး..."
"ဟုတ်...ဟုတ်..."
ခပ်သွက်သွက် ပြင်ဆင်ပေးလိုက်ရင်း ဘေးနားမှာ ရပ်နေလိုက်တယ်...
"အိမ်ထိန်းကြီး...ရာသီဥတု သာယာလိုက်တာနော်..."
"ဟမ်...ဟုတ်.."
အပြင်မှာမိုးတွေကအုံ့လို့...နှင်းမိုးတွေရွာနိုင်ချေရှိတယ်လို့ မိုးလေဝသက ကြေငြာထားကြောင်းမပြောဖြစ်တော့ဘူး..."စားလို့ကောင်းတယ်...သွားလိုက်ပါဦးမယ်..."
အိမ်တော်ထိန်းကြီး မျက်လုံးလည်း ပြူး...ပါးစပ်လည်းဟသွားတယ်...သခင်လေးက သူ့ကို အခု ယဉ်ကျေးတဲ့ အသုံးအနှုန်းနဲ့ နှုတ်ဆက်လိုက်တာမလား...သခင်လေးက တကယ်တော့လည်း လိမ္မာတဲ့ ကလေးတစ်ယောက်ပါပဲ...တာဝန်တွေကြောင့်သာ သူ့မှာ ရုပ်တည်ကြီးနဲ့ ဖြစ်နေရရှာတာ နေမှာ...