Episode 1

4.2K 115 3
                                    

စာအုပ်ဆိုင်ရဲ့ တံခါးလေးကို ပိတ်လိုက်ရင်း စက်ဘီးလေးတွန်းလို့ ရှောင်းကျန့်ရဲ့ အိမ်ပြန်ချိန်ကို စတင်လိုက်တယ်....ရှောင်းကျန့်ရဲ့ဘဝတစ်နေ့တာက အရမ်းကို ရိုးရှင်းလှတယ်...အိမ်ရယ် စာအုပ်ဆိုင်လေးရယ်မှာပဲ အချိန်ကုန်တာများသလို တခါတလေမှ စာအုပ်ဝယ်ဖို့ မြို့ထဲသွားရင်း စာအုပ်ဆိုင်နဲ့တွဲလျက်ဖွင့်ထားတဲ့ ကော်ဖီဆိုင်လေးအတွက် လိုအပ်တာတွေကို  သူငယ်ချင်း ကျန်းချန်နဲ့အတူ ဝယ်ရင်း အချိန်ဖြုန်းဖြစ်တယ်...တပါတ်မှာနှစ်ရက် စာအုပ်ဆိုင်ပိတ်တဲ့ရက်တွေမှာ ရှောင်းကျန့်က ပန်းချီဆွဲလေ့လည်းရှိတယ်...ဘယ်တော့မှ ပြန်ဆုံဖို့ မသေချာတော့တဲ့ ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်တွေက သူ့ပန်းချီကားတွေပေါ်မှာ အမြဲနေရာယူထားလေ့ရှိတယ်...

အင်း...ဟုတ်တယ်...5နှစ်ရှိသွားပြီ...ရှောင်းကျန့်ကတော့ ဘယ်တုန်းကမှ မေ့မရခဲ့တာ..ကိုယ်ကိုယ်တိုင်သွားပါလို့ နှင်လွှတ်ခဲ့တဲ့ အပြစ်ဒဏ်ကို သူအခုထိခံစားနေရတုန်း..ဘယ်တော့မှ မမေ့ဘူးလို့ကတိပေးထားခဲ့တာပဲလေ...စချစ်ခဲ့တာလည်း သူဖြစ်သလို အဆုံးထိ ဆက်ချစ်သွားမှာ‌လည်း သူပါပဲ...

အစိမ်းရောင် တစ်ထပ်တိုက်ပုလေးနဲ့ အနီရောင် ဝန်းတံခါးလေးက ဘာမှ ဆက်စပ်မှုမရှိပေမယ့် အမြင်ဆန်းလို့နေတယ်..တိတ်ဆိတ်နေတဲ့ ခြံတံခါးကို ဖွင့်လိုက်ရင်း ဘာလို့နေသားမကျသေးတာလဲလို့တွေးမိတယ်...အိမ်ထဲရောက်တော့ သူ့ရဲ့အမောမှန်သမျှပြေရတယ်... ပြုံးခဲလှတဲ့ ကောင်လေးရဲ့အပြုံးနဲ့ ဓာတ်ပုံလေးက သူ့ကို ကြိုဆိုနေတယ်...သူများတွေနဲ့ဆို ရုပ်တည်ကြီးနဲ့ ဘုကလန့်ကောင်လေးက သူ့အတွက်ဆို ချစ်စဖွယ် ကလေးလေးတစ်ယောက်လည်းဖြစ်ခဲ့သေးတယ်မလား...
"ကိုယ် အိမ်ပြန်ရောက်ပါပြီ ငယ်လေး..."
ပြောနေကျ စကား‌လေးကို ရေရွတ်လို့ ရိပေါ်ထွက်သွားစဉ်ကတည်းကအတိုင်းမပြောင်းမလဲရှိနေသေးတဲ့ အိပ်ခန်းထဲကိုပဲ တန်းတန်းမတ်မတ်ဝင်လာခဲ့တယ်...အိပ်ယာပေါ်ပစ်လှဲရင်း အရမ်းလွမ်းတာပဲလို့ တွေးနေမိသလို ခနလောက်ပြန်လာမလားလို့လည်း မေးချင်နေတုန်းပါပဲ...

ဒီနေ့တော့ ရှောင်းကျန့်နဲ့ ကျန်းချန်မြို့ထဲသွားဖို့စီစဉ်ထားကြတယ်...ရှောင်းကျန့်ရဲ့ကော်ဖီဆိုင်လေးအတွက် ကိတ်မုန့်လုပ်တဲ့တာဝန်ကို ကျန်းချန်က ယူတယ်...အရင်ကတော့...အင်း..အရင်က ဒီကိတ်မုန့်တွေဟာ ရိပေါ်ရဲ့ ဖန်တီးမှုတွေပေါ့...စာအုပ်အချို့လည်း ဝယ်ရဦးမှာမို့ ခပ်စောစောပဲ ရှောင်းကျန့်တို့ ထွက်လာခဲ့လိုက်တယ်...

Lovely StrangersDonde viven las historias. Descúbrelo ahora