Episode 29

439 33 5
                                    

ရှောင်းကျန့် passwordကိုနှိပ်လို့ အိမ်ထဲဝင်လာတဲ့အထိ တစ်အိမ်လုံးက တိတ်ဆိတ်နေတယ်။ အပြင်မှာ ရာသီဥတု အခြေအနေက နှစ်မြို့ဖွယ်ကောင်းသလောက် အိမ်ထဲမှာတော့ အုံ့မှိုင်းလို့။ သူကသွားတွေပေါ်တဲ့အထိ ပြုံးရင်း ခေါင်းကို ခပ်ဖြေးဖြေးရမ်းမိတယ်။ ကောင်လေး တစ်ယောက်တော့ တစ်မနက်လုံး စိတ်ကောက်နေတယ် ထင်ပါရဲ့။

အသာလေး အိပ်ခန်းဝကို ခေါင်းပြူကြည့်မိတော့ အဖြူဖွေးဖွေး အိပ်ယာပေါ်မှာ နို့နှစ်ရောင် ‌အသားအရည်နဲ့ လူငယ်လေးက မှောက်ယားထိုး‌လေး အိပ်ပျော်..အဲ..အိပ်ချင်ယောင်ဆောင်နေလေတယ်။ ရှောင်းကျန့် ခြေလှမ်းဖွဖွလှမ်းလို့ အိပ်ယာဘေးနား တိုးသွားလိုက်တယ်။ ပြီးတော့ နားသယ်စပ်လေးကို ခပ်ဖွဖွ နမ်းရှုံ့လိုက်တယ်။ အိမ်မက်ကမ္ဘာထဲ အလည်ရောက်နေတဲ့ ပုံစံဖမ်းထားတဲ့ ဝမ်ရိပေါ်ရဲ့ မျက်နှာမှာ အပြုံးက ခပ်ရေးရေးထင်တယ်။ ရှောင်းကျန့် မသိချင်ယောင်ဆောင်ပြီး ရေချိုးခန်းထဲ ဝင်ခဲ့လိုက်တယ်။ ချော့တော့ ချော့မယ် ဒါပေမယ့် သူလည်းစိတ်‌ဆိုးချင်ပါရဲ့။

ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်ကြား စိတ်ကောက်ကြပါပြီဟေ့လို့ပြောလိုက်ရင် ဖြစ်တဲ့ ပြဿနာတိုင်းက ဖောင်းဒိုင်းပြဿနာ။ တစ်ပါတ်အနားမကပ်ရဆိုတဲ့ ပြစ်ဒဏ်ကိုချခဲ့မိတဲ့ ကိုယ့်ကိုယ်သာ ရှောင်းကျန့် အပြစ်တင်မိတော့တာပါပဲ။ ပြစ်ဒဏ်ပြီးတဲ့ နေ့ကတည်း အခုထိဆို နှစ်ပါတ်ပေါ့ ရှောင်းကျန့် မနားရတာ နှစ်ပါတ်ရှိနေပါပြီ။ ခါးတွေနာပြီး နောက်ဆုံး ဖျားပါဖျားသွားလို့သာ နှစ်ရက် အနားပေးထားတာ။ ကျေးဇူးကြီးမားသော ဝမ်ရိပေါ်ရယ်ပါ။ မနေ့ညက သူတို့အိမ်လေးဆီပြန်လာတဲ့ လမ်း‌တလျောက်လည်း ရှောင်းကျန့်မှာ ခါးတွေ ညောင်းနေတယ်။ စိတ်မကောင်းဖြစ်မှာစိုးလို့ ရိပေါ်ကို သူမပြောပြပေမယ့် ခါးက တကယ်နာနေတုန်း။ ညမအိပ်ခင် အကိုက်အခဲပျောက်ဆေး တစ်လုံးကို သောက်လိုက်လို့ ဒီမနက်သက်သာမယ်ရှိသေးတယ်။ ချစ်ရပါသော သူ့ရဲ့ ကလေးငယ်က ဇာတ်လမ်းပြန်စလာတာမို့ ရှောင်းကျန့်နဲ့ တိုက်ပွဲ အသေးစားလေး ဆင်နွှဲခဲ့ကြတယ်။ ညမှလုပ်ပါပြောလည်း ဒင်းက လက်မခံတာမို့ သူ ဆိုင်ကိုပဲ ထွက်သွားလိုက်တယ်။

Lovely StrangersOù les histoires vivent. Découvrez maintenant