Episode 30

488 37 2
                                    

အသက်အရွယ်အလိုက် ဖတ်သင့်တဲ့ စာအုပ်တွေကို ခွဲနေတဲ့ ရိပေါ်ရဲ့ ကျောပြင်လေးမှာ ရှောင်းကျန့်က ဖားပျံလေးလိုကပ်နေတယ်။ ခြေထောက်တွေကလည်းရိပေါ်ရဲ့ ခါးတွေမှာချိတ်ထားသေးတယ်။
လှုပ်ရှားရတာ နည်းနည်းခက်ခဲပေမယ့် ရိပေါ်ကတော့ ပြုံး‌လို့ပါပဲ။ ကျန်းချန်နဲ့ ဟိုက်ခွမ်းက cookiesဖုတ်တဲ့တာဝန်ကိုယူတာမို့ ရိပေါ်နဲ့ရှောင်းကျန့်က စာအုပ်တဲ့ စီတဲ့ တာဝန်ကိုယူလိုက်ကြတယ်။ စာအုပ်ဆိုင်လေးဖြုတ်ပြီး ကော်ဖီဆိုင်ကိုပဲ ချဲ့ပြီးဖွင့်ထားလိုက်တာ ဒီလဆို နှစ်လတောင်ရှိခဲ့ပြီ။

သူ့ကျောပြင်ကို ပါးနဲ့ပွတ်လိုက် နှုတ်ခမ်းနဲ့ အူးမွ လုပ်လိုက်နဲ့ ဆော့နေတဲ့ ကလေးကြီးက စာအုပ်ပုံတွေနဲ့ အလုပ်ရှုပ်နေတဲ့ သူ့ကို ကူညီဖို့ အစီစဉ်လုံးဝရှိပုံမရ။ ငယ်ငယ်ကသာ ရိပေါ်ရဲ့ တစ်ကိုယ်ရည် ကိစ္စတွေကို သူ့လက်နဲ့မှမလုပ်ပေးရရင် မကျေနပ်တတ်တဲ့ ကိုကိုက အခုတော့ သူကိုယ်တိုင်ရဲ့ တစ်ကိုယ်ရည်ကိစ္စတောင် သူမလုပ်ချင်။ ရိပေါ်လုပ်ပေးသမျှကိုသာ မျက်လုံးလေးမှိတ်လို့ ကျေနပ်နေတတ်တာ။ ဒါပေမယ့် ရိပေါ်ရဲ့ ဆံပင်နဲ့ လက်သည်းခြေသည်းညှပ်ခြင်းကိုတော့ ကိုကိုက သူကိုယ်တိုင် လုပ်ပေးနေတုန်း။

သူ့ခါးပေါ်ဖက်ထားတဲ့ လက်လေးတွေကို ဆွဲယူရင်း ခပ်ဖွဖွအနမ်းပေးလိုက်တယ်။ လက်သည်းဖြူဖြူကြည်ကြည်လေးတွေနဲ့ လက်ချောင်းညိုညိုရှည်ရှည်လေးတွေရဲ့ လိုက်ဖက်မှုဟာဩချစရာ သိပ်ကောင်းတယ်။ ရှောင်းကျန့်တစ်ကိုယ်လုံးမှာ အလှတရား မတည်ရှိတဲ့ နေရာရယ်လို့ ရှိသေးလို့လားလို့ တခါတလေ သူတွေးမိလောက်အောင် ယောက်ျားတန်မဲ့ ရှောင်းကျန့်ဟာ ကျက်သရေရှိရှိ အရမ်းကိုလှလွန်းပါတယ်။

"စီလို့ ပြီးသွားပြီလား..."
"အွန်း...ကိုကို ဒီမှာကြည့်...ဒီစာအုပ်က ငယ်ငယ်က ကျွန်တော့ကို ဖတ်ပြခဲ့တဲ့ဟာမဟုတ်လား..."
"ဟင် ဘယ်ဟာလဲ..."

စာအုပ်ပုံတွေရဲ့ အောက်ဆုံးက စာရွက်သားတွေ အနည်းငယ်ဝါကျင်နေပြီဖြစ်တဲ့ စာအုပ်အပါးလေးကို ရိပေါ်က ဆွဲထုတ်လိုက်တော့ ကိုကိုက သူ့ဘေးကို ဖင်လေးရွှေ့လို့ ရောက်လာတယ်။

Lovely StrangersTempat cerita menjadi hidup. Temukan sekarang