အထပ်နှစ်ဆယ်မြင်တဲ့ ကွန်ဒိုခန်းကနေမြင်နေရတဲ့ Manhattanမြို့ရဲ့ ညရှုခင်းဟာ သိပ်ကို လှပတယ်...မီးရောင်စုံထိန်လင်းနေတဲ့ လမ်းမကြီးက သဘာဝရဲ့ လက်ဆောင် နှင်းဖြူဖြူတွေနဲ့ အလှဆင်ထားသေးတယ်...နှင်းတွေကျကာ ရေခဲတွေဖွေးနေတဲ့အထိ အေးစက်နေတဲ့ မြို့မှာ ရိပေါ်ရဲ့ နှလုံးသားတွေဟာလည်း အေးစက်လို့...
"ဆိုတော့...မင်းအဖွားကို ငါလုပ်ကြံတယ်လို့ မင်းကထင်တယ်ပေါ့..."
ရေခဲထက်ပိုအေးစက်တဲ့ အသံက သူ့နားစည်ကို ရိုက်ခတ်တယ်...အဖွားလုပ်ကြံခံရတာနဲ့ပတ်သက်ပြီး ဘာသဲလွန်စရယ်မှ သူမရှာနိုင်တဲ့အခါ မထူးဇာတ်ခင်းပြီး ဦးလေး၁နဲ့ နှစ်ယောက်တည်း တွေ့နိုင်ဖို့ သူချိန်းခဲ့တယ်...နှစ်နှစ်ကျော်အတွင်း တူဝရီးရယ်လို့ အမည်တပ်ထားတဲ့ ဝမ်အမျိုးသားနှစ်ယောက်ရဲ့ ပထမဆုံးအကြိမ် privateဆန်တဲ့ တွေ့ဆုံမှုပါပဲ..
"ထင်တာမဟုတ်ဘူး...ကျွန်တော်သိနေတာ..."
"မင်းက ဘယ်လိုများသိလဲ ကောင်လေး..."
"သဲလွန်စ တစ်ခုတောင်မရှိအောင် ရှင်းနိုင်တဲ့သူဟာ ခင်ဗျားကလွဲ ဘယ်သူရှိနိုင်ဦးမှာလဲ..."
"မင်းက ဘယ်လိုအရာတွေကို ယုံကြည်တတ်လဲ ရိပေါ်...ကိုယ့်အပေါ်ကို ဘယ်အရာတွေက အစစ်အမှန်ဖြစ်ကြောင်း ဘယ်လိုအချက်တွေနဲ့ မင်းဆုံးဖြတ်လဲ...'"ဝိုင်ခွက်ကို ငှဲ့ရင်းပြောနေတဲ့ ဦးလေးဟာ အရင်ရက်တွေက တွေ့ခဲ့ဖူးတဲ့ လူနဲ့ကွာခြားနေသလိုပဲ...
"ကျွန်တော်မျက်စိနဲ့ မြင်တာကို ကျွန်တော်ယုံတယ်...ဝမ်မိသားစုရဲ့လူတွေကလွဲရင် လူတော်တော်များများကျွန်တော့အပေါ် စစ်မှန်ကြပါတယ်..."
"အိုခေ...ဒုတိယအဖြေကို သဘောကျပေမယ့်..ပထမအဖြေကိုတော့ ငါdeniedလုပ်ချင်တယ်..."ရိပေါ်က ဦးလေးရဲ့ မျက်ဝန်းတွေထဲကို စိုက်ကြည့်မိတယ်....ထက်မြတ်ပြီး အေးစက်မှုတွေ မရှိပဲ အရည်လဲ့နေတဲ့ မျက်ဝန်းတွေ....အသံတိတ်စကားပြောနေသလိုပဲ...
"မျက်စိနဲ့မြင်တာကို ယုံလို့ရတယ်...ဒါပေမယ့် အာ့ဒါက အမှန်တရားဖြစ်မလာနိုင်ဘူးဆိုတာ မိဘမရှိပဲ ကြီးပြင်းလာရတဲ့ မင်းအတွက် ဒီဦးလေးက စေတနာနဲ့ ပြောပြပေးမယ်...."
"ကျွန်တော် မိဘမဲ့ဖြစ်အောင် ခင်ဗျားပဲလုပ်ခဲ့တာမလား..."
ရိပေါ်က အံကြိတ်ရင်း တုံ့ပြန်တယ်...