Episode 17

610 51 5
                                    

နှင်းမိုးတွေကတဖြောက်ဖြောက်နဲ့ ရွာနေတာမို့ ပတ်ဝန်းကျင်ကလည်း အုံ့ဆိုင်းမှုန်မှိုင်းနေတယ်...ရာသီဥတုနဲ့ ထပ်တူညီမျှနေတာက ဝမ်ရိပေါ်ရဲ့ ရွှေမျက်နှာတော်လေး...အနားမကပ်ရတာ ၃ရက်မြောက်မို့ ရိပေါ်စိတ်ပျက်နေပြီ...သူ့စားပွဲရှေ့မှာ ရပ်နေတဲ့ ဟောက်ရွှမ်းနဲ့ ကျိရန်ကိုကျော်ပြီး ဆိုဖာမှာ ထိုင်‌ရင်း စာအုပ်ကိုစိတ်ဝင်တစားဖတ်နေတဲ့ ရှောင်းကျန့်ကို လှမ်းကြည့်လိုက်တယ်...ကိုကိုက တကယ်နေနိုင်တယ်...

"ဥက္ကဌ...ဒီprojectရဲ့အမြတ်ငွေက...."
"ကိုကို!!!"
ကျိရန်ရဲ့စကားတောင်မဆုံးသေးဘူး...ထအော်တဲ့ ရိပေါ်ကြောင့် ဟောက်ရွှမ်းနဲ့ ကျိရန်ရဲ့ ခန္ဓာကိုယ်လေးတွေ တုန်တက်သွားပေမယ့် ရှောင်းကျန့်ကတော့ မျက်လုံးလှန်ကြည့်ပြီး မျက်ခုံးပင့်ပြတယ်...ရန်ထဖြစ်တော့မယ်ထင်တယ်လို့ ဟောက်ရွှမ်းက ကျိရန်ကို ကပ်ပြောတယ်...မျက်နှာပျက်နေတဲ့ ကျိရန်က ဘယ်လိုလုပ်ကြမလဲလို့ခပ်တိုးတိုးပြန်မေးတယ်...

"ဟိုလေ...အပြင်မှာ အေးတယ်...ဖက်ထုပ်အစပ်စားမလား..."
"မလိုဘူး...လေးလေးကျန်းထည့်ပေးလိုက်တာပဲစားမှာ..."
"အော...ဟုတ်..."
ရိပေါ်ရဲ့စကားကြောင့် ဟောက်ရွှမ်းက မျက်ဖြူလှန်ပြတယ်...ကြောက်စရာကောင်းလိုက်တာ...သူ့အကိုက အပေါ်ထပ်ကရော ဟုတ်ရဲ့လား...

"ဥက္ကဌ ဘာမှ မစစ်ကြည့်ရသေးဘူးလေ..."
ရိပေါ်က ဖိုင်တွေကိုကြည့်တောင်မကြည့်ဘဲ လက်မှတ်တွေ စွတ်ထိုးနေတာမို့ ကျိရန်က လျှာဝင်ရှည်တယ်...အကြောင်းသိ ဟောက်ရွှမ်းကတော့ နောက်လုပ်ရမယ့် projectကိုပဲပြန်စစ်နေတယ်..
"ငါက ဖြတ်ခနဲ ကြည့်တာနဲ့ အလွတ်ရတယ်..."
"အော် ဟုတ်..."

ဥက္ကဌက ရုပ်တည်ကြီးနဲ့ ငပေါကြီးလို့ ကျိရန်စိတ်ထဲက မှတ်ချက်ချတယ်...စီနီယာ ဟောက်ရွှမ်းလိုပဲ...

ဟောက်ရွှမ်းတို့အခန်းထဲကနေ ထွက်သွားတာနဲ့ ရိပေါ်စိတ်မထိန်းနိုင်တော့ပဲ ဆိုဖာပေါ်ထိုင်နေတဲ့ ရှောင်းကျန့်ကို ဆွဲဖက်လိုက်တယ်...နောင်ခါလာနောင်ခါဈေးပဲ...မထိန်းနိုင်တော့ဘူး...

"ငယ်လေး..."
ဆူအောင့်အောင့် အသံလေးထွက်လာတော့ သူက ကိုကို့လည်ပင်းကြားကို မျက်နှာဝှက်လိုက်တယ်...

Lovely StrangersWhere stories live. Discover now