Episode 21

523 49 3
                                    

ရိပေါ်ထွက်သွားပြီးတဲ့နောက် ရှောင်းကျန့် အရုပ်ကြိုးပြတ်လဲကျတယ်..တစ်လလုံးလုံး သူပြင်ဆင်ထားခဲ့တာ တကယ်တမ်းကျ အဆင်သင့်ဖြစ်မနေခဲ့ဘူး...ကျောပြင်ကျယ်ကို ပြေးဖက်လို့ မသွားပါနဲ့လို့ ပြောလိုက်ချင်စိတ်ကို မြိုသိပ်ရင်း မျက်လုံးကို မှိတ်ထားမိတယ်....ရင်ထဲက စူးတက်လာတဲ့ခံစားချက်ကိုလျစ်လျူရှုရင်း အရာအားလုံးပြီးသွားပြီဆိုတာကို သူခက်ခက်ခဲခဲ ယုံကြည်ဖို့ကြိုးစားရတယ်...

မျက်ရည်တသွင်သွင်စီးအောင်ငိုခဲ့ရသမျှ အခုတော့ မျက်ရည်ကကျမလာတော့သလို ငိုလို့လည်းမရတော့ဘူး...ရင်ထဲမှာ တင်းကြပ်ပြီး ငါလုပ်နိုင်တာ မှန်သမျှ ပြီးဆုံးသွားပြီဆိုတဲ့ ခံစားချက်ကပဲနေရာယူထားတယ်...သူ့ဘဝထက်ပိုချစ်ခဲ့လို့ ရိပေါ်ကို အဝေးကို တွန်းပို့ခဲ့တာ တချိန်ကျ ကလေးငယ်နားလည်မှာပါ...ဆုတောင်းတွေကို သူမယုံပေမယ့် သူ့ရဲ့အဝေးမှာ ကလေးငယ် အဆင်ပြေပါစေလို့ သူဆုတောင်းမိတယ်...သူကတော့ အဆင်မပြေလည်း ရပါတယ်...

တိတ်ဆိတ်နေတဲ့ အိမ်လေးထဲ ရွှေအိုရောင် ကောင်လေးရဲ့ အရိပ်တွေက နေရာယူတယ်...သူ့ကို လှည့်ပြုံးပြနေတဲ့အရိပ်တွေ...

"အား!!!!"
အသံကုန်ဟစ်လို့အော်ရင်း ရှောင်းကျန့် မတ်တပ်ရပ်တယ်...သူဒီမှာ မနေနိုင်တော့ဘူး...လောလောဆယ်သူမေ့သွားဖို့လိုအပ်တယ်...သူမူးနေရင် အရာအားလုံးမေ့သွားမှာ...

ပိုက်ဆံအိတ်ကိုလှမ်းယူရင်း အရက်ဆိုင်ကို ခြေဦးတည့်တယ်....အသည်းကွဲရင် အရက်ကအဖော်ဆိုတာ နောက်နေကြတာမဟုတ်ဘူးပဲ...သူတကယ်မူးဖို့လိုအပ်တယ်...ခနပဲဖြစ်ဖြစ်...

ရိပေါ်အချိန်ပိုင်းအလုပ်လုပ်နေကျ ဆိုင်ရှေ့ရောက်တော့ သူ့ခြေထောက်တွေ ခြေစုံရပ်မိတယ်...အထဲမှာများရှိနေမလား...ဝင်သွားသင့်သလား...မိနစ်အနည်းငယ်ကြာအောင် ဦးနှောက်တစ်ခုလုံးအလုပ်များပြီးတဲ့နောက် သူရှေ့ဆက်ပြီးပဲ ခြေလှမ်းတယ်...ဘယ်လိုလုပ်ရှိနေနိုင်ပါ့မလဲ...ငယ်လေးရဲ့အဖွားဆိုတဲ့မိန်းမကြီး ခေါ်သွားလောက်ပြီပေါ့...

ရှေ့ခပ်လှမ်းလှမ်းမှာ ကောင်လေးနှစ်ယောက် လက်ချင်းချိတ်လို့ စနောက်ပြီးသွားနေတဲ့ ပုံရိပ်က သူ့ကိုလာကျီဆယ်ပြန်တယ်...ဒီလမ်းတွေဟာ ငယ်လေးလက်ပုတိုတိုလေးကတည်းက သူနဲ့အတူလျှောက်ခဲ့တဲ့ လမ်းတွေမို့ သတိရစိတ်ကပိုတိုးတယ်...ကြာရင် သူရူးသွားတော့မယ်ထင်ပါရဲ့....

Lovely StrangersWhere stories live. Discover now