ရှောင်းကျန့်နဲ့ ကျန်းချန်က ငယ်ငယ်ကတည်းက မိဘမဲ့ ဂေဟာမှာ အတူကြီးပြင်းလာတဲ့ သူငယ်ချင်းနှစ်ယောက်..အသက်လည်း သိပ်မကွာတာမို့ တခြားကလေးတွေထက် သူတို့နှစ်ယောက်က ပိုပြီးရင်းနှီးခဲ့ကြတယ်..လိမ္မာလွန်းလှတဲ့ သူတို့နှစ်ယောက်ကိုလည်း ဂေဟာက ဆရာမကြီးတွေက အချစ်ပိုကြတယ်...အသက်10နှစ်မှာ ပန်းချီကို ကောင်းကောင်းဆွဲနိုင်နေပြီဖြ့စ်တဲ့ ရှောင်းကျန့်က တကယ့် ပါရမီရှင်...အသက်15နှစ်လောက်ရောက်ရင် ဂေဟာနဲ့ ချိတ်ထားတဲ့ မူကြိုတစ်ခုမှ ပန်းချီဆရာဝင်လုပ်ရင်း သင်တန်းပြန်ပြပြီး ပိုက်ဆံရှာချင်တာ ရှောင်းကျန့်ရဲ့ ကလေးစိတ်ကူးလေး...ပြီးရင် ရသမျှပိုက်ဆံကို ဂေဟာကို လှူမယ်လို့ရိုးရိုးလေးပဲ စဉ်းစားထားတယ်....မုန့်တွေလုပ်တာ စိတ်ဝင်စားတဲ့ကျန်းချန်ကလည်း သူ့လိုပဲ စိတ်ကူးရှိလေတယ်..ဂေဟာမှာပဲ ကြီးပြင်းလာတဲ့ သူတို့အတွက် ဂေဟာကို အရမ်းပဲခင်တွယ်တာ မထူးဆန်းပါဘူး...
"ကျန်းချန်..."
"အော..."
ပါးဖောင်းဖောင်းလေးရယ် ယုန်သွားလေးရယ် နှုတ်ခမ်းအောက်က မှဲ့နက်လေးရယ်နဲ့ ကေလးငယ်ရှောင်းကျန့်က အရမ်းချစ်ဖို့ကောင်းတယ်...
"မက်မွန်သီးသွားခူးရအောင်..."
"မသွားချင်ဘူး..."
ခုတင်ပေါ်လှဲနေတဲ့ ကျန်းချန်ကလေးက ပျင်းတိပျင်းရွဲငြင်းတယ်...
"လာပါ..ငါခူးကျွေးပါမယ်..."
"မာသာတို့ ရိုက်လိမ့်မယ်နော်...မာသာကြီးက အပင်တက်တာ မကြိုက်ဘူး..."
ဂေဟာက ဆရာမတွေကို သူတို့က မာသာလို့ပဲ ခေါ်ကြတယ်...ဂေဟာရဲ့အကြီးဆုံး ဆရာမကြီးကတော့ မာသာကြီးပေါ့...
"ရိုက်ရင်လည်း ငါပဲအရိုက်ခံမယ်..လာပါကွာ..."
"မင်းကလေ..မင်းအရိုက်ခံရတော့ ငါက ကြည့်နေနိုင်တာကျလို့..လာ...လာ...သွားမယ်...ယုန်ပေါ..."
အာ့နေ့မှာ ရှောင်းကျန့်ဘဝထဲကို မှီတွယ်စရာ ကျန်းချန်အပြင် နောက်တစ်ယောက်ဝင်ရောက်လာခဲ့တယ်..နှင်းတွေခပ်ဖွဲဖွဲကျနေတဲ့ မနက်ပိုင်းတစ်ခုပေါ့...နှင်းတွေကြားပြေးေဆာ့ရင်း ရှောင်းကျန့်နဲ့ ကျန်းချန်က ဂေဟာရဲ့အနောက် ခပ်လှမ်းလှမ်းက မက်မွန်ပင်ကြီးဆီ ဦးတည်နေကြတယ်...
"အယ်...ဘာလေးတုန်း..."
ကျန်းချန်ရဲ့ အသံကြောင့်ကြည့်မိတော့ မက်မွန်ပင်အောက်မှာ လုံးလုံးလေး...သေချာအနားတိုးကြည့်မှ ကလေးလေးတစ်ယောက်...
"ကလေးလေးပါလား..."
ရှောင်းကျန့်အမြန်ပြေးသွားလိုက်တယ်...ကလေးက ချမ်းလို့ထင်ပါရဲ့...ဒူးလေးနှစ်ဖက်ပိုက်ပြီး..ငြိမ်နေတယ်...အစိမ်းရောင်ဆွယ်တာ ခေါင်းစွပ်အနီလေးနဲ့ ကလေးလေးကို ရှောင်းကျန့် မြင်မြင်ချင်းချစ်သွားတယ်...
ဖြူဖွေးနေတဲ့ အသားရေကြောင့် နှင်းလုံးလေးလို့ ရှောင်းကျန့် နာမည်ပေးလိုက်တယ်...
"နှင်းလုံးလေး..ဘာလုပ်နေတာလဲ..."
မျက်လုံးရွဲကြီးရယ် ပါးဖောင်းဖောင်းကြီးရယ် ပိုင်ဆိုင်ထားတဲ့ ကလေးလေးက ရှောင်းကျန့်ကို ပိုအချစ်တိုးစေတယ် ..
"ထိုင်နေတာ...."
"အင်းလေ...မားမားတို့ရော..."
"ရှိဘူး..."
"ဟမ်..."
"ဘယ်လိုရောက်လာတာလဲ..."
"သိဘူး..."
ရှောင်းကျန့်စိတ်ပျက်စွာ ကျန်းချန်ကို မော့ကြည့်တယ်...ကျန်းချန်က သူလည်းမသိဘူးဆိုတဲ့ သဘောနဲ့ ပုခုံးတွန့်ပြတယ်...
"အာ့ဆို နာမည်ကရော..."
"အိပေါ်...ဝက်အိပေါ်..."
"ဟမ်...အိပေါ်...ဝက်အိပေါ်လား..."
"အိပေါ်ဟုတ်ဘူး...အိပေါ်...တစ်လို့ပြောတဲ့ အိ...ဝက်ဟုတ်ဘူး...ဝက်..."
စကားကမပီတာကို ကြိုးစားပြီးပြောနေတာမို့ ရှောင်းကျန့်ပြုံးလိုက်မိတယ်...
"အော် ရိပေါ်...ဝမ်ရိပေါ်...ဟုတ်လား..."
"အင်း...ကိုကိုက ချစ်စရာကောင်းတယ်..."
ကလေူက တစ်ပြန်တက်နေတာမို့ ရှောင်းကျန့် အချစ်ပိုစွာ ပါးလေးကို ဆွဲလိုက်တယ်...
"ကိုကိုတို့ နှင်းလုံးလေးရဲ့ မားမားတို့ဆီ လိုက်ပို့ပေးမယ်...သွားမလား.."
"ဘယ်နားမှာလဲ သားသားသိဘူး..."
ခေါင်းလေးခါရင်း ပြောနေတဲ့ ကလေးကြောင့် ရှောင်းကျန့်စိတ်တော့ ညစ်သွာတယ်...
"ဒါဆို ဒီမှာ တူတူစောင့်ပေးမယ်နော်...ကိုကိုတို့ အတူတူဆော့ရင်းစောင့်ကြမယ်ကောင်းလား..."
"အော...ကောင်းတယ်..."
ရှောင်းကျန့်နဲ့ ကျန်းချန်က လာရင်း မက်မွန်သီးခူးတဲ့ကိစ္စကိုမေ့လို့ နှင်းဖြူလုံးလေးနဲ့ အတူတူ ဆော့ပေးနေကြတယ်...တဖြည်းဖြည်း နေတောင်မြင့်လို့ နှင်းတွေလည်း ကွဲသွားပြီ...သူတို့လည်း ဗိုက်ဆာနေကြပြီပေါ့...
"နှင်းလုံးလေး ဗိုက်ဆာပြီလား..."
"နှင်းလုံး ဟုတ်ဘူး...အိပေါ်ပါဆို..."
"အေးပါကွာ အိပေါ်ရာ...ကိုကိုက ချစ်လို့ကို...ဗိုက်ဆာနေပြီလား..."
"အော...ဆာနေပြီ..."
"ရှောင်းကျန့် ငါတို့ သူ့ကို ဂေဟာပဲ ခေါ်သွားရအောင်...ပြီးမှ မာသာတို့ကိုပြောပြီး ထမင်းကျွေးလိုက်မယ်..."
"အေးအေးကောင်းတယ်..."