Episode 11

677 69 5
                                    

လွန်ခဲ့တဲ့ နှစ်20လောက်က ရှောင်းကျန့်ဟာ သားသည်အမေကြီးလို ကလေးလေးတစ်ယောက်ကိုပြုစုပျိုးထောင်ခဲ့ပါသတဲ့...အခုတော့ ရိပေါ်အလှည့်ပေါ့...

အစည်းအဝေးခန်းကနေ လေအဟုန်လို လျင်မြန်ခြင်းနဲ့ သူ့ရုံးခန်းဆီပြန်လာခဲ့တယ်...မျက်နှာက‌လည်း ပြုံးလို့...ရုံးခန်းထဲ ရောက်တာနဲ့ သူ့ရဲ့ လှုပ်ရှားမှုအားလုံးနူးညံ့ခြင်းဘက်ကို ကူးပြောင်းတယ်...အသည်းအသက်က အိပ်ပျော်နေလေရဲ့...

ခြေလှမ်းတွေရဲ့ လှုပ်ရှားမှုကို ဂရုစိုက်လို့ ဆိုဖာနားကို ချဉ်းကပ်တယ်...ရှောင်းကျန့်ဟာ သူ့အတွက် အေးချမ်းခြင်းဇုန်လေး...မိုးရွာပြီးကာစ မြေသင်းနံ့လေးတွေနဲ့ လတ်ဆက်နေတုန်း သက်တန့်ကြီးကို ငေးကြည့်နေရတဲ့ ခံစားချက်မျိုး...သိပ်ပြီး ပြီးပြည့်စုံတယ်...

"ကော! ရိပေါ်ကော..."
သူ့ကမ္ဘာကြီး မြည်ဟီးသွားတယ်...ရှောင်းကျန့် အအိပ်မဆတ်တာ သိနေပေမယ့် လန့်ဖျန့်နိုးမလာအောင် ရင်ဘတ်ကို ပုတ်လို့ တကျွတ်ကျွတ်စုတ်သပ်ရင်း အခန်းတံခါးဝဆီ မျက်စောင်းလှည့်ထိုးဖို့လို့ မေ့မနေခဲ့ဘူး..အမောတကောပြေးလိုက်လာပုံရတဲ့ ဟောက်ရွှမ်းက တံခါးဝက ခေါင်းလေးပြူရင်း သူ့လုပ်ရပ်မှားသွားပုံနဲ့ ပါးစပ်လေးကို လက်လေးနဲ့ကာထားတယ်..ရှောင်းကျန့် အသက်ရှူသံ မှန်မှန်နဲ့ အိပ်ပျော်နေတော့မှ ရိပေါ်က အသာထရပ်လို့ ခြေလှမ်းဖော့‌နင်းရင်း အခန်းပြင်ထွက်တယ်...
"ခေါင်မိုးထပ်သွားမယ်..."
"အော...ဟုတ်..."

"ငါတို့ ညနေကွန်ဒိုကိုပြောင်းနေမလို့..."
ဒီစကားပြောမယ်လို့ မထင်ထားတဲ့ ဟောက်ရွှမ်းက မျက်လုံးလေးဝိုင်းသွားတယ်...
"ဘာလို့လဲကော...ကျွန်တော် တစ်ယောက်တည်းကျန်နေခဲ့မှာပေါ့...မနေပါနဲ့ ကောရယ်.."
"ကိုကိုက အိမ်တော်မှာ နေလို့အဆင်ပြေပါ့မလားပဲ...သူမနေချင်ဘူး..."
"ကောကလည်း...ကျွန်တော်ပြောကြည့်မယ် ရှောင်းကျန့်ကောကို....နောက်တော့ သူပျော်သွားမှာပါ...လေးလေးကျန်းတို့ကလည်း ရှောင်းကျန့်ကောကို ဂရုစိုက်မှာပါကောရဲ့..."
"ဒါပေမယ့်..."
"ကျွန်တော် နှောင့်ယှက်မှာစိုးလို့လား...ကျွန်တော် အလိုက်သိပါတယ်..."

Lovely StrangersWhere stories live. Discover now