Episode 27

502 51 1
                                    

ဧည့်ခန်းထဲက ဆိုဖာပေါ် ခြေပစ်လက်ပစ် ဝင်ထိုင်လိုက်ရင်း ခေါင်းက ဆံပင်တွေကို ဆွဲဖွပလိုက်တယ်...သူထင်သမျှတွေက အရာအားလုံးလွဲနေခဲ့တယ်...Legoတွေဆက်ရတာ ကြိုက်တဲ့ သူက ဒီဝမ်မိသားစုရဲ့ ပဟေဠိတွေကိုတော့အဖြေရှာဖို့ ဝေးနေတုန်းပဲ...

သူထုတ်ပြလိုက်တဲ့ ဦးလေး၂ရဲ့ ဓာတ်ပုံကို ယူကြည့်ပြီးတဲ့နောက်မှာ သူမျှော်လင့်ထားတဲ့ အဖြေမဟုတ်ခဲ့ပြန်ဘူး...

"ဒီကောင်လေးမဟုတ်ပါဘူး...အခုက အသက်ကြီးနေလို့ဆိုပေမယ့် ဒီရုပ်မဟုတ်ဘူး.."
ရိပေါ်က ခပ်မြန်မြန်ပဲ ဦးလေး၁ရဲ့ ပုံကို ဖွင့်လိုက်တယ်...
"ဒါဆို ဒီလူလား မဒမ်..."
"အေး...သူပဲ...မျက်ခုံးကောင်းကောင်းနဲ့ ကြည့်ကောင်းလွန်းတယ်..."
"မဒမ်ပြောတော့ ကြောက်ကြောက်လန့်လန့်နဲ့ လာတွေ့ရတယ်ဆို...အာ့ဒါသူပဲလား..."
"ဟုတ်တယ်လေ ဘာလို့လဲ..."
ရိပေါ်သိတဲ့ ဦးလေး၁က ကြောက်လန့်နေမယ့်သူမျိုးမှမဟုတ်တာ...ဒီလောက်ရက်စက်တတ်တာကို...ဒါပေမယ့်လည်း ဦးလေး၁ရက်စက်တာကို သူကြုံဖူးခဲ့တာလည်း မဟုတ်ပြန်ဘူး...ဟောက်ရွှမ်းရဲ့အပြောကြောင့်သာ...
"ဘာမှ မဟုတ်ပါဘူး...သူတို့ရဲ့ ကလေးအကြောင်းရော..မဒမ်ဘာကြားသေးလဲ..."
"ကောင်မလေး မွေးမယ့်ရက်က ငါသတိရလို့ ဖုန်းဆက်လိုက်သေးတယ်...သူ့အမျိုးသားက ကိုင်တယ်လေ...ကလေးရော အမေရော ကျန်းမာတယ်...ကလေးကယောက်ျားလေးတဲ့ ညာဘက်လက်ကောက်ဝတ်မှာ နီညိုရောင် အမှတ်အကြီးကြီးပါတယ်ဆိုပြီးပြောပြီး ဖုန်းချသွားတာပဲ...."
ဒါဆို ကလေးက အသက်ရှင်နေသေးတာပဲ...ဦးလေး၁ကရော ကလေးအသက်ရှင်နေမှန်း သိရက်သားနဲ့ ဘာလို့ လိုက်မရှာတာလဲ...အတွေးတွေ များရက်ကနေ ရိပေါ်နှုတ်ဆက်လို့ ပြန်ထွက်လာတယ်...နောက်ဆုံး အိမ်ကို ဘယ်လို ပြန်ရောက်လာမှန်း မသိတဲ့အထိပဲ...

"ကော...ပြန်ရောက်နေတာကြာပြီလား..."
ဘေးနားက ဟောက်ရွှမ်းအသံကြားမှ ရိပေါ်စိတ်တွေက လက်ရှိအချိန်ကိုပြန်ရောက်တယ်...ရေချိုးခေါင်းလျှော်ထားတဲ့ ဟောက်ရွှမ်းက မအေးသလိုမျိုး တီရှပ်လက်တိုလေးနဲ့ ဘောင်းဘီအတိုလေးကို ဝတ်ထားတယ်...သူနဲ့စတွေ့ကတည်း လက်ရှည်တွေပဲ ဝတ်တတ်တဲ့ ဟောက်ရွှမ်းက အခုမှ ဘာစိတ်ကူးပေါက်ပြီး လက်တိုလေးဝတ်ထားမှန်း မသိဘူး...ဒီလောက်အေးနေတာကို...

Lovely StrangersTempat cerita menjadi hidup. Temukan sekarang