Past Time
ချစ်သူဖြစ်ကာစ တီတီတာတာဆိုတာ သူတို့ကြားထဲမှာ မလိုခဲ့ဘူး...ဘာလို့လည်းဆို အရင်ကတည်းကရှိခဲ့တာမို့...ပိုတိုးလာတာက အချစ်တွေ...နဂိုကတည်းက ရင်ဘတ်ကြီးပွင့်ထွက်မတက်ချစ်တဲ့ ရှောင်းကျန့်က အခုတော့ အာ့ထက်ပိုချစ်လာတယ်...ယောက်ျားလေးတွေရဲ့အချစ်မို့ ချွဲနွဲ့ခြင်းတွေက သိပ်မရှိခဲ့ဘူး...အထူးသဖြင့် သူက ချွဲနွဲ့ရမှာကို သိပ်ရှက်တတ်တယ်...
ကိုယ့်ထက်အသက်ငယ်တဲ့သူကို ချစ်သူတော်ထားရတဲ့အပြင် အရာအားလုံးကို မတောင်းဆိုပါဘဲ လိုက်လျောပေးချင်တဲ့ ရှောင်းကျန့် အခုတော့ ကိုယ့်အပြစ်ကိုယ်ခံနေရတယ်...ဆိုင်ရောက်လို့ ထိုင်မရ ထမရ ကုန်းမရ ကွမရနဲ့ နေရခက်တဲ့အချိန်တိုင်း ခံချင်ဦးဟဲ့လို့ ကိုယ့်ဘာသာအပြစ်တင်ရင်းနဲ့ပဲ ညကျတော့လည်း...အင်း....ရှောင်းကျန့် အတွေးတွေကို ရပ်လိုက်ရင်း ဘေးမှာ ကိတ်လုပ်နေတဲ့ ရိပေါ်ကို မျက်စောင်းလှမ်းထိုးလိုက်တယ်...အခုရိပေါ်က ကျောင်းပိတ်ထားတာမို့ ကိတ်ဖုတ်တဲ့ တာဝန်ကိုယူပေးရင်း ရှောင်းကျန့်ကိုပါ အသားယူတတ်တယ်...
"ကိုကို ဘာလို့ မျက်စောင်းလှမ်းထိုးတာလဲ..."
ခရမ်တွေကို ဂရုတစိုက်ပုံဖော်နေရင်းမှ လှမ်းမေးနေတာမို့ ရှောင်းကျန့်မျက်လုံးလေးဝိုင်းသွားတယ်...
"ဘယ်လိုသိလဲ..."
"အချစ်ရယ် နှလုံးသားထဲထည့်ထားတာလေကွာ...မျက်တောင်ဘယ်နှချက်ခတ်သလဲကအစသိတယ်...."
"ဟား ဟား..ငယ်လေးကတော့ အပြောကောင်းလိုက်တာ..."
"ဟင့်အင်း အကောင်းပြောနေတာ..."
လက်မှာပေနေတဲ့ ခရင်မ်တွေကို ရှောင်းကျန့် နှာခေါင်းပေါ်သုတ်လိုက်ရင်း ရိပေါ်က ပြုံးတယ်...
"အာ...ပေကုန်ပြီလေ..."
"အင်း ပြန်သုတ်ပေးမယ်...ရှေ့တိုး..."
ယောင်နနလေးနဲ့ ရှောင်းကျန့်ရှေ့တိုးတော့ ရိပေါ်က လျှာဖျားလေးနဲ့ ရှောင်းကျန့်နှာခေါင်းကိုတို့ထိရင်း ဖိစုပ်တယ်...ပြီးတော့ နှုတ်ခမ်းချင်းထိစပ်ရင်း ရှောင်းကျန့်ပုခုံးကိုဖိချလို့ ကောင်တာအောက်မှာထိုင်လိုက်တယ်...ခပ်ကြာကြာနမ်းပြီးမှ ရှောင်းကျန့်နှုတ်ခမ်းကို မလွှတ်ချင်လွှတ်ချင်လွှတ်ရင်း သူ့ကို ရီဝေဝေစိုက်ကြည့်လာတယ်...