လေယာဉ်ပေါ်တက်ပြီးတဲ့အခါ တကယ်ဝေးကြရတော့မှာလားဆိုတဲ့ အတွေးကခြောက်လှန့်လာတယ်...ပြန်ပြေးသွားဖို့ကြပြန်တော့လည်း သူ့ရဲ့ယောက်ျားမာနက တင်းခံနေပြန်တယ်...ပြီးတော့ ရှုပ်ယှက်ခတ်ပြီး အခုထိ နားလည်ဖို့ကြိုးစားနေရဆဲဖြစ်တဲ့ အခြေအနေတွေ...အသက်အန္တရယ်နဲ့ယှဉ်လာတဲ့အခါ ကိုယ့်အဝေးမှာ သူအေးချမ်းစွာအသက်ရှင်နေသေးတယ်ဆိုတဲ့အသိက ရင်ကို နာကျင်လျက်နဲ့ကပဲ နွေးသွားစေပြန်တယ်...
"ကော..."
မျက်စိရှေ့ကို လက်ယမ်းပြရင်း ဘေးက ခပ်တိုးတိုးခေါ်သံကြောင့် လှည့်ကြည့်မိတော့ မျက်ခုံးနက်နက် နှာတံစင်းစင်းနဲ့ ကောင်လေးက ပြုံးပြတယ်...ဒီရက်ပိုင်းသူတွေ့ခဲ့ရသမျှထဲမှာ ဒီအပြုံးကဖော်ရွေလွန်းတယ်...ပြီးတော့ နွေးထွေးတယ်...
"ကျွန်တော်က ဟောက်ရွှမ်း...ကောရဲ့ တစ်ဝမ်းကွဲညီ...ကောနဲ့ USမှာကျောင်းအတူတက်မှာလေ..."
ကမ်းပေးလာတဲ့လက်ကို ငေးကြည့်ရင်း တွေးမိတာက ညီအကိုအရင်း အချင်းချင်းတောင်လုပ်ကြံနေကြတဲ့ ဝမ်မိသားစုမှာ ဒီညီဝမ်းကွဲလေးကို သူဘယ်နှရာခိုင်နှုန်းလောက် ယုံကြည်ခွင့်ရှိပါသလဲလို့ပေါ့..."ကျွန်တော့ကို ယုံရပါ့မလားတွေးနေတာလား..ဒီလက်ကို ဆုပ်ကိုင်ကြည့်ပါကော...ကောရဲ့ ရှောင်းကျန့်ကောလောက် နွေးထွေးမှုပေးနိုင်မလား မသေချာပေမယ့် ကျွန်တော်လည်း မေတ္တာငတ်ခဲ့ရတဲ့ သူပဲမို့ အပြန်အလှန်နွေးထွေးနိုင်ပါတယ်ကောရဲ့..."
"မင်းက ရှောင်းကျန့်ကိုသိတယ်လား..."ပေါင်ပေါ်က သူလက်တစ်ဖက်ကို ဆွဲယူရင်း ခပ်သာလှုပ်ရမ်းပြီး သွားတန်းလေးတွေပေါ်တဲ့အထိပြုံးတယ်...
"သိတာပေါ့ ကောရဲ့...ဝမ်မိသားစုတွေအားလုံး ရှောင်းကျန့်ကိုသိကြတယ်...အာ့ဒါကြောင့် ကောက ကာကွယ်ဖို့လိုတာပေါ့...ခုနက ရှောင်းကျန့်ကောဆီပြန်ပြေးဖို့ ကောတွေးမိသွားတယ်မလား...ကောသာဒီလေယာဉ်ပေါ်က ဆင်းသွားရင် အိမ်တောင်မရောက်လိုက်ရဘူး ရှောင်းကျန့်ကောကို စွန့်လွှတ်လိုက်ရမှာ..."
"ဟောက်ရွှမ်း...ဘာတွေက အာ့လောက် ကြောက်စရာကောင်းနေတာလဲ...လူတစ်ယောက်ကို သတ်ပစ်ဖို့ အာ့လောက်လွယ်တာလား..."
"ကော လူသတ်တာကို ဘယ်လောက်လွယ်တယ်လို့ သတ်မှတ်ထားလဲ...ကောတွေးထားတာထက် အဆများစွာ လွယ်ကူအောင် ဝမ်မိသားစုကလူတွေ...အင်း...အထူးသဖြင့် ဦးလေး၁နဲ့ အဖွားပေါ့...သူတို့က လုပ်နိုင်တယ်..."
"ငါ့မိဘတွေဘယ်လိုဖြစ်သွားတာလဲ မင်းသိလား..."
"ကျွန်တော့အဖေပြောပြသလောက်တော့ သိတာပေါ့..."
"ငါ့ကို ပြောပြမလား..."
"အင်း...ပြောရရင်တော့ ဦးလေး၁ လက်ချက်လို့တော့ အဖွားက ပြောတယ်...ကားအက်ဆီဒင့်လေ...လုပ်ရတာ အလွယ်ဆုံးပေါ့...ကောရဲ့အမေကျ အဆိပ်ခတ်ခံရတာ...အဆိပ်ခတ်မခံရခင် မနက်မှာကောကို မိဘမဲ့ဂေဟာပို့ခဲ့ကြတာပေါ့..."
"အဖွားက ဦးလေး၁ကို ဘာမှမလုပ်ဘူးလား...အခု ငါ့ကို ဘာလို့ ပြန်ခေါ်တာလဲ..."
"ဦးလေး၁က အရမ်းကို အင်အားကြီးတယ်ကောရဲ့....သူက ဝမ်မိသားစုရဲ့ လုပ်ငန်းအားလုံးကို လိုချင်နေတာ...ဖြစ်နိုင်ရင် အဖွားကိုပါဖယ်ပစ်ဖို့ကြိုးစားနေပေမယ့် အဖွားက သူ့ဟာသူတော့ အင်အားကြီးတဲ့ ဝမ်သခင်မကြီးဆိုတော့ မလွယ်ဘူးပေါ့ ကောရယ်...အာ့တော့ USကလုပ်ငန်းတွေကို ကောနာမည်နဲ့ တရားဝင်လွှဲထားပေးပြီးသားဆိုတော့ သူထိလို့မရတော့ဘူး...ဒါပေမယ့် သူက ကောကို လုပ်ကြံဖို့ကြိုးစားမှာပဲ...အဖွားရဲ့အရိပ်မှာဆိုတော့ ထင်သလောက်တော့မလွယ်ဘူးပေါ့..."
"ငါ ဦးလေး၁ကိုပြန်လွှဲပေးလိုက်မယ်...ပြီးရင် ငါပြန်ပြီး ကိုကိုနဲ့ အေးအေးချမ်းချမ်းနေမယ်..အာ့လိုမရဘူးလားဟောက်ရွှမ်း..."
"ကောရယ်...အာ့ကျ အဘွားက လက်ပိုက်ကြည့်နေမှာလား..တကယ်တော့ သားဆိုးတယ်ဆိုတာလည်း အမေတူလို့တဲ့ လူတွေကပြောကြတယ်...ကော ဒီမှာနေရင် ဦးလေးက အဖွားကိုရှိန်လို့ ကောကို ရန်ပြုဦးမှာ မဟုတ်ဘူး...ကောက ပြန်ပြေးမယ်ဆိုရင်တော့ ကောရင်ဆိုင်ရမှာ စစ်မျက်နှာနှစ်ခုဖြစ်သွားပြီ...ဓားစာခံကတော့ ရှောင်းကျန့်ပေါ့..."
"အခု ဦးလေး၁က ဘယ်မှာလဲ..."
"USမှာ..."
"ဘာ..."
"ကော...ရှောင်းကျန့်ကောကို ချစ်ရင် ကော အင်အားကြီးမှဖြစ်မယ်...အဖွားကိုရော ဦးလေး၁ကိုရော အနိုင်ယူရမယ်..."
"မင်းကရော...မင်းက ငါ့ကို မမုန်းဘူးလား...ငါသာမရှိရင် ဒီနေရာက မင်းအတွက်ပဲမလား..."
"ကောသိလား...ကျွန်တော့အဖေက တစ်လကို ယွမ်သိန်းငါးထောင်လောက်မုန့်ဖိုးပေးနိုင်တယ်...ကောလည်းကျွန်တော့ကို မုန့်ဖိုးအာ့လောက်အမြဲပေးရမယ်...ပြီးတော့ မေတ္တာ...ကျွန်တော်က ငွေထက် သွေးရင်းတဲ့ မိသားစုဘဝကို မက်မောတာ...အာ့ဒါကြောင့် ကောက ကျွန်တော့ကို သိန်းငါးထောင် အပေါင်း မေတ္တာပဲပေး...ကျွန်တော် တစ်သက်လုံးကောနဲ့နေမယ်..."
မျက်စိတစ်ဖက်မှိတ်ပြရင်း ပြောလာတဲ့ကောင်လေးရဲ့ ဆံပင်တွေကို ထိုးဖွလိုက်တယ်...ဒီလိုမိသားစုမှာ ဒီကောင်လေးက မွေးမလာသင့်ဘူး...
#######