Episode 2

1K 93 0
                                    

Shopping mallအသစ်ဖွင့်ပွဲဆီကိုဦးတည်နေတဲ့ ကားပေါ်မှာထိုင်ရင်း ရိပေါ်အတွေးတွေများနေတယ်...ပေကျင်းကို ပြန်ရောက်တာ တစ်ပါတ်ပဲရှိသေးပေမယ့် ရှောင်းကျန့်ဆိုတဲ့ လူ နေနေတဲ့ အရပ်ကို နေ့တိုင်းသွားကြည့်မိတယ်...အလုပ်မအားရင်တောင် ညသန်းခေါင်ရောက်အောင်သွားမိတဲ့အထိ...သူ့ကို သံယောဇဉ်ပြတ်ပါပြီလို့ပြောပြီး နှင်လွှတ်ခဲ့တဲ့လူက အခုထိသူတို့နှစ်ယောက်ရဲ့အိမ်လေးမှာ နေနေတုန်း...သူမရှိတော့တာကလွဲရင် အရာအားလုံးက ဘာမှမပြောင်းလဲခဲ့ဘူး...သူ့ကို မေ့နိုင်သွားပြီလားလို့ တွေးမိပြန်တော့လည်း မဟုတ်ဘူးလို့ သူ့နှလုံးသားကဖြေနေတယ်...အာ့လူကလေ သူ့ကိုစိုးမိုးနိုင်လွန်းတယ်....၅နှစ်လုံးလုံးသူကသာ အဝေးကနေ စုံစမ်းပြီး ဓာတ်ပုံတွေနဲ့ အလွမ်းဖြေနေရပေမယ့် ရှောင်းကျန့်ကတော့ အေးအေးဆေးဆေး သူ့တစ်နေ့တာကို ဖြတ်သန်းနေတာပဲ...မတရားလိုက်တာ....သူ့မှာတော့ အလူးလူးအလဲလဲခံစား‌ေနရတုန်း..

*Beep*
ဖုန်းသံမြည်လာလို့ ကြည့်လိုက်တော့ ဆူဇီ...ဆူဇီက သူ့ကို တစ်ဖက်သက်စွဲလန်းနေတဲ့ လုပ်ငန်းရှင်တစ်ယောက်...အကျိုးတူစီးပွားတွေလည်း အများကြီး လုပ်ထားသေးတာမို့ ရိပေါ်ပစ်ပစ်ခါခါလုပ်လို့မ‌ရသေးဘူး...ရှောင်းကျန့်က လွဲရင် ဘေးမှာ ဘယ်သူမှ မရှိစေချင်တာ ငယ်ငယ်ကတည်းက စိတ်ဆန္ဒ...

"ဆူဇီ...ပြောပါ..."
"ရိပေါ်...ဆူဇီ့ကို ဝင်ခေါ်ပေးမလား..."
"ဆောရီး...ဆူဇီ...ကိုယ်က mallကို ရောက်တော့မှာ.."
"အာ...ဟုတ်လား...အာ့ဆို ဆူဇီကိုယ့်ဘာသာပဲ ထွက်လာလိုက်တော့မယ်..."
"အိုခေ..."
ဖုန်းကို ပိတ်လိုက်ရင်း သက်ပြင်းချလိုက်တယ်..ဒီလောက်စောင့်ကြည့်နေတဲ့ မျက်လုံးတွေကြားထဲ rumorမထွက်ချင်ပေမယ့် ဆူဇီကတော့ ဒီယုန်မြင်လို့ ဒီချုံထွင်နေတဲ့ အကွက်မို့ ရိပေါ်ကလည်း ပုတ်ထုတ်လိုက်ရတာ..ရှောင်းကျန့်သာ ဘေးမှာဆို နှုတ်ခမ်းလေးစူပြီး သဝန်တိုနေဦးမှာလို့တွေးမိရင်း မနမ်းရတာကြာနေတဲ့ နှုတ်ခမ်းတစ်စုံကို လွမ်းမောမိနေပြန်တယ်...

၅နှစ်အတွင်းသူ့ရဲ့ ကြိုးစားမှုတွေအတွက် mallရှေ့က လူအုပ်ကြီးက သက်သေပဲ...Leo Wangဆိုတဲ့ bannerကိုကိုင်ရင်း သည်းသည်းလှုပ်အော်ဟစ်နေကြတဲ့ ကောင်မ‌ေလးတွေကို မင်းတို့အရမ်းလိုချင်နေပါတယ်ဆိုတဲ့ ကောကောကို အတင်းနှင်လွှတ်ခဲ့တဲ့ အသဲမာတဲ့ လူကြီးတစ်ယောက်အကြောင်း ကြုံရင်ပြောပြချင်သေးပါတယ်...

Lovely StrangersWhere stories live. Discover now