Episode 20

536 49 6
                                    

ရိပေါ်က ခုတင်ပေါ်မှာ ဒူးထောင်လို့ထိုင်ရင်း ခေါင်းကို ဒူးပေါ်မှောက်ချထားတယ်...ခပ်လှမ်းလှမ်း လမ်းမီးတိုင်က ဖြာကျနေတဲ့ အလင်းရောင်ကလွဲလို့ တခန်းလုံးမှောင်မဲလို့...သူ့ဘေးနားက အိပ်ယာနေရာကလည်း အေးစက်နေတယ်...ကိုကိုက သူ့ကိုမချစ်တော့ဘူး ပစ်‌ထားပါတယ်လို့ ကလေးလိုခြေဆောင့်ပြီး ငိုပစ်ချင်လိုက်တာ...

တကယ်လက်တွေ့အမှန်တရားတစ်ခုအဖြစ် ရှောင်းကျန့်ဟာ တကယ်ကို ပြောင်းလဲနေပြီ....တစ်အိမ်လုံးမှာ လူနှစ်ယောက်တည်းရှိနေပေမယ့် ရိပေါ်နဲ့ရှောင်းကျန့်မျက်နှာချင်းမဆိုင်ဖြစ်တာ ရက်သတ္တပါတ်လောက်ရှိနေပြီ...အကြောင်းပြချက်က အလုပ်များလို့...ပန်းချီကားအပ်တဲ့လူတွေများနေတာမို့...ရိုးရိုးအလုပ်များတာလို့ထင်တဲ့ သူက ပုံမှန်အတိုင်း ရှောင်းကျန့်ပန်းချီဆွဲတဲ့အချိန် ခါးကို ဖက်လို့ ကျောပေါ်မှီဖို့‌ကြိုးစားနဲ့အခါ ကိုကိုက တားမြစ်တယ်..အာရုံစိုက်မရလို့ မနှောင့်ယှက်နဲ့ရိပေါ်တဲ့ ...ငယ်လေးလို့တောင် မခေါ်တဲ့ ကိုကို့ကို ကလေးဆန်ဆန်စိတ်ကောက်စ်ဖို့အတွေးနဲ့ အခန်းထဲဝင်လာခဲ့ပေမယ့် နောက်ရက်တွေအထိ ကိုကိုက သူ့ကို မချော့ခဲ့ဘူး...မနေနိုင်တဲ့သူကပဲ မနက်စာတွေပြင်လို့ မနက်ခင်းအနမ်းနဲ့ နှုတ်ဆက်ဖို့ကြိုးစားမိတဲ့အခါ အပိုအလုပ်တွေမလုပ်စမ်းနဲ့ရိပေါ် အာ့လိုတွေလုပ်တာကို ကြာတော့ ငါမုန်းလာပြီတဲ့...မျက်လုံးတွေရဲတဲ့အထိ အံကြိတ်ထားတဲ့ကိုကို့ကြောင့်ရိပေါ် ကြောက်ကြောက်ရွံ့ရွံ့ နောက်ကိုဆုတ်မိတယ်...တကယ်တော့ ကိုကိုဟာ အလုပ်များလို့ သူ့ကို ပစ်ထားတာမဟုတ်ဘူး...သူ့ကိုပစ်ထားဖို့ အလုပ်တွေများနေတာပဲဖြစ်တယ်...

နောက်ပိုင်းတော့ရိပေါ်က ကိုကို့ကို လွှတ်ပေးလိုက်တယ်...အနည်းဆုံးတော့ ကိုကိုက သူ့ကို နှင်မထုတ်သေးဘူးဆိုတဲ့ မျှော်လင့်ချက်သေးသေးလေးနဲ့...

အရင်လို မနက်စာ အတူတူမစားဖြစ်တော့ဘူး...ကျောင်းသွားတဲ့လမ်းကလည်း တိတ်ဆိတ်လို့...သူဆိုင်ရောက်တဲ့အချိန်ကိုကိုက ဆိုင်မှာမရှိဘူး...တစ်အိမ်လုံးတိတ်ဆိတ်လို့ ညစာကိုလည်း မသေရုံတမယ်စားနေရတယ်...ဒါတွေအားလုံး တစ်လအတွင်း ဖြစ်ပျက်ခဲ့တယ်...မနက်ဖြန်ဆို တစ်လပြည့်ပြီ....လက်မခံချင်ပေမယ့် ဒါတွေအားလုံးတစ်ကယ်ဖြစ်နေခဲ့တယ်...

Lovely StrangersOpowieści tętniące życiem. Odkryj je teraz