ရိပေါ်ရဲ့ အချစ်ပေါ်ရင်ခုန်စိတ်လှုပ်ရှားမှုကို ၁၇နှစ်အရွယ်မှာ စခဲ့တယ်...အာ့နေ့က မှတ်မှတ်ရရ ကိုကို့ထက် သူအရင်နိုးတဲ့နေ့ပေါ့...ကိုကို့ထက်သူအရင် နိုးတဲ့နေ့ဆိုတာ လက်ချိူးရေလို့ရအောင်ရှားပါတာမို့...သူကမှတ်မိနေတာဖြစ်တယ်...
သူ့လက်မောင်းပေါ် ခေါင်းအုံးလို့အိပ်ပျော်နေတဲ့ ကိုကိုက နေရောင်ဖြာနေတဲ့ မနက်ခင်းရဲ့ ပန်းချီကားလေး...စိတ်ထဲက တင်စားမှုကို ကိုယ့်ဘာသာပြုံးလိုက်ရင်း ကိုကို့နဖူးပေါ်ဝဲကျနေတဲ့ဆံပင်တစ်ချို့ကို ဖယ်ပေးလိုက်တယ်...မျက်မှောင်လေးကြုံ့သွားပြီး သူ့လည်ပင်းကြားကို ခေါင်းလေးဝှက်ကာ ဆက်အိပ်နေတဲ့ပုံစံလေးက ကြောင်လေးတစ်ကောင်လိုမျိုး...သူပြုံးလိုက်မိပေမယ့် အပြုံးကပီပြင်မှာမဟုတ်တော့...လည်ပင်းကို ရိုက်ခတ်နေတဲ့ ကိုကို့ရဲ့ထွက်သက်လေက သူ့ရဲ့ ရင်ကို အခုန်မြန်စေတယ်...လူပျိုပေါက် သူဟာ ယောက်ျားတစ်ယောက်ရဲ့ အိပ်နေတဲ့ပုံစံကိုကြည့်ပြီး ရင်ခုန်နေပါတယ်တဲ့...လည်ပင်းကို နောက်ကို ခွာလိုက်ရင်း မျက်နှာချောချောကို ထပ်ငေးမိတော့ မသိမသာချွန်ထွက်လာတဲ့ နှုတ်ခမ်းလေးနဲ့ မှဲ့နက်လေးက သူ့ကို လာနမ်းလှည့်ပါလို့ ဖိတ်ခေါ်နေတယ်လို့ ရိပေါ်ထင်မိတယ်...တံတွေးကို မြိုချလိုက်ရင်း မဖြစ်သင့်ဘူးလို့တွေးမိပေမယ့် ရိပေါ်က လိမ္မာတဲ့ ကောင်လေးတစ်ယောက်တော့ ဟုတ်မနေခဲ့ဘူး...ငယ်ငယ်ကတည်းက ရှောင်းကျန့်ဆိုတာ သူအပိုင်လို့ ယုံကြည်ရင်း ကြီးပြင်းလာခဲ့တာမို့ သူမလုပ်ရဲတာ ဘာမှ မရှိတော့ဘူး...နှုတ်ခမ်းကို ထိကပ်ရုံနမ်းလိုက်တယ်...နိုးသွားမလားစိတ်ပူမိပေမယ့်...အသက်ရှူသံမှန်မှန်နဲ့ ဆက်အိပ်ပျော်နေတဲ့လူကြောင့် နောက်တစ်ကြိမ်ထိကပ်နမ်းလိုက်တယ်...ပိုသေချာသွားတဲ့ ရင်ခုန်သံနဲ့အတူ ရိပေါ်က ကိုကို့ကို ချစ်တယ်လို့ နားနားကပ်လို့ ခပ်တိုးတိုးပြောလိုက်တယ်...ဒီနေ့ကစပြီး ကိုကိုချစ်လာဖို့ သူကြိုးစားတော့မယ်...ကိုကိုက လူကြီးမို့ မဖြစ်နိုင်တာတွေ မဖြစ်သင့်တာတွေ တရားဟောဦးမယ်ထင်တယ်လို့ တွေးမိတော့ ရင်ထဲမှာ လေးသွားရတယ်....ဒါပေမယ့် သူက ဂရုမစိုက်ပါဘူး...ရအောင်အပိုင်သိမ်းမှာ...လိမ္မာတဲ့ ရိပေါ်လေးက ကိုကို့နှလုံးသားကို အပိုင်သိမ်းတော့မှာ...