Episode 31

574 38 9
                                    

ရောင်စုံမီးမှိန်မှိန်တွေကြား လူကုံထံရယ်လို့ နာမည်တပ်ပြီးသား လုပ်ငန်းရှင်တွေဟာ တောက်ပြောင်နေတဲ့ အဝတ်အစားတွေနဲ့....Pool partyတစ်ခုကို ကျင်းပနေကြတယ်။ ဘာစိတ်ကူးပေါက်‌တယ် မသိတဲ့ ရိပေါ်က party လာသမျှလူအားလုံးကို အရောင်စုံမျက်နှာဖုံးလေးတွေ တပ်ခိုင်းထားသေးတယ်။ Wang groupကကျင်းပတဲ့ partyက ကြီးကျယ် စည်ကားလွန်းတယ်။

ယုန်မျက်နှာဖုံးလေးတပ်ထားတဲ့ ရှောင်းကျန့်က ခပ်လှမ်းလှမ်းမှာ လုပ်ငန်းရှင်တွေနဲ့ စကားလက်ဆုံကျနေတဲ့ ခြင်္သေ့မျက်နှာဖုံးတပ်ထားတဲ့ ရိပေါ်ကို ငေးကြည့်နေတယ်။ Suitအနက်ရောင်နဲ့ ဆံပင်တွေကို သပ်ရပ်စွာဖီးသင်ထားတာမို့ အရင်နဲ့မတူပဲ လူကြီးဆန်လို့...ဘောင်းဘီအိတ်ထဲ လက်တစ်ဖက်ထည့်ရင်း တဖက်က ရှန်ပိန်ခွက်ကို ကိုင်ထားရင်း စကားပြောနေပုံက တကယ့် မင်းသားတစ်ပါးပုံစံမျိုးမို့ ရှောင်းကျန့်ကြိတ်ပြုံးမိတယ်။

လက်ဖောင်းဖောင်းလေးကို ဆုပ်ကိုင်ရင်း သူကိုယ်တိုင် ကျောင်းပို့ပေးခဲ့တယ်။ အလယ်တန်း အထက်တန်းအထိ။ တက္ကသိုလ်စတက်တဲ့နေ့က ဂျစ်ကန်ကန်ရုပ်လေးကိုလည်း သူမေ့မရ။ သူ့မျက်စိရှေ့မှာ အောင်မြင်မှုတသီတတန်းတွေနဲ့ ဝင့်ကြွား‌လာတော့လည်း သူ့မှာ ဂုဏ်ယူရပြန်တာပဲ။

အတွေးတွေနဲ့ လွင့်မျောနေတဲ့ သူ့မြင်ကွင်းကို ကြက်သွေးရောင်တစ်ခုက ကွယ်လိုက်တာမို့ ရှောင်းကျန့်အသိဝင်လာတယ်။ အမျိုးသမီးတစ်ယောက်..ပြီးပြည့်စုံအောင်ပြောရရင် ခန္ဓာကိုယ်အချိုးအစား သိပ်ကို လှတဲ့ အမျိုးသမီးတစ်ယောက်။ ကြက်သွေးရောင် ကိုယ်ကျပ်ဂါဝန်က သူမရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကြောင့် ပိုပြီးကို ကျက်သရေရှိနေတယ်။ အခွေကြီးကြီးကောက်ထားတဲ့ ဆံနွှယ်တွေက ခါးအထိအောင် ရှည်လျားတယ်။ ပန်းရောင်နဲ့အနီရောင် ရောစပ်ထားတဲ့ မင်းသမီးမျက်နှာဖုံးကတော့ သူမရဲ့ မျက်နှာအလှတရားကို ဖုံးကွယ်ထားတာမို့ လူတစ်ချို့က အားမလိုအားမရ။

သူမရဲ့ လှပတဲ့ ခြေလှမ်းတွေက ရိပေါ်ရှိရာဆီ ဦးတည်တယ်။ မျက်နှာတစ်ပိုင်းသာဖုံးထားတဲ့ မျက်နှာဖုံးနဲ့မို့ ရိပေါ် သူမကို ပြုံးပြလိုက်တာကို သူမြင်လိုက်ရတယ်။ ရင်ထဲမှာ လေးလံတဲ့ တင်းကြပ်မှုက ဘာမှန်းမသိ။ အလုပ်ကိစ္စဆိုတာသိနေပေမယ့် ပြုံးပြတဲ့ပုံက အရမ်းကို နွေးထွေးလွန်းတယ်လို့ သူထင်နေမိတယ်။ ရှေ့မှာချထားတဲ့ လိမ္မော်ရည်ခွက်ကို တရှိန်ထိုးသူမော့ချလိုက်တယ်။ တင်းကြပ်မှုတွေက နည်းနည်းလေးတောင်လျော့မသွား။ အမျိုးသမီးက ရိပေါ်ရဲ့လက်မောင်းတစ်ဖက်ကို ဆုပ်ကိုင်ပြီး ခပ်လှမ်းလှမ်းးက စားပွဲဆီလျှောက်သွားလို့ လူတစ်ယောက်နဲ့ စကားပြောနေကြပြန်တယ်။ တကယ်တော့ ဒီပွဲတစ်ခုလုံးနဲ့ မသက်ဆိုင်ပဲရောက်နေတဲ့ သူဆိုလို့သူတစ်ယောက်ပဲရှိမယ်။ ရင်ထဲက တင်းကြပ်မှု‌ကို မခံစားနိုင်တော့တာမို့ သက်သာလိုသက်သာငြား necktieကိုဖြေလျော့မိတယ်။

Has llegado al final de las partes publicadas.

⏰ Última actualización: May 03, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Lovely StrangersDonde viven las historias. Descúbrelo ahora