Part 1.9 School Love

8.3K 892 26
                                    

ပိုင်ယွဲ့မင် သည်system၏ဆေးလုံးအစွမ်းဖြင့် စာထဲတွင်အာရုံစိုက်နေသောကြောင့် ပတ်ဝန်းကျင်ကို ခေတ္တ မျှမေ့လျော့သွား၏ နေရောင်ခြည်နဲ့နီးပြီး အလင်းပိုရသောနေရာတွင် ထိုင်နေသောကြောင့် နေရောင်ခြည်သည် ယွဲ့မင်ရဲ့ ခုံတဝက်လောက်ကို နေထိုးနေသည်
ထို့အချိန်တွင် ပိုင်ယွဲ့မင်၏ခုံရှေ့သို့ တစုံတယောက် လာရပ်သောကြောင့် အလင်းကိုကွယ်သွားသည်။ ပိုင်ယွဲ့မင် မော့ကြည့်လိုက်သောအခါ တစ်မို့အောက်က ဇာတ်လိုက်ဖြစ်နေသည်။
'System သူကဘာလို့ ငါ့ရှေ့လာရပ်နေတာလဲ' Hostရဲ့ ကြောင်တောင်တောင် အမေးကို ဒီကခန့်ညားတဲ့systemလေးက ဘာပြောင်ရမလဲ တောင်မသိတော့ဘူး
(Hostရယ် hostရှေ့လာရပ်မှတော့ စကားပြောမလို့ နေမှာပေါ့ )
ညဏ်ကြီးရှင် systemလေးရဲ့အပြောကို ညဏ်ကောင်းပါတယ်ဆိုတဲ့ ပိုင်ယွဲ့မင်ကလည်း ပြန်ဖြေရှာပါသည်
'အယ် ဟုတ်လောက်မယ်'
စိတ်ထဲတွင်သာ systemလေးကို မေးချင်တာမေးနေတာ အပြင်တွင်တော့
"ဘာလို့ ရှေ့ကပိတ်နေတာလဲ အလင်းကွယ်တယ်"ဆိုပြီး ပြုံးကာ မေးလိုက်သည်
Systemလေးမှ တစ်ခုခုကို စဥ်းစားမိပြီး
(Host !!! )
(ဇာတ်လိုက်က ကျောင်းဖိုရမ်ပေါ်က host သူ့ကိုကြိုက်နေတယ်ဆိုတာကိုမြင်သွားလို့ များ hostကိုလာထိုးတာလားမသိဘူးနော်)
ပိုင်ယွဲ့မင်က systemရဲ့ အပြောကို ကြားတော့ တစ်ချက်တော့ တွန့်သွားပေမယ့် အဲ့video ကိစ္စကကြာပြီဖြစ်တာကတစ်ကြောင်း သူ့ကိုလာပြီးထိုးရင်ပြန်ထိုးပစ်လိုက်မယ် ဆိုတဲ့ မဟုတ်မခံ (အင်းးးမူလကိုယ်ကဟုတ်ခဲ့ပေမယ့်)စိတ်လေးနဲ့ နဲနဲတကယ်ကိုနဲနဲလေးလန့်သွားတာကိုပြန်ထိန်းယူလိုက်သည်။

ပိုင်ယွဲ့မင်ရဲ့ စကားကိုကြားတော့ ကျိုးမိုရှန်းသည် ခပ်တည်တည်ဖြင့်
"အလင်းရောင် ကွယ်နေရင် ဟိုဘက်နည်းနည်းတိုး"
ပိုင်ယွဲ့မင်လည်း ယောင်နနဖြင့် ဘေးကို နည်းနည်းတိုးလိုက်သည်။
ကျိုးမိုရှန်းက သူ(ပိုင်ယွဲ့မင်)ဘေးကိုဝင်ထိုင်ပြီး "မင်းက ဟိုတစ်ခေါက်က ငါ့ကို ရည်းစားစာပေးတဲ့တယောက်မလား"
ကျိုးမိုရှန်းရဲ့စကားကိုကြားတော့ systemလေးမှ (တွေ့လား တွေ့လား hostကိုလာထိုးတာပါဆို)ဆိုပြီး ဝင်ပြောသည် 'မင်းအသံကြီးက အားရဝမ်းသာကြီး '
(ဟာ မဟုတ်ပါဘူး)
နောက်ကျောကို ဓားနဲ့ထိုးချင်နေတယ့် systemအပြာလုံးကို လျစ်လျူရှုလိုက်ပြီး ကျိုးမိုရှန်းကိုသာ အာရုံစိုက်လိုက်သည်
"အိုးး ဒီက သခင်လေး အထင်လွဲနေပြီဗျ"
ပိုင်ယွဲ့မင်က ငြင်းချက်ထုတ်တော့ ကျိုးမိုရှန်းမှ မျက်ခုံးတစ်ဖက်ကို ပင်းလိုက်ပြီး
"သေချာလား"
တည်တည်ငြိမ်ငြိမ်အသံမှအေးစက်စက် အသံကြီးပြောင်း သွားသောကြောင့် ပိုင်ယွဲ့မင် မျက်နှာလေးငယ်သွားသည်
ပိုင်ယွဲ့မင် ဘာမှဆက်မပြောတော့ ကျိုမိုရှန်းမှ ဆက်ပြောလာသည်
" ကြိုးစားကြည့်ကြတာပေါ့"
ပိုင်ယွဲ့မင် တစ်ခဏလောက် မတုံပြန်နိုင်တော့ချေ။
' WHAT!!!systemသူဘာပြောလိုက်တယ်'
(Host ကတုံးရုံတင်မကဘူး နားလည်းလေးတယ်ကိုး) ဆိုပြီး ဆရာကြီးလေးသံလေးဖြင့် ပြောလာသည်
ပိုင်ယွဲ့မင်စိတ်ထဲ spaceရောက်မှတွေ့မယ်လို့သာကြိမ်းဝါးချင်တော့သည်
(ရပါတယ် ဒီ ညဏ်ကြီးရှင်လေးကိုအားကိုးလို့ရပါတယ်)
ပိုင်ယွဲ့မင်လည်း systemကိုလျစ်လျူရှုဖို့သာဆုံးဖြတ်လိုက်သည် သူနဲ့ပြောနေရင်ဒီတစ်သက်ပြီးမှာ မဟုတ်တော့ဘူး
Systemနဲ့ စကားပြောနေပြီး ကျိုးမိုရှန်းကို ဘာမှ ပြန်မပြောမိပေ။
သို့ပေမယ့် ပိုင်ယွဲ့မင်က အပြင်တွင်တော့ အံသြတဲ့ ပုံစံလေးဖြင့်
"ဗျာ.."

တစ်ဖက်မှ ကျိုးမိုရှန်းမှာတော့ မျက်ဝန်းဝိုင်းကြီးများဖြင့် အံသြနေပုံရတဲ့ ကောင်လေးကိုကြည့်ပြီး အသည်းတွေယားလာတော့သည်။ စာကြည့်တိုက်ထဲမှာ လူမရှိလို့ကတော့ ဆွဲဖက်ပစ်လိုက်သည် ဟွင်းဟွင်း
'မင်းလေးကံကောင်းသွားတယ်'

တကယ်တော့ ကျိုးမိုရှန်း ထိုကောင်လေး ကန်တင်းမှ ထွက်သွားကတည်းက လိုက်လာခြင်း ဖြစ်ပါသည် လျှောက်လမ်း တစ်လျှောက်လည်း လက်ထောက်ကို ထိုကောင်လေး အကြောင်းစုံစမ်းရန် မက်ဆေ့ပို့ထားလိုက်၏.. ။
ထိုကောင်လေးကို တွေ့တော့ စာကြည့်တိုက်ထဲဝင်သွား သောကြောင့် လိုက်ဝင်လာခဲ့ရာ လူရှင်းတဲ့နားမှာ စာထိုင်လုပ်နေတာကြောင့် မလှမ်းမကမ်းကဘဲ လှမ်းကြည့်နေလိုက်၏
အချိန်တခဏသည် ထိုကောင်လေးကို ငေးကြည့်နေရင်း ကုန်မှန်းမသိ ကုန်လွန်လာသည်...
"တင်စ်..."
ဖုန်းမက်ဆေ့ ဝင်သံကြောင့် စာကြည့်တိုက်ရှိလူများ၏ မျက်လုံးများသည် ကျိုးမိုရှန်း ဆီသို့ ပြိုင်တူ ရောက်ရှိလာသည်.. ။ထိုကောင်လေးမှ အပ..။
အေးစက်စက် တစ်ချက်ကြည့် လိုက်တော့ ခေါင်းတွေက အလျိုလျို ပြန်ငုံသွားကြသည်.. ။
ဖုန်းကိုကြည့်လိုက်တော့ လက်ထောက်မှ ထိုကောင်လေး၏ ကိုယ်ရေးရာဇဝင် အကျဥ်းကို ဓာတ်ပုံရိုက်ပို့လာခြင်းဖြစ်သည်..။
'ပိုင်ယွဲ့မင်တဲ့လား'
အောက်ကို ဆက်ကြည့်လိုက်တော့ ကျောင်းဖိုရမ်မှာတင်ထားတဲ့ ရည်းစားစာအကြောင်းကိုလည်း အကျယ်တဝင့် ဖော်ပြထားသည်... ။ အရေးကြီး အချက်အလက် များအကြောင်းကို ပို့ထားတဲ့ emailများကိုတောင် သာမန်ကာရှန်ကာဘဲ ဖတ်လေ့ရှိတဲ့ တစ်မိုးအောက်က ကျိုးသခင်လေးက ထိုကောင်လေး အကြောင်းကို တော့ စိတ်ဝင်တစားဖတ်နေလေသည်...။ ပုံမှန်ဆို ကျိုးမိုရှန်း ခုံပေါ်ကို လာတင်တဲ့ စာတိုင်းသည် အမှိုက်ပုံးကိုသာ ဦးတည်ရမြဲ ထို့ပြင် သူသည် တခြားသူများ၏ အရေး ကိစ္စ ကိုစိတ်ဝင်စားလေ့မရှိသောကြောင့် ထို ကိစ္စ ကိုမသိခြင်းဖြစ်သည်..။

ယခုလက်ရှိ အချိန်......
ကျိုးမိုရှန်းမှ အတွင်းစိတ်တွင် ထိုကောင်လေးကို အူယားနေပါသော်လည်း ပုံစံမပျက် "ဘာလဲ မင်းကငါ့ကို နာမည်ဖျက်တုန်းက ဖျက်ပြီး အခုတော့ တာဝန်မယူချင်ဘူးပေါ့"
အေးစက်စက် အရှိန်အဝါများထုတ်လွှတ်လျက် ပြောသောကြောင့် ပိုင်ယွဲ့မင်တော့ ထိတ်လန့်လာမိသည်.. ။
'အပြာလုံးရေ ငါများငြင်းလိုက်ရင် သတ်တော့မှာများလား'

*****************

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemWhere stories live. Discover now