Arc-2 Part-17

4.7K 581 21
                                    

အေးစက်နေတဲ့ အခန်းကျဥ်းအတွင်း သံတိုင်များအား လက်ဖြင့် ဆုပ်ကိုင်ထားတဲ့ အလှလေးသည် သံတိုင်များရှေ့ရှိ ရဲမက်နှစ်ယောက်အား အော်ကြီးဟစ်ကျယ်လုပ်လျက်ရှိသည်...။

" လွှတ်စမ်း! ငါ့လို ကြင်ယာတော်ကို ဖမ်းရဲတယ် နင်တို့တွေအကုန်လုံးကို သေဒဏ်ပေးပစ်မယ်! "

ထိုအကျဥ်းထောင်ထဲကို စဝင်ကတည်းက အော်နေသည့် မိန်းကလေးသည် မောလို့နားလိုက် ပြန်အော်လိုက်ဖြင့် ဤနေရာတွင် ရှိသူများထဲတွင် သူမအား ကူညီပေးနိုင်သည့်သူ မည်သူမျှမရှိမှန်း သိဟန်မတူ... ။

မတ်တပ်ရပ်နေသော ရဲမက်နှစ်ယောက်ထဲမှ တစ်ယောက်သည်
" ဟေ့ ငါတို့ဘုရင်က ဒီမိန်းမလှလေးကို ဘာလို့ဖမ်းခိုင်းလဲမသိဘူးနော်။ တစ်ကယ်ဆို ငါတို့ကို မျှဝေသင့်တယ် "

" ဟာ မကြံကောင်းမစည်ရာ..။ မိန်းကလေးက သနားစရာလေးပါ... ။ ကြင်ယာတော်ဖြစ်တာမှ ဘယ်လောက်ကြာသေးလို့လဲ "

ပထမရဲမက်ရဲ့ စကားကို ဒုတိယရဲမက်က ပယ်ချသည်...။
အကျဥ်းထဲရှိ ကြင်ယာတော်ကတော့ မောလို့ နားနေတယ်ထင်သည်..။ အသံမကြားရတော့...။

" ဒါနဲ့ ငါကြားတာတော့ ဒီကြင်ယာတော်က အရင်ဘုရင်ရဲ့ အချစ်ဆုံးကြင်ယာတော်တဲ့ "

" မင်းက ဘယ်လိုသိလဲ...။ ဒီနိုင်ငံကလည်း မဟုတ်ဘဲ "

" အော် ငါ့မှာ နားတွေ မျက်စိတွေရှိတယ်လေ...။ မင်္ဂလာဦးကိုတောင် မိဖုရားခေါင်ဆီ မသွားဘူးတဲ့ "

" အရင်ဘုရင်က လွတ်နေတာမလား ။ သူ့ကို လာများကယ်မလားဘဲ "

" မဖြစ်နိုင်ပါဘူး...။ ဒီအကျဥ်းထောင်ထဲရောက်ဖို့မပြောနဲ့ ။ အရှေ့က နန်းတော်ရဲ့ လုံခြုံရေးတံခါးကိုဘဲ ရအောင်ဖြတ်ပါဦး "

ကျန်တစ်ယောက်က ခေါင်းငြိမ့်ထောက်ခံရင်း

" မင်းစောင့်နေလိုက်ကွာ.. ။ ငါအိပ်ချင်လို့ ။ ဟိုထောင့်မှာ ခဏမှေးလိုက်ဦးမယ် "

" အေးအေး "

ထိုသို့ပြောပြီး တစ်ယောက်သည် တစ်ခြားအိပ်လို့အဆင်ပြေတဲ့ နေရာကို ထွက်သွားသည်...။

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemWhere stories live. Discover now