ကန်တင်းရဲ့ အနီးကိုရောက်တော့ အဲ့ဒီနားမှာ လူတွေစီနေလေရဲ့ free canteen မှာလည်း တချို့ကျောင်းသူကျောင်းသားများက စားပြီး ကြီးကျယ်သူများကတော့ အပေါ်ထပ်မှာစားကြလေသည် အမှန်ဆို ကျောင်းရဲ့freeကန်တင်းက သာမန်ကန်တင်းတွေက ပိုစနစ်ကျပြီး သပ်ရပ်ပေမယ့် ကြီးကျယ်လွန်းကြတာသာ..။ မူလကိုယ်ကတော့ freeကန်တင်းမှာဘဲ စားလေ့ရှိတာမို့ အပေါ်ကန်တင်းရဲ့ အစားအစာ အရသာကို ယွဲ့မင်လဲ မသိပါဘူး ။
အဲ့ဒါကြောင့်မို့ ယွဲ့မင်အပေါ်ကန်တင်းကိုသွားဖို့ဘဲ ဆုံးဖြတ်လိုက်ပါသည်ကန်တင်းအပေါ်ထပ်တွင် တိုက်နေတဲ့ ခပ်ပြေပြေ လေက စိတ်အစုံကိုအေးချမ်းစေသည်။ ကောင်တာဘက်ကိုအရင်သွားပြီး နေ့လည်စာအတွက်မှာသည် နောက်တော့ ချောကလတ်ကိတ်တခုကိုလည်း ဆက်ပြီး မှာလိုက်သည် ပိုက်ဆံ ရှင်းပြီး ကောင်တာက မိန်းကလေးပေးလိုက်တဲ့ နံပါတ်စဥ်ကတ်လေးကိုကိုင်ကာ အောက်ဘက်ကိုရှင်းရှင်း လင်းလင်းမြင်ရတဲ့ တနေရာကိုရွေးလိုက်သည်
အချိန်အနည်းငယ်စောင့်ပြီးနောက် စားပွဲထိုးမှ မှာထားတဲ့ အစားအစာများကိုလာချပေး၏ အောက်ကန်တင်းမှာ မစားကြဘဲ အပေါ်ကန်တင်းမှာဘဲ စားရတဲ့ အကြောင်းကို ကိုယ်တိုင်ကိုယ်ကျစားကြည့်မှဘဲ သိတော့သည် တော်တော်ကို ကောင်းပါတယ် အသားဟင်းတွေကလည်း နူးအိနေတာဘဲ
'အွန်း ကောင်းလိုက်တာ'
Systemလေးမှ ယွဲ့မင် အားရပါးရစားနေတာကိုကြည့်ပြီး သူလည်းစားချင်လာတော့သည် ဒါပေမယ့် သူ့hostကစားနေချိန်ဆို တလောကလုံး မေ့နေတတ်လို့ ယွဲ့မင်အားပါးတရစားနေတာကို ကြည့်နေတဲ့ စူးရှတဲ့ မျက်ဝန်းတစ်စုံကိုတော့ သတိမထားမိခဲ့ချေ ..။အင်းးး အမြဲ သတိရှိတဲ့ systemငချောလေးကတော့ မြင်တာပေါ့လို့ နော့ လေ.. နော့်...။
ယွဲ့မင်ကတော့ စားလို့ ပြီးသွားပြီးနောက် နောက်ထပ် ထပ်မှာထားတဲ့ greenteaလေးသောက်ပြီး အစာချေနေလေရဲ့"အကိုမိုရှန်းး"
Greenteaသောက်နေတုန်းကြားလိုက်ရတဲ့ပြစ်ချွဲနှစ်ချွဲ အသံကြောင့် ယွဲ့မင် မျက်ခုံးကိုပင့်လိုက်သည် .။သေချာတာပေါ့ ဒါဇာတ်လိုက်မအသံ ထိုအမျိုးကောင်းသမီး အင်းး မကောင်းတကောင်းသမီးကိုယူမဲ့ ဇာတ်လိုက်ကို သူလေးစားသွားပြီ
'လေးစားပါတယ် bro'
KAMU SEDANG MEMBACA
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomansaOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...