Arc-2 Part-9

5.3K 696 39
                                    

ကြင်ယာတော်သုံး၏ ပန်းချီအား ပြပြီးနောက် ခန်းမအတွင်းရှိ ပွဲအား ကြီးကြပ်ခိုင်းထားတဲ့ အထိန်းတော်မှ ပွဲကျင်းပရာသို့ ခြေလှမ်းကျဲများဖြင့် ရောက်လာပြီး John၏ အနားသို့သွားပြီး နား နားကပ်၍ တစ်စုံတစ်ခုကိုပြောကြားလိုက်သည်..။

Johnသည် ခေါင်းတစ်ချက်ညိမ့်ပြပြီးနောက် ပြန်ညွှန်ကြားလိုက်သည်..။ ထိုသူ ထွက်သွားပြီးနောက် Johnမှ

" ပွဲမှာ ပြဿနာ ဖြစ်သွားတာကြောင့် သတ်မှတ်ထားတဲ့ အချိန်အတွင်း မပြီးဘူးဖြစ်သွားတယ်။ ကျန်တဲ့ ကြင်ယာတော် နှစ်ယောက်လုံး ရဲ့ ပန်းချီကို တစ်ခါတည်း ကြည့်မယ် "

ကြင်ယာတော်လေး နှင့် ငါးသည် သွက်သွက်လက်လက်ပင် သူမတို့၏ ပန်းချီများအား ပြသလေသည်...။

ငါးမိနစ်ကြာပြီးနောက်...

အထိန်းတော်ချုပ်သည် Johnတို့နားသွား၍ အမှတ်စာရွက်များအား ယူဆောင်လာသည်...။

Cherryသည် အပြင်ပန်းက တည်ငြိမ်နေယောင်ဆောင်နေသော်လည်း သူမစိတ်လှုပ်ရှားနေကြောင်း အချင်းချင်း ပွတ်နေတဲ့ သူမ၏ လက်နှစ်ဖက်က သက်သေပင်..။

အထိန်းတော်ချုပ်မှ

" ကြင်ယာတော်တစ် ။ ပန်းချီပြိုင်ပွဲရဲ့ စုစုပေါင်းရမှတ် နှစ်ဆယ့်သုံးမှတ် ...။ "

Cherryသည် သူမ၏ အမှတ်ကို ကြားသော်လည်း စိတ်မအေးနိုင်သေးပေ...။
' ဟိုမိန်းမ ဘယ်နမှတ်လဲ မသိဘူး...သူ့ပန်းချီက ဘယ်လောက်များကောင်းနေလို့ မယ်တော်ကြီးက ချီးကျူးနေရတာလဲ! အား! !'

သူမရင်ထဲမှာ ပူလောင်နေသလောက် အပြင်ပန်းမှာတော့ သိမ်မွေ့ဟန်လေးဖြင့်ပင်..။

" ကြင်ယာတော်နှစ် ။ တစ်ဆယ့်ရှစ်မှတ် "

" ကြင်ယာတော်သုံး ။ နှစ်ဆယ့်နှစ်မှတ် "

Charlesသည် ကြင်ယာတော်သုံး၏ အမှတ်ကို ကြားသောအခါ နည်းနည်းလေးတောင်မအံ့သြတော့ချေ..။
' ဇာတ်လိုက်မက ဇာတ်လိုက်ရဲ့ နှလုံးသားကို ရိုက်ခတ်နိုင်တဲ့ ပုံကိုဆွဲထားတာကို သေချာပေါက် အမှတ်က များပြီပေါ့ '

Charlesသည် ပထမတော့ အပြာလုံးကို ပြောလိုက်တာပေမယ့် ပြန်ဖြေသံမကြားတော့မှ
' အော်...အပြာလုံးက သူ့ရဲ့ စက်အစုတ်ကို သွားပြင်တာဘဲ မေ့နေတာ ။ ဒီလိုကျ ပျင်းလိုက်တာ '

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemحيث تعيش القصص. اكتشف الآن