Arc-2 Part-22(Final)

5.1K 553 25
                                    

ခန်းမအတွင်းသို့ ဝင်ရောက်လာသောလူအင်အားသည် အရမ်းမများသော်လည်း အခုလို အငိုက်မိနေသောအခါ ရဲမက်များသည် ပြင်ဆင်ချိန်မရလိုက်...။ တောခိုထားသည့် သက်သေအဖြစ် John၏ ယခင်က ခန့်ညားခဲ့သော မျက်နှာသည် မေးစေ့တစ်လျှောက်တွင် မုတ်ဆိတ်မွှေးများစီစီရီရီပေါက်နေသည်...။ သူသည် ပြုံးစစဖြင့် လက်သုံးတော်ဓားကို ဟန်ပါပါကိုင်ရင်း

" မတွေ့တာကြာပြီဘဲ မိတ်ဆွေကြီး "

အဲလက်စ်သည် တည်တည်ငြိမ်ငြိမ်ဖြင့် မဲ့ပြုံးတစ်ချက်ဖြင့်သာ တုံ့ပြန်သည်..။ Johnသည် Charlesဘက်ကို လှည့်ရင်း နင့်နင့်နဲနဲစိုက်ကြည့်လာသည်..။ ထိုသူ၏ မျက်ဝန်းများမှတစ်ဆင့်ခံစားမိသည်က အမုန်းတရားထုထည်ပင်...။

Charlesလို သက်ထမ်းနုသေးသည့် တာဝန်ထမ်းဆောင်သူတစ်ယောက်...အထူးသဖြင့် မူလဘဝမှာ နူးနူးညံ့ညံ့အနုပညာရှင် လုပ်လာသည့် သူအတွက် ထိုအကြည့်သည် ထိရောက်မှုတော့ရှိသည်..။

လန့်တာက နည်းနည်း ၊ ပိုတာက များများဆိုသလို ပိုပိသာသာလေးလန့်ပြလိုက်တော့ အဲလက်စ်သည် charlesအား သူ၏နောက်သို့ပို့လာကာ Johnအား သတ်ဖြတ်လိုမှုအပြည့်ဖြင့် ပြန်ကြည့်လာသည်...။

တစ်ခန်းမလုံးထိတ်လန့်နေကာ မထိတ်လန့်သူဟူ၍ မူးပြီးမှောက်နေသူများသာရှိသည်...။
ထိုအချိန်တွင် Max၏ အသံသည် ခန်းမအတွင်း ပျံ့လွင့်လာသည်...။

" လောလှချည်လားဗျ...။ ခင်ဗျားရဲ့ ချစ်လှစွာသော မိဖုရားက ကျုပ်တို့လက်ထဲမှာဆိုတာ မမေ့ပါနဲ့...။ "

Johnသည် အူလိုက်သည်းလိုက်ရယ်ရင်း

" ဘယ်က မိဖုရားလည်း။ ငါ့ဘဝမှာ ငါ့ကိုယ်ငါက လွဲပြီး ဘယ်သူ့ကိုမှ မချစ်ခဲ့ဖူးဘူး...။ ကြားပြီးသားပါ.. ။ ချယ်ရီက မင်းတို့လက်ထဲမှာဆိုတာ..။ ဥာဏ်ကြီးလှပါတယ်ဆိုတဲ့ မင်းတို့အရှင်က ဘာကိုတွေးပြီး ချယ်ရီ့ကို ဖမ်းထားလည်း မသိပေမယ့် အဲ့မိန်းကလေးကို ငါက လှလို့ သဘောကျမိရုံကလွဲရင် အရေးကိုမပါဘူး ဟားဟားးး"

ခန်းမရဲ့ ထောင့်တွင်ရှိသော ချယ်ရီရဲ့ မျက်နှာသည် အညိုးတရားတို့ဖြင့် အရောင်ရင့်လာသည်...။ အရင်ဘဝသူမကိုယ်သူမ သတ်သေအောင် ဖိအားပေးခဲ့တဲ့ အဲ့ဒီ့ကောင်ကို သူမလုံးဝခွင့်လွှတ်မှာမဟုတ်...။ လက်ခနဲတစ်ချက်ဖြစ်သွားတဲ့ ဂါဝန်အရှည်ကြီးအောက် ဖုံးခံလိုက်ရသော တစ်စုံတစ်ခုနဲ့အတူ သူမရဲ့ ခြေလှမ်းများသည် Johnရဲ့ အနီးဆီသို့....။

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemHikayelerin yaşadığı yer. Şimdi keşfedin