Arc-3 Part-9

2.4K 269 9
                                    

မာန် နေ့လည်စာ စားပြီးနောက် ဗိုက်ပြည့်သွားသဖြင့် ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ထိုင်ကာ တီဗွီလိုင်းများအား ဟိုပြောင်းဒီပြောင်းလုပ်နေသည်...။ မျက်လုံးများက တီဗွီကို ကြည့်နေသော်လည်း စိတ်အာရုံကတော့ ခဏက အမျိုးသမီး၏ စကားများအား ပြန်ကြားယောင်လာသည်...။

📱-' သျှံ တို့ကို ပြန်ဖြေဦးလေ ဟင် သျှံလို့ တို့ကို စိတ်ဆိုးမပြေသေးဘူးလား '

📱-' ဘယ်သူလဲဗျ '
မာန် အသံကို အတတ်နိုင်ဆုံး ယဥ်ကျေးသည့် အသွင်ဖြစ်အောင်လုပ်ကာ မေးလိုက်သည်...။ တစ်ဖက် အမျိုးသမီးက ကြောင်သွားပုံရကာ ပြန်ပြောလာသည်..။

📱-' မင်းကို မေးရမှာ မင်းကဘယ်သူလဲ '

မာန်ပြန်ဖြေရန် ပြင်စဥ် သူမမှ

📱-'အော် သိပြီ သျှံ့ရဲ့ အရုပ်အသစ်လား ကျစ်! သျှံကတော့လေ '

📱-' ဗျာ '

မာန် အံ့သြဟန်ပြုရင်း

'အပြာလုံး ဒီမိန်းမက ဘယ်သူကြီးလဲ'

( Yes! Host သူမနာမည်က ဒေါ်မာန်ပွင့်လွှာပါတဲ့ ဇာတ်လိုက်နဲ့ အသက်တူတူဖြစ်ပြီး ငယ်သူငယ်ချင်းတွေလည်းဖြစ်ပါတယ် ပြီးတော့ ဇာတ်လိုက်နဲ့ လူကြီးချင်းသဘောတူထားခဲ့ဖူးသူလည်း ဖြစ်ပါတယ် မူလဇာတ်ကြောင်းမှာတော့ ဇာတ်လိုက်မသေဆုံးပြီးနောက် ဇာတ်လိုက်နဲ့ သူမနဲ့ ညားသွားခဲ့ပါတယ် ဇာတ်လိုက်ရဲ့ dark sideကို ကောင်းကောင်းသိသူလည်း ဖြစ်ပါတယ်တဲ့ အထက်က ပို့ပေးထားတဲ့ အချက်အလက်က ဒါအကုန်ပါဘဲ)

📱-' ဒီမယ် ကောင်လေး တို့က သျှံ့ရဲ့ အနာဂတ်ဇနီးလောင်း အင်းးး မင်းကတော့ သူအချိန်တန်ရင် ဖျက်ဆီးပစ်မယ့်အရုပ်ပေါ့ ဟင်းဟင်းး ကိုယ့်အဆင့်ကို သိအောင်ပါ ကဲ..သျှံ့ကို ဖုန်းပေးလိုက်! '

📱-'ဒယ်ဒီကလေ အခုကိစ္စရှိလို့ အပြင်မှာဗျ တကယ်လို့ အရေးကြီးရင် ဒယ်ဒီ့အလုပ်ဖုန်းကို ဆက်လိုက်ပါလား '

📱-' ကျစ်! ရှုပ်လိုက်တာ သျှံ့ကို ဒီက အရုပ်လေးကဘဲ ပြောထားပေး မေမေတို့က အိမ်ကို ညစာလေးဘာလေး လာစားလှည့်ပါဦးတဲ့ '

ပြောချင်ရာ ပြောပြီး ဖုန်းချသွားသည်...။ မာန် စိတ်ထဲမထားသော်လည်း သိပ်ပြီးတော့ ဘဝင်မကျချင်...။
မာန် ဇာတ်လမ်းဆက်ကြည့်ဖို့ရန်လည်း စိတ်မပါတော့သောကြောင့် ခပ်လှမ်းလှမ်းမှာ ရိုကျိုးသည့် ပုံစံဖြင့် ရပ်နေသည့် အစေခံနှစ်ယောက်အား ခေါ်လိုက်ကာ

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemDonde viven las historias. Descúbrelo ahora