Arc-3 Part-12

2.3K 257 18
                                    

မာန် အတော်လေးစိတ်လှုပ်ရှားနေပြီ။ အကြောင်းမှာ မာန့်မျက်စိရှေ့ရှိ ခမ်းနားလွန်းလှသည့် စံအိမ်တော်ကြီးကြောင့်ဖြစ်သည်...။ မာန့်ဘဝတစ်လျှောက်လုံး ဤမျှ ခမ်းနားလှသည့် အိမ်တော်ကို မမြင်ဖူးချေ...။

ကားသည် အလိုအလျောက်စနစ်ဖြင့် ပွင့်လာသည့် ခြံတံခါးကို ဖြတ်ကာ အိမ်အတွင်းသို့ ဝင်ရောက်သွားသည်..။ လှပတင့်တယ်သည့် ငန်းသုံးကောင်ဝန်းရံထားသည့် ရုပ်တုပုံရေပန်းကို ပတ်မောင်းကာ အိမ်တော်၏ ဆင်ဝင်အောက်တွင် ကားရပ်သွားသည်...။ အိမ်တော်သခင်လေးပြန်လာမှာဖြစ်သဖြင့် အိမ်အတွင်းရှိ အစေခံများနှင့် သက်တော်စောင့်များသည် ထွက်ကြိုနေကြသည်...။

ဇိမ်ခံကားတံခါးအား သက်တော်စောင့်တစ်ယောက်မှ လာရောက်ဖွင့်ပေးရာ ကားအတွင်းမှ လည်သာဖိနပ် ဝတ်ဆင်ထားသည့် ခြေထောက်တစ်ဖက်ဦးစွာ ချပြီးနောက် နေစွေးမဏိသျှံဆင်းလာသည်...။

ရှည်လျားသည့် အရပ်နှင့်အတူ ရင်အုပ်ကျယ်ကျယ်ကြီးဖြင့် ယောကျာ်းဆန်သည့် ဟော်မုန်းအပြည့်ထုတ်လွှတ်ကာ ခန့်ညားလှသည့် ထိုသူသည် ကားအတွင်းရှိ တစ်စုံတစ်ဦးဆင်းရလွယ်ကူစေရန် လက်ကမ်းပေးနေသည်...။

လက်ဖဝါးဖြူနုနုလေးသည် နေစွေး၏ လက်ဖဝါးကျယ်အတွင်း အံဝင်ခွင်ကျဖြင့် မာန်သည် ကားအတွင်းမှ ဆင်းလာသည်...။

ထိုအချိန်တွင်

အသက်ငါးဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် အိမ်တော်အတွင်းမှ ထွက်လာသည်...။ သူမသည် နေစွေး၏ မိခင်ဖြစ်ကာ ချိတ်ထမီလေးဖြင့် ကျက်သရေရှိကာ အေးချမ်းသည့်အသွင်ကို ဆောင်သည်...။ နေစွေးသည် တစ်နှစ်လုံးနေမှ အိမ်တော်သို့ ပြန်လာသည့် အကြိမ်ရေသည် လက်တစ်ဖက်စာပင်မပြည့်ချေ..။

" သားရောက်လာပြီလား "

သူမသည် သူမသားကို တင်းတင်းကျပ်ကျပ်ဖက်ထားကာ အလွမ်းဖြေနေသည်..။နေစွေးကိုယ်တိုင်သည် မိခင်ဖြစ်သူကို သတိရနေသည်မို့ ပြန်လည်ဖက်တွယ်ကာ အမေဖြစ်သူ၏ ရင်ခွင်ထဲ ခေါင်းတိုးကာ ချွဲနေသည်...။

မာန်လည်း ကလေးဆိုးကြီးလို့ အမေ့ရင်ခွင်ထဲ ခေါင်းတိုးဝင်နေသည့် နေစွေးမဏိသျှံကိုကြည့်ကာ ပြုံး၍ ခေါင်းခါလိုက်သည်...။
' ဒီလိုကျတော့လည်း ကလေးဆိုးကြီးကျနေတာဘဲ'

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemWhere stories live. Discover now