(ယခုမှစ၍ လီကျယ်အား Charlesဟုသာ သုံးမည်)
ယနေ့သည် အခမ်းနားဆုံးနေ့တစ်နေ့ဖြစ်သည်...။ Zတိုင်းပြည်၏ နန်းတော်တွင် လှေကားတစ်လျှောက် အနီရောင် ကော်ဇောကို ခင်းထားပြီး အမှုထမ်းများသည်လည်း တောက်တောက်ပြောင်ပြောင်ဖြင့် နန်းတော်တံခါးဝမှ အထပ်ပေါင်းများစွာရှိသော လှေကားတစ်လျှောက် မတ်တပ်ရပ်လျက် ကိုယ်ဟန်ပြလျက်ရှိသည်...။ (T/N စင်ဒရဲလားဇာတ်ကားထဲက ပွဲကျင်းပတာ သိတယ်မလား အဲ့လိုမျိုး)
နန်းတော်ကြီးသည် ပုံမှန်နှင့်မတူ ခမ်းနားထည်ဝါနေရခြင်းမှာ ယနေ့သည် အိမ်ရှေ့စံ၏ နန်းတက်ပွဲနေ့ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရင်တင်မြှောက်ပွဲနှင့်အတူ မိဖုရားခေါင်ရွေးချယ်ပွဲအား ကျင်းပခြင်းသည် Zတိုင်းပြည်၏ ဓလေ့တစ်ခုဖြစ်သည်..။ ယခုလည်း အစေခံတချို့သည် ပွဲကျင်းပမည့် ခန်းမတွင် ဟိုဟိုဒီဒီရွေ့လျားကာ ပြင်ဆင်လျက်ရှိသည်...။
Charlesသည် မနေ့ညက ဇာတ်လိုက်မအတွက် အထူးspecial သီးသန့်ဂါဝန် ချုပ်ပေးပြီးနောက် missionအတွက် ဘယ်လိုလုပ်ရမည်ကို Systemလေးနှင့် planချရင်း ညဥ့်နက်သွားသဖြင့် မနက်ခင်း စောစောထနိုင်ခြင်းမရှိချေ...။
( Host! ငပျင်း ထတော့)
အစဥ်အလာမပျက် မနက်ခင်းတိုင်း နိုးပေးရသည့် တာဝန်ကို အရင် ကမ္ဘာတည်းက Systemအပြာလုံးရရှိခဲ့သည်...။
"အင်းးးး......"
အသံကြားလို့ထပြီးလားမမှတ်ပါနဲ့..။
ပျင်းကြောဆန့်ပြီး အခြားတစ်ဖက်သို့ လှည့်ကာ ပြန်အိပ်သွားလေသည်...။(Host ထမှာလား မထဘူးလား မထရင် Systemရဲ့ အလိုအလျောက်စနစ်နဲ့ ရေပက်ပစ်မှာနော်)
'အပြာလုံး မင်းကလေ အစောကြီးရှိသေးတာကို ။ သူများအိပ်ရင် မနှောင့်ယှက်ရဘူးကွ ငါမနေ့ညက ဦးနှောက်အလုပ်ပေးထားရတာ'
အပြာလုံးလေး မျက်နှာကိုသာ ရှုံမဲ့ပစ်လိုက်ချင်တော့သည်...။ ဘယ်နားက ဦးနှောက်အလုပ်ပေးတုန်း ။ အစကတော့ ဟုတ်မလိုလိုနဲ့ ဟိုစဥ်းစား ဒီစဥ်းစားနဲ့ ။နောက်ဆုံးကျတော့လည်း ဘာတဲ့ နောင်ခါလာ နောင်ခါစျေးဘဲတဲ့ ။
ESTÁS LEYENDO
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomanceOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...