ကြည်လင်နေတဲ့ မှန်ကိုဖြတ်ဝင်လာတဲ့ နေရောင်ခြည်သည် ခပ်နွေးနွေး ။ မာန်လက်တစ်ဖက်က ဝိုင်ခွက်ကို ကိုင်ပြီး ရေကူးကန်ရှိရာကို အပေါ်ထပ်မှနေ၍ ငုံ့ကြည့်လိုက်သည်...။ နံရံသည် မှန်ဖြင့် တည်ဆောက်ထားသောကြောင့် အလွယ်မြင်နိုင်သည်....။ ရေကူးကန်အား အထက်စီးမှ ငုံ့ကြည့်လျှင် ရေကူးကန်ကို ငါးတစ်ကောင်ပုံစံမျိုးတွေ့ရမှာဖြစ်သည်...။ အချိန်သည် ဆယ်နာရီဝန်းကျင်ရှိပြီဖြစ်သည်...။ မာန်ပြုံးလိုက်သည်...။
" ကြာလိုက်ကြတာ ဒီမှာ ပူတောင်နေပြီ "
ရေကူးကန်သန့်ရှင်းရေးလုပ်သူများသည် အခုမှ ပြီးကြသည်...။ ရေလေးများသည် ပြာလဲ့လဲ့...။
မာန်bathrobeကို ဝတ်ကာ အောက်ထပ်ရှိ ရေကူးကန်ရှိရာ ခြံအတွင်းသို့ ဆင်းလာခဲ့သည်...။
" အပြာလုံး "
" Yes! Host "
" ငါ့ကို စောင့်ကြည့်နေတာမျိုးရှိလား "
" Hostရဲ့ ညာဘက်က ပြတင်းပေါက်ထောင့်မှာ စောင့်ကြည့်ကင်မရာတစ်လုံး၊ မျက်နှာချင်းဆိုင်အိမ်ရဲ့ ရေကူးကန်ဆီ တိုက်ရိုက်မြင်ရတဲ့နေရာမှာ လျို့ဝှက်ကင်မရာတစ်လုံးနဲ့ အဲ့ဒီအိမ်မှာ လူတစ်ယောက် hostကို စောင့်ကြည့်နေပါတယ် "
"အိုးး သေချာပြင်ဆင်ထားတာဘဲ ဒါနဲ့ မျက်နှာချင်းဆိုင်အိမ်က? "
" အဲ့ဒီအိမ်တော်ကလည်း ဇာတ်လိုက်ရဲ့ ပိုင်ဆိုင်မှုတွေထဲက တစ်ခုပါ။ မူလကိုယ်ကတော့ မသိခဲ့လို့ hostရဲ့ အချက်အလက်ထဲမှာ မပါတာပါ "
မာန်ထိုအိမ်သို့ မသိမသာ တစ်ချက်ဝေ့ကြည့်လိုက်မိသည်...။ ဖြစ်နိုင်တာက တိုက်ရိုက်မြင်ရတဲ့နေရာဆိုတော့ အဲ့ဒီစောင့်ကြည့်ကင်မရာနဲ့ လူက ထိုအိမ်ရဲ့ အပေါ်ထပ်မှာ ဖြစ်မည်...။
မာန် လက်ထဲရှိ ဝိုင်ခွက်ထဲမှ စပျစ်ဝိုင်အပျော့စားကို တစ်ခါတည်း မော့သောက်လိုက်ကာ ဘေးဘက်ရှိ စားပွဲခုံအသေးစားလေးပေါ်သို့ တင်လိုက်သည်..။ ရေကူးကန်၏ အလယ်နားလောက်တွင် လူကြီးတစ်ကိုယ်စာတက်အိပ်လို့ရတဲ့ ဘဲရုပ်အကြီးကြီး တစ်ခုရှိသည်...။ မာန်ထိုပေါ် သို့ ကန်ဘောင်မှနေ၍ လှမ်းခုန်တက်လိုက်သည်..။ ဆိုးတာက ဘဲရုပ်က ခုန်ထွက်သွားကာ မာန်အပေါ်ပိုင်းက ဘဲရုပ်ပေါ်တင်နေသော်လည်း အောက်ပိုင်းကတော့ ရေကူးကန်ထဲကျသွားသည်...။ အနေအထားက ဘဲရုပ်ပေါ်မှာလည်းမဟုတ်.. ရေထဲလည်းကျမသွား...။ မာန်ဘဲရုပ်ပေါ် ကုတ်တက်လိုက်ပြီးနောက် ပက်လက်လန်ကာ
DU LIEST GERADE
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomantikOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...