Before Arc-2

7.9K 761 37
                                    


လီကျယ်သည် ပိုင်ယွဲ့မင်၏ ကိုယ်ထဲမှ ထွက်လာပြီးနောက် ပထမဆုံးမြင်လိုက်ရတာက ရင်းနှီးတာမှ အလွန့်အလွန်ကို ရင်းနှီးနေတဲ့ မျက်နှာကျက်... ။

လီကျယ်သည် ကြမ်းပြင်ပေါ်တွင် အိပ်နေခြင်းဖြစ်သည်...။ လီကျယ် အလျင်အမြန်ထလိုက်ပြီး ဘေးပတ်လည်ကို ဝေ့ရမ်းကြည့်လိုက်မိသည်...။

ဒါလီကျယ်၏ ကမ္ဘာအစစ်က မီးဖိုချောင်ဘဲ... ။ လီကျယ် Systemကို စိတ်ထဲမှ လှမ်းခေါ်လိုက်သည်..။

' အပြာလုံး ဒါဘယ်လိုဖြစ်တာလဲ။ ပြောတော့ နောက်ကိုယ်ထဲကို ဝင်ရမယ့် အချိန်အရမ်းနီးနေပြီဆို '

Systemလေးမှ သနားစရာ အသံလေးဖြင့်

( Host ဟီးဟီး  Hostရဲ့ ခန့်ညားချောမောတဲ့ ဒီsystemလေးက အခုမှ ပထမဆုံး hostကို စောင့်ရှောက်ဖို့ တာဝန်လက်ခံဖူးတာမို့ပါ ဟီးဟီး)

Systemလေးသည် အလွန်တရာမှ မျက်နှာချိုသွေး ချင်နေသည့် ပုံစံလေးဖြင့် ပြန်ဖြေသည်...။
လီကျယ်သည် နှစ်ယောက်ထဲရှိသောကြောင့် သူ့ရှေ့တွင်ပေါ်လာသည့် Systemအားကြည့်ပြီး ခပ်တည်တည် မျက်နှာပေးဖြင့်

" အဲ့တော့.... ? ငါ့မှာမင်းကြောင့် လောလော လောလော နဲ့ထွက်ခဲ့ရတယ်ဆိုတာကို သိရဲ့လား။ ခုံနဲ့ ခေါင်းနဲ့ ဆောင့်မိတုန်းက နာတာကို အခုထိမှတ်မိတုန်းဘဲ "

(Hostကလည်း....ကျွန်တော်က အခုမှ Hostတွေ ဝင်နေတဲ့ ကမ္ဘာက ပြန်ထွက်ဖို့ နံပါတ်စဥ်ရေဖူးတာမို့ နည်းနည်းသေးသေးလေး မြန်သွားတာကို)

လီကျယ်သည် မူလပထမက Systemအား စိတ်ဆိုးပစ်မည်ဟု တွေးထားသော်လည်း အကောင်အထည်လိုက် အမွေးပွလုံးလေးလို ပေါ်လာပြီး သနားစရာ ပုံစံလေး လုပ်ပြနေသည့် systemလေးအား ကြည့်ပြီး ဆူမည့် စကားများ ကြက်ပျောက် ဌက်ပျောက် ပျောက်ကုန်တော့သည်..။

"အဟမ်းး "
ဟန်လုပ် ချောင်းသံကြီးပေးလိုက်ပြီး မချိုမချဥ် အပြုံးကြီးဖြင့်
"အဲ့တော့ မင်းငါ့ကို တစ်ခုလုပ်ခွင့်ပေးရင် ခွင့်လွှတ်ပေးမယ် "

System လေးကတော့ သူ့Hostစိတ်ဆိုးနေပြီဆိုကာ ဘယ်လို ချော့ရမလဲ အသည်းအသန်စဥ်းစားနေစဥ် လီကျယ်စကားကိုကြားတော့ ဘာမှ မစဥ်းစားတော့ဘဲ ခေါင်းညိမ့်လိုက်မိသည်...။

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemOnde histórias criam vida. Descubra agora