လူနှစ်ယောက်တစ်ယောက်ကို တစ်ယောက်ကြည့်နေသည့် အကြည့်စစ်ပွဲကြောင့် ပတ်ဝန်းကျင်သည် အအေးမှတ်သုညဒီဂရီအထိ ရောက်တော့မလို..။ ချယ်ရီသည် သူမရှေ့ရှိ ချစ်ရတဲ့ အမျိုးသားကို အလွမ်းတွေတနင့်တပိုးဖြင့် ကြည့်နေမိ၏..။
' လွမ်းနေခဲ့တာ '
သို့သော် အဲလက်စ်ရဲ့ မျက်နှာချောချောသည် တစ်ချိန်က သူမသိနှင့်ပြီးသော အဲလက်စ်ပေမယ့် တစ်နေရာရာက ကွာခြားနေသလိုပင်...။ ဘာလဲတော့ သူမလည်း မသိ..။ သူမပြန်မွေးဖွားလာတာကြောင့်များလား ။" အကိုအဲလက်စ်~~ "
ပျစ်ချွဲနေသည့် ခေါ်သံကြောင့် ဘေးရှိ ကိုယ်ရံတော်ခမျာ ခေါင်းတွေကြိမ်းလျက်ရှိသည်..။ အဲလက်စ်ကို ခေါ်လာတာ သူမလား..။
" တကယ်တော့ ညီမလည်း အစ်ကို့ကို သဘောကျတယ်...ဟို..အစ်ကိုကတော့ သိမှာမဟုတ်ပေမယ့် ညီမလေ အစ်ကိုငယ်ငယ်က ဒီတိုင်းပြည်ကို သံတမန်အမတ်တွေနဲ့ လိုက်လာကတည်းက သဘောကျခဲ့တာ.. ။ ဒီကြားတည်းမှာ ညီမ အတိတ်.."
" တော်တော့! "
ချယ်ရီသည် ဘယ်ကရလာသည့် ယုံကြည်မှုများဖြင့် သူမအဲလက်စ်အား သဘောကျကြောင်းပြောလျှင် လွှတ်ပေးနိုင်သည် ဟုထင်နေသလဲမသိ...။
" ငါဒီကိုလာတာ မင်းရဲ့ ပေါကြောင်ကြောင်စကားတွေကို နားထောင်ဖို့မဟုတ်ဘူး...
"ယူလာခဲ့!"
စကားဆုံးသည်နှင့် ရဲမက်တစ်ယောက်သည် ကြာပွတ်တစ်ချောင်းကို ယူလာသည်..။
" သုံးချက်! မင်း ငါ့ကောင်လေးကို အပြစ်မရှိဘဲ ရိုက်ခဲ့တယ်။ "
အဲလက်စ်သည် ကြာပွတ်အား လှမ်းယူလိုက်ရင်း
" ဒီကြာပွတ်နဲ့ အပြစ်ပေးခံရဖူးတဲ့သူတွေပြောကြတာတော့ တစ်ချက်ကတင် အချက်သုံးဆယ်နဲ့ ညီမျှတယ်တဲ့။ စိတ်မပူပါနဲ့ ငါက အားတစ်ဝက်လျှော့ရိုက်မှာပါ "
အဲလက်စ်သည် ကြာပွတ်ကို ဆုပ်ကိုင်ရင်း ချယ်ရီအား ချုပ်ထားသည့် အချုပ်ခန်းအတွင်းသို့ဝင်လာသည်..။ သူ၏ ပုံစံက Charlesကို ထိသမျှ ဘယ်သူ့ကိုမဆို ခွင့်လွှတ်မဲ့ ပုံစံမရှိ..။ နတ်ဆိုးတစ်ကောင်အလားပင်။ အခြားတစ်ဖက်မှာတော့ နတ်ဘုရားတစ်ပါးလို ချောမောနေပြန်သည်..။
YOU ARE READING
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomanceOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...