ပင်းပင်းနန်သည် လူအုပ်နောက်နားတွင် ဆိုသော်လည်း ကားပေါ်က ဆင်းလာသူ မြင်နိုင်မည့် နေရာတွင် ရပ်ကာ ဖြူစင်သော အပြုံးလေးဖြင့် လှမ်းကြည့်နေသည်..။သူမရှေ့တွင်တော့ သတင်းထောက်များသာရှိကာ မည်သူမျှ သူမကို သတိမထားမိကြချေ...။
ထိုအချိန်တွင် ပင်းပင်းနန်နားသို့ မိန်းကလေးနှစ်ယောက်ရောက်လာကာ
" ဟယ် မမနန်ကို ကျွန်မတို့က ကျိုးသခင်လေး နဲ့ အတူလာမယ်ထင်နေတာ "ထိုကောင်မလေး၏ နဘေးမှ တစ်ယောက်မှလည်း
" ဟုတ်တယ် ကျိုးသခင်လေးနဲ့အတူမလာဘူး ဆိုတော့ အဟင်းးးးး နှစ်ယောက်က ကောလဟာလတွေထဲကလို မဟုတ်ကြဘူးများလား "
ထိုမိန်းကလေးသည် လှောင်သလို မျက်နှာဘေးဖြင့် ပြောသည်....။ ပင်းပင်းနန်တို့ ကျောင်းတွင် ကျိုးမိုရှန်း လျစ်လျူမရှုတဲ့ မိန်းကလေး ဆိုလို့ ပင်းပင်းနန်တစ်ယောက်သာ ရှိ၍ လူများအား ထိုသို့ အထင်လွဲစေအောင် ပင်းပင်းနန်လုပ်ထားခြင်း ဖြစ်သည်...။ပင်းပင်းနန်မှ
" အကို မိုရှန်းက တို့ကို အရင်လာခိုင်းလို့လေ တို့ပြောပါတယ် အတူသွားရအောင်လို့ ဟင်းဟင်းး"
စိတ်ထဲတွင်တော့
' ငါ့ကိုလာလှောင်နေတယ် ကြည့်နေစမ်းပါ အကိုမိုရှန်းလာမှ နင်တို့ကို ငါက အကိုမိုရှန်းရဲ့ တစိဦးတည်းသော မိန်းကလေးဆိုတာသိအောင်လုပ်ပြမယ်'အမှန်တွင်တော့ ကျိုးမိုရှန်းအား ပင်းပင်းနန်ဖုန်းဆက်နေသည်မှာ အခေါက်ရေ တော်တော်များနေပါပြီ.. ။ အခုထိကို ဖုန်းမကိုင်ချေ...။
ပင်းပင်းနန် ထိုသူမတို့ကို ဂရုမစိုက်တော့ဘဲ အကိုမိုရှန်းဆင်းလာမှာကိုသာ လှမ်းကြည့်နေလိုက်တော့သည်...။ ' ဒီနေရာကနေဆို သူ ငါ့ကိုသေချာပေါက်မြင်မှာပါ '
ကျိုးမိုရှန်းသည် driver seatဘက်မှ ဆင်းလာပြီး တစ်ဖက် lover seatဘက်သို့သွားကာ တံခါးသွားဖွင့်ပေးနေ၏..။ ထိုအခြေအနေကိုမြင်သော သတင်းထောက်များနှင့် ဧည့်သည်များဟာဆိုရင် အကြီးအကျယ်ကိုအံ့သြနေကြသည်...။ ကျိုးမိုရှန်းသည် စီးပွားရေးလောကထဲ စဝင်ကတည်းကနေ ပွဲတိုင်း ပါတနာ ခေါ်မလာတတ်ချေ...။
ESTÁS LEYENDO
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomanceOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...