Charlesသည် ဇာတ်လိုက်မကို ကြည့်နေရာမှ သူ့အား တစ်ယောက်ယောက်က စူးစိုက်ကြည့်နေသည်ဟု ခံစားမိသောကြောင့် ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သည်...။
ရာထူးမြင့်ပိုင်းတွေ ထိုင်သည့်ဘက်မှာ ခန့်ညားသည့် အမျိုးသားတစ်ယောက်က သူ့အား စိုက်ကြည့်နေသည်...။ ထိုသူ၏ အကြည့်များက တကယ်ကို စူးရှပြီး Charlesတစ်ကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ တဖြန်းဖြန်းထလာသည် အထိပင်..။
ရုပ်ရည်အရတော့ ဇာတ်လိုက်တွေမှာသာ ရှိတဲ့ ရုပ်ရည်မျိုးဘဲ..။ ဒါပေမယ့် ဇာတ်လိုက်က Johnလေ ။ ဒီကမ္ဘာရဲ့ ဘုရင်...... ။ ဒါဆို ထိုသူကရော..?
' ဘယ်သူများပါလိမ့်...။ '
( Hostရဲ့ ခန့်ညားချောမောတဲ့ Systemလေး ပြန်လာပါပြီ.. ။ Hostကို ကြည့်နေတာ ဒီ ကမ္ဘာရဲ့ Big boss Alexပါ...။)
' အွန်းး ပြန်လာတာ မြန်လိုက်တာ ။ ဒါနဲ့ နောက်ခါကျရင် ငါ့ကိုဇာတ်ကြောင်းပေးရင် ရုပ်နဲ့ နာမည်နဲ့ တွဲပြီးပေး...။ '
( ဟုတ်..။)
အပြာလုံးသည် တက်တက်ကြွကြွလေးပြန်ဖြေရင်း...
(Host ကျွန်တော် စက်သွားပြင်ရင်း အထက်က Hostအတွက် တာဝန်တစ်ခုပေးလိုက်ပါတယ် ။ အဲ့တာက...)'No! ! ! !'
( အဲ့တာဝန်က.. )
' No! ! !'(Host Noကနေတက်ဦးမှာလား)
' မင်းကရော Noရဲ့ အဓိပ္ပါယ်ကို မသိဘူးလား။ မင်းဘာသာမင်း အဲ့တာဝန်ကို လက်ခံလာတာလေ ။ ငါလက်ခံမယ် ပြောမိလို့လား ။ သိလဲ မသိချင်ဘူး။ ပြောလဲ မပြောနဲ့ '
အပြာလုံးလေး မျက်နှာ ရှုံ့မဲ့သွားသည်..။ Charlesသည်တော့ ဂရုမစိုက်စွာ လက်ထဲက ကြက်ပေါင်တုံးကြီးကို အားရပါးရကိုက်ပစ်လိုက်သည်...။
ထိုအချိန်တွင် အပြာလုံးထံမှာ စက်ရုပ်အသံကြီးဖြင့်
(Host 4011 ! တာဝန်ကို လက်ခံပါ ။ ဆယ် စက္ကန့်အတွင်း လက်မခံပါက Hostရဲ့ ဝိဥာဥ် အား ဖျက်စီးမည်)
Charlesစားနေရင်း နင်တောင် နင်သွားကာ ဘေးက ဝိုင်ခွက်အား ဦးစွာ သောက်လိုက်ပြီးမှ
' အပြာလုံး ။ မင်းမလား လာနှောက်မနေနဲ့'( 1....2....3....4....5....6..)
Systemသည် ပြန်လည်ဖြေကြားခြင်းမရှိဘဲ နံပါတ်စဥ်ကိုသာ ရေတွက်နေသည်...။
أنت تقرأ
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
عاطفيةOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...