Arc-2 Part-16

4.7K 610 13
                                    

တံခါးတစ်ဖက်သာ ဖွင့်ထားသော်လည်း ဖွင့်ထားတဲ့ ဘက်ခြမ်းကနေပြီးတော့ ခပ်ပြေပြေလေလေးက တိုက်ခတ်လျက်...။ Alex ကုတင်စွန်းမှာ ထိုင်ပြီး ချစ်ရတဲ့ ကောင်လေးရဲ့ နှာဖူးပေါ်မှာ အုပ်နေတဲ့ ဆံပင်လေးများကို သပ်တင်ပေးလိုက်သည်..။ ပေါ်လာတဲ့ နှာဖူးပြေပြေလေးကအစ မြတ်နိုးဖွယ်ရာအတိ...။

ခါးကို အနည်းငယ်ကိုင်း၍ နှာဖူးမှာ အနမ်းတစ်ပွင့် ဖြန့်ကြဲမိသည်..။ ဘာရမက်မှ မပါတဲ့ အဖြူရောင်အနမ်းလေးက တကယ်ကို မြတ်နိုးမှုများဖြင့်...။
ဆေးလိမ်းပြီးသွားလို့ ပြန်ဝတ်ပေးထားတဲ့ အကျ••ကို ကြယ်သီးတစ်ချို့တပ်ပေးရင်း ဖွင့်ဖို့ကျန်နေတဲ့ တံခါးတစ်ဖက်ကို ဖွင့်လိုက်သည်...။ မနက်ခင်း နေ့ရောင်ခြည်က အခန်းအတွင်း ဖြာကျလာမှုကြောင့် အဖြူရောင်လိုက်ကာ အပါးကိုပါတစ်ခါတည်း အုပ်လိုက်သည်...။

Charlesမျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတာက သူနဲ့ စိမ်းသက်မနေတဲ့ အခန်းလေး...။ကျောအောက်က အိစက်နေတဲ့ မွေ့ယာသည် တစ်လလုံးလုံး တွေ့ကရာ နေရာကျောချပြီး အိပ်စက်မှုကြောင့် အသား မကျသလို...။

သူမှတ်မိသလောက် Systemရဲ့ ဆေးက ခန္ဓာကိုယ်ကို သက်ရောက်မှုမရှိသောကြောင့် အားနည်းပြီး သတိလစ်သွားခြင်း...။ ထလိုက်တော့ ဆေးအစွမ်းဖြင့် နာကျင်မှုတစ်စုံတစ်ရာမရှိ... ။

Alex လိုက်ကာကို ပိတ်ပြီး ပြန်အလှည့် အခန်းထောင့်က ပန်းအိုးလေးကို သတိထားကြည့်မိသည်...။ ဘာပန်းစိုက်ထားခဲ့မှန်း မသိတော့လောက်အောင်အထိ ပန်းလေးက ညိုးနွမ်းနေသည်...။ ပန်းဆီ ဦးတည်မဲ့ ခြေလှမ်းများသည် မျက်ဝန်းထောင့်က လှုပ်ရှားနေတဲ့ အရိပ်လေးကြောင့် ကုတင်ဘက်ကိုသာ အလျင်အမြန် သွားမိသည်..။

" ကလေး ! အဆင်ပြေရဲ့လား နောက်ကျောဘက်က နာနေသေးလား ရေသောက်ဦးမလား နေရတာကော အဆင်ပြေရဲ့လား ကိုယ့်ကိုရော မှတ်မိရဲ့လား ပြန်ဖြေဦးလေ ဟမ်! သမားတော်! ! ! "

ကလေးကို မေးနေသော်လည်း ဘာမှပြန်မဖြေဘဲ ပြူးပြူးလေးကြည့်နေသောကြောင့် သမားတော်ကို လှမ်းအော်မိသည်...။

အပြင်တွင် အသင့်စောင့်နေသော သမားတော်ကြီးသည် အရှင်Alexရဲ့အသံကိုကြားသည့်နှင့် အပြေးတစ်ပိုင်းဝင်လာသည်...။

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemDonde viven las historias. Descúbrelo ahora