" အဆင်ပြေရဲ့လား "
လီကျယ် ရောက်ရောက်ချင်းကြားလိုက်ရတာက မိန်းမငယ်လေးတစ်ယောက်ရဲ့ စိုးရိမ်တကြီး မေးသံ...။ဘေးပတ်လည်ကို ကြည့်လိုက်တော့ အပ်ချုပ်စက်များစွာဖြင့်....
လီကျယ် ခေါင်းညိမ့်ပြလိုက်ကာ ထိုမိန်းကလေး၏ ကိုယ်ပေါ် မှ ထရန် ပြင်လိုက်သည်...။ အနေအထားသည် မူလကိုယ်က မေ့လဲသွားခဲ့ဟန်ရှိသည်..။ ထိုမိန်းကလေး ထိန်းပေးထားရာမှ ထလိုက်ပြီး
မူးနောက်နောက်ဖြစ်နေသော ခေါင်းကြည်စေရန် နှစ်ချက်လောက် ခါလိုက်၏...။ထိုမိန်းကလေးကတော့ လီကျယ်အား ကြည့်နေဆဲပင်...။
ထိုအချိန်တွင် အမျိုးသမီးတစ်ယောက်၏ မာကျောကျော အသံကို ကြားလိုက်ရသည်။
" ပါးလေး တစ်ချက်ရိုက်လိုက်တာ အခုထိနာလို့ မပြီးသေးဘူးလား "လီကျယ် အဲ့တော့မှ သူတို့ရှေ့တွင် အခြားသောသူများရှိသေးကြောင်း သိလိုက်သည်..။ အခြေအနေသည် ဘာဖြစ်လို့ ဖြစ်မှန်း မသိရသေး။ မှတ်ဥာဏ်လည်း မရသေးသည်မို့ အဆင်ပြေသလို အလိုက်အထိုက်နေရန်သာ တတ်နိုင်သည်...။
နံဘေးမှ မိန်းကလေးမှ
" တောင်းပန်ပါတယ် သခင်မလေး! တောင်းပန်ပါတယ်"လီကျယ် ထိုအမျိုးသမီးကို မော့ကြည့်လိုက်သည်...။ အရမ်းကြီး ခေတ်ရှေ့မပြေးသော နန်းတွင်းဝတ် ဂါဝန်ဖြင့် နတ်သမီးတမျှ လှပသော မိန်းကလေးတစ်ယောက်ပင် ။ သို့သော် မျက်နှာလေးနဲ့မှ မလိုက် ။ အပြောအဆိုနှင့် အပြုအမူသည် အတော်လေးရိုင်းစိုင်းဟန်ရှိသည်..။ အသက်အရွယ်သည် နှစ်ဆယ်လောက်သာရှိဦးမည်..။
" နင်က ဘာကြည့်တာတုန်း ...အပ်ချုပ်သမားကောင်ကများ! "
တစ်စိတ် ဒီမိန်းကလေး တော်တော်ရိုင်းပါလား....အပ်ချုပ်သမားဖြစ်တော့ရော ဘာဖြစ်လို့လဲ ။ ကျစ် !
အရေးကြုံရင် systemစုတ်ကလည်း ဘာသံမှထွက်မလာဘူး... ။ လီကျယ် systemအား ခေါ်ကြည့်လိုက်သည်..။
' အပြာလုံး '
( Yes Host နည်းနည်း နောက်ကျသွားတယ် hostရဲ့ ကမ္ဘာအစစ်က ကိုယ်က တစောင်းကြီး မေ့လဲနေလို့ တည့်ပေးနေရတာ ဟီးးးး)Systemက ရောက်ရောက်ချင်း Hostအသံကြား၍ အဆူခံရမှာစိုးလို့ ဦးအောင်ရှင်းပြလိုက်သည်...။
လီကျယ်တွင်တော့ ထိုစကားတွင် အာရုံမရှိသေး... ။
' အခုက ဘာအခြေအနေကြီးလဲ လုပ်ဦး '
Systemသည် အဲ့တော့မှ အခြေအနေတစ်ချက်ကြည့်ပြီး
( အော် Host မှတ်ဥာဏ်တွေမရသေးဘူး ဘဲ ခဏ)
ခဏသာပြောသည် ကြာကိုမကြာလိုက် တစ်ခဏချင်းပင် မူလကိုယ်၏ မှတ်ဥာဏ်ပွင့်သွားပြီး လီကျယ်သည် မူလကိုယ်နှင့် တစ်သားတည်းဖြစ်သွားသည်..။
CITEȘTI
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
DragosteOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...