ပိုင်ယွဲ့မင်green teaကိုငုံသောက်နေရာမှ ဇာတ်လိုက်မအသံကြောင့် မျက်ခုံးကိုပင့်ကြည့်လိုက်ပြီး ခေါင်းမော့လိုက်သည်
ပါးပေါ်က ပါးချိုင့်လေးကလဲ ထင်းနေရော
အနားပတ်ဝန်းကျင်က ပွဲကြည့်ဖို့ မသိမသာ ရှိုးနေတဲ့ သူတွေပါ ငေးခနဲ ဖြစ်သွားသည် ဇာတ်လိုက်အပါအဝင်ပေါ့ ဇာတ်လိုက်မက ပိုင်ယွဲ့မင်ကို တခြားသူတွေငေးနေတာမြင်တော့ မကျေနပ်တဲ့ စိတ်ကိုဖုံးပြီး ပြုံးကာ ဆက်ပြောလိုက်၏
"မင်အာ အဲ့ဒီမှာ ထိုင်မနေနဲ့လေ ဒီကိုလာပြီး တူတူထိုင်ရအောင်"
ဆိုပြီး ကြင်နာတတ်တဲ့ အပြုံးလေးနဲ့ ပြောလိုက်သည် 'ဟွန့် ဒီငတုံးကို အကိုမိုရှန်း ကဘယ်သူနဲ့ဘဲဆိုင်လဲဆိုတာ သိအောင်ပြရမယ်'ဆိုပြီး စိတ်ထဲ၌လဲ ဆက်လက်တွေးနေမိ၏ သူမရဲ့ လှည့်ကွက်ကို အရင်ပိုင်ယွဲ့မင်သာဆိုရင်တော့ ဝင်ရင်ဝင်မယ် သူ့ကြိတ်ကြိုက်တဲ့ သူနဲ့အတူနေ့လည်စာစားရမှာမလို့ ဒါပေမယ့် သူ(Host)ကဘယ်သူမို့လို့လဲ 'ဆောတီးဘဲမင်းနဲ့ ကစားဖို့ စိတ်မပါဘူး မူလကိုယ်ရဲ့ ဆန္ဒ ကိုဖြည့်ဆည်းဖို့ စာကြိုးစားရဦးမယ် '
ပိုင်ယွဲ့မင်က မတ်တပ်ရပ် လိုက်၏ သောက်လို့ကုန်သွားတဲ့ green teaဘူးကို ထိုင်နေတဲ့ စားပွဲခုံရဲ့ ဘေးက အမှိုက်ပုံးထဲကိုပစ်ချလိုက်သည် နောက်ပြီး တစ်ရှုးတစ်ရွက်ကို ဘူးထဲကထုတ်ပြီး နှုတ်ခမ်းကို သုတ်လိုက်၏။ အကုန်ပြီးမှ
" ငါအခုတင် စားလို့ပြီးတာ အရင်သွားနှင့်ပြီ "ဆိုပြီး ထွက်လာခဲ့လိုက်သည်။ စာကြည့်တိုက်ဆီသို့သာ ဦးတည်ခဲ့လိုက်၏ မူလကိုယ်က စာအရမ်း မတော်ပေမယ့် သူ့အနေနဲ့ မူလကိုယ် ဆန္ဒ ကိုဖြည့်ဆည်းဖို့ဆို ပိုပြီး ကြိုးစားဖို့လိုသည် ထို့ကြောင့် စာလုပ်ရန်အတွက် အကောင်းဆုံးနေရာဖြစ်သော စာကြည့်တိုက်သို့ ဦးတည်လိုက်ခြင်းဖြစ်သည် ။
'အပြာလုံးလေး စာမလုပ်ဘဲနဲ့ စာတွေသူ့အလိုလို ရသွားအောင်လုပ်လို့ မရဘူးလား'
( Hostအပျင်းတစ်မနေနဲ့ မ..ရ..ဘူး)
ပိုင်ယွဲ့မင် နှုတ်ခမ်းလေး မသိမသာဆူသွားပေမယ့် ဘာမှတော့ ဆက်မပြောတော့ပေ။ပိုင်ယွဲ့မင် စာကြည့်တိုက်သို့ရောက်သော် အလင်းရောင်ကောင်းကောင်းရပြီး လူတွေအုံမနေတဲ့ နေရာကိုရွေးပြီး စာကိုစကြည့်လိုက်သည်။ Systemလေးကတော့ သူ့host စာလုပ်တော့မှာ မြင်တာနဲ့ ဘာမှ မပြောတော့ဘဲ အလိုက်တသိ ဘေးကနေ ငြိမ်ငြိမ်လေးသာ နေနေလိုက်သည်။ သူ့hostစာလုပ်ရင်း ကျုံ့သွားတဲ့ မျက်မှောင်တွေကို ကြည့်ပြီး ပိုင်ယွဲ့မင်ကို ကူညီနိုင်ဖို့ တစ်ခုခုကို သေချာစဥ်းစားနေလေသည်
နောက်တော့မှ တခုခုကို စဥ်းစားမိသွားတဲ့ ပုံစံနဲ့ အသည်းအသန်အော်ပြောသည်
(Host!!!!)
Systemလေးမှာသာ ပုံသဏ္ဍာန်ရှိပါက မျက်လုံးလေးပြူးပြီး ပါးစပ်လေးပါ ဟနေမှာ ကျိန်းသေ။
'ဘာလဲကွာ စာလုပ်နေတယ်လေ'
တော်သေးတာပေါ့ သူ့(system)အသံကို ပိုင်ယွဲ့မင် တယောက်ထဲ ကြားနိုင်တာမို့ မဟုတ်ရင် စာကြည့်တိုက်ထဲက နှင်ထုတ်ခံရနိုင်သည်
(Hostကလည်း ဒီက သူ့အတွက်စဥ်းစားပေးတာကို)
'အာ့ဆိုပြောလေ'
(Hostကို ကြည့်ရတာ အဆင်ပြေနေပုံမပေါ်လို့ system store မှာ မှတ်ညဏ်ကောင်းဆေးရှိတယ်လို့ ပြောမလို့)
ပိုင်ယွဲ့မင် နားထောင်နေတာမြင်တော့ systemလေးက ဆက်ပြောလာသည်
(အက်တာက point 50တော့ ပေးရမှာပေမယ့် hostက အဲ့ဆေးကို သောက်ပြီးရင် စာကို တစ်ခါ လောက် အာရုံစိုက်ပြီး ဖတ်လိုက်တာနဲ့ တစ်ကယ့်ကို..တစ်ခါတည်းနော်! ! Hostမသေမချင်းမှတ်မိနေမှာ)
Systemလေးကတော့ ပြောပြီးပြီးချင်း မျက်ဝန်းလေးများတောက်ပလျက် အဖြေကို စောင့်နေလေသည်
ပိုင်ယွဲ့မင်မှာတော့ ငါ့အတွက်စဥ်းစားပေးတာ point 50တဲ့ အလကားလားလို့ စိတ်ဝင်စားသွားတာကို ဒါမဲ့ ကောင်းတော့လည်း ကောင်းပါတယ် စားမေးပွဲက တစ်လဘဲ ကျန်တော့တယ် ဒီပုံစံအတိုင်းသာဆို ကြာဦးမှာ
'အင်း ဝယ်မယ်'
နောက်ဆုံးတော့ systemလေးရဲ့ စျေးရောင်းစားလို့ ရအောင် ကောင်းတဲ့ အပြောနဲ့ ယွဲ့မင် စဥ်းစားခန်းဖွင့်ပြီးနောက် ဝယ်ဖို့သာ ဆုံးဖြတ်လိုက်သည်
(Host point50 နုတ်သည်)
ဆိုတဲ့ အသံကြားရပြီးနောက် လက်ထဲကို ဆေးလုံးလေးတစ်လုံးရောက်လာသည်
ESTÁS LEYENDO
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomanceOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...