Before Arc-3

4.6K 417 5
                                    

( ဝိဥာဥ်အစိတ်အပိုင်း ဘားမှာ 100ရာခိုင်နှုန်းပြည့်သွားပါပြီ ။)

လီကျယ် အသိဝင်ဝင်ချင်းကြားလိုက်ရတာက အပြာလုံးရဲ့ ကြေညာချက်ပင်..။ မျက်စိရှေ့ရှိ အဆုံးမရှိတဲ့ အဖြူရောင်မြူမှုန်များကို ကြည့်၍ သူရောက်ရှိလာသည့်နေရာအား သိနိုင်သည်...။ သေချာတာပေါ့..။ အပြာလုံးရဲ့ systemနယ်မြေဖြစ်သည်..။

(Host ဒီမှာ ဝိဥာဥ်အစိတ်အပိုင်းကျောက်ပါ ။ )

ထိုအဖြူရောင်မြူမှုန်များပေါ်တွင် မတ်တပ်ရပ်ရင်း ရှေ့တည့်တည့်၌ လေထဲတွင်ပျံနေသည့် အပန်းနုရောင် ကျောက်လေးကို ကြည့်ပြီး လှမ်းဆုပ်ကိုင်လိုက်သည်...။

( ကျောက်က အဆုံးသတ်အနီရောင်ပြောင်းသွားရင် ဝိဥာဥ်အပိုင်းအစ စုံပြီလို့ သတ်မှတ်ရမှာ တနည်းအားဖြင့် Hostရဲ့ ကမ္ဘာအစစ်ကို ပြန်လို့ရပြီ ။ ကျောက်ကို Host သိမ်းထားမလား။ ကျွန်တော်သိမ်းပေးရမလား?)

လီကျယ် လက်ထဲရှိ ပန်းနုရောင် ကျောက်လေးအားကြည့်ပြီး ဖွဖွပွတ်သပ်မိကာ ခပ်တိုးတိုးပြန်ဖြေလိုက်သည်...။

" ငါဘဲ သိမ်းထားလိုက်မယ်..။ "

အပြာရောင် အမွှေးလုံးလေးက လီကျယ်ရှေ့သို့ ပျံသန်းလာပြီး လီကျယ့်လက်ထဲက ကျောက်ကိုကြည့်ကာ

(အဲ့ဒါဆို Hostဘယ်လိုသိမ်းမလဲ...။ ကျွန်တော် အဲ့ကျောက်လေးကို လက်စွပ်လုပ်ပေးရမလား။ လက်ကောက်ဆိုရင်ရော? )

အပြာလုံးရဲ့ မေးခွန်းကြောင့် လီကျယ်အူကြောင်ကြောင်ဖြစ်ပြီး ပြန်မေးလိုက်သည်...။

" ဘာလဲ ဒါကို တစ်နေရာမှာ ငါသိမ်းထားခဲ့လို့မရဘူးလား ကိုယ်နဲ့မကွာ ဆောင်ထားရမှာလို့တော့ လာမပြောနဲ့နော် "

( ဟီးဟီး ဟုတ်ပါတယ်..။ ကိုယ်နဲ့မကွာ ဆောင်ထားရမှာမလို့ Hostနဲ့အမြဲမကွဲမကွာရှိနေတဲ့ ကျွန်တော့်ကို အပ်မလား Hostသိမ်းထားမလားလို့ မေးသားဘဲကို)

" ငါမှ မသိတာ အဲ့တာဆိုလည်း မင်းဘဲ သိမ်းထားလိုက်တော့ ငါ့ဆီမှာဆို အန္တရာယ်များတယ် "

(Yes!Host! )

အပြောနဲ့အတူဘဲ လက်ထဲရှိ ပန်းနုရောင်ကျောက်လေးသည် ပျောက်သွားကာ အပြာလုံးဆီသို့ ရောက်ရှိသွားသည်..။

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemDonde viven las historias. Descúbrelo ahora