Part 1.3 School Love

8.9K 874 11
                                    


တစ်ခုသောမနက်ခင်း8နာရီ အချိန်မှာ

Aမြို့ရဲ့ main လမ်းမကြီးပေါ်မှာ သွားလာနေတဲ့ ကားတွေနဲ့ ရှုပ်ယှက်ခတ်နေတယ်
လမ်းကြီးရဲ့ ဘေးက အထပ်မြင့် အဆော
က်အအုံကြီးတခုရဲ့ တိုက်ခန်းလေး၏
ကုတင်ပေါ်မှာ ညအိပ်ဝတ်စုံဝမ်းဆက်လေးနဲ့ အတူ စောင်ပုံတွေကြား တိုးဝင်အိပ်ပျော်နေတဲ့ ကောင်လေးတယောက်
ကုတင်အောက် ကြမ်းပြင်ပေါ်မှာတော့ မနက်7နာရီ alarmပေးထားတဲ့ နှိုးစက်လေးကလည်း ပြုတ်ကျလို့နေတယ်

တစုံတယောက်က သူ့ခေါင်းထဲကနေ ကျယ်လောင်တဲ့ အသံနဲ့အော်နေတယ်ဆိုတဲ့
အသိနဲ့အတူ ပိုင်ယွဲ့မင် မျက်လုံးတဖက်ကို
လေးပင်စွာ  ဖွင့်လိုက်တယ်
မျက်လုံးဖွင့်ဖွင့်ချင်း ခံစားလိုက်ရတာက
ပိတ်ထားတဲ့ လိုက်ကာကြားကတိုးဝင်လာတဲ့ နွေးထွေးတဲ့ နေရောင်ခြည်လေး

(Host! ! !)
Systemရဲ့ ပြဲလန်နေတဲ့ နေတဲ့ အသံနဲ့ နှိုးနေတာတောင် မျက်လုံးတဖက်ဘဲပွင့်တဲ့ ပိုင်ယွဲ့မင်ပါလေ
Systemလေးက သူ့hostရဲ့ပွင့်လာတဲ့ မျက်လုံးတဖက်ကိုကြည့်ပီး ထတော့မယ်အထင်နဲ့

(Host ကျောင်းက8နာရီခွဲ တက်ရမှာနော်)
'သိတယ်လေ မူလကိုယ်ရဲ့ မှတ်ညဏ်ထဲမှာပါတယ် '
ပိုင်ယွဲ့မင် ကုတင်ပေါ်က မထဘဲပျင်းရိပျင်း
တွဲ အမူအရာလေးနဲ့ ပြန်ဖြေလိုက်တယ်

Systemလေးလဲ မရှည်တော့တဲ့ စိတ်ကို အ
တင်းဆွဲဆန့်ပီး
(အခု ဘယ်အချိန်လဲ သိလား  8နာရီကျော်နေ ပြီဗျ! ! ! )

အဲ့တော့မှ စောင်ပုံထဲကနေ အတင်းကုန်းရုန်း ထလာတဲ့ ပိုင်ယွဲ့မင်ပါလေ
ကုတင်ပေါ်ကနေ ခြေထောက်တဖက်လဲ ချ
လိုက်ရော မနက်7နာရီလောက်က အိပ်ချင်မှူးတူးနဲ့ ပစ်ချထားတဲ့ သနားစရာနာရီလေး
နဲ့ ချလိုက်တဲ့ ခြေထောက်နဲ့ မိတ်ဆက်ရော

"အားး ဘယ်သူ အောက်မှာ နာရီကြီးချပြီး
ငါ့ကိုလာလုပ်ကြံတာလဲ " ပိုင်ယွဲ့မင် အသံပြဲ ကြီးနဲ့ထအော်တယ်

Systemလေးခမျာတော့ ဘာမှမလုပ်ရပါဘဲနဲ့ စွပ်စွဲခံလိုက်ရတယ်
ဒီ အခန်းထဲမှာ သူနဲ့hostနှစ်ယောက်ဘဲရှိတာလေ systemကအကောင်အထည်မရှိ
ပေမယ့်လိုပေါ့ အက်တော့ ဘယ်သူ့စွပ်စွဲတာဖစ်ရဦးမှာလဲ ထားပါလေ ငါကခန့်ညား
တော့ ခွင့်လွှတ်ပေးလိုက်မယ်

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemTempat cerita menjadi hidup. Temukan sekarang