' ချီးဘဲ ရှေးခေတ် ကမ္ဘာတွေက စောက်မြင်ကပ်ဖို့အရမ်းကောင်းတာဘဲ '
အပြာလုံး - ( ....... )
အပြာလုံးသည် ရုတ်တရက်ကြီးထဆဲတဲ့ သူ့Hostကြောင့် ဆွံ့အသွားခဲ့တယ်...။
' ကြည့်အုံး ငါမတ်တပ်ရပ်နေတာ 47မိနစ်တိတိရှိပြီ... ။ ခြေထောက်တွေလည်း ညောင်းကိုက်နေပြီ..။ '
Charlesသည် ထိုသို့ပြောပြီး ဇာတ်လိုက်တို့ထိုင်သည့်ဘက်ကို တစ်ချက်စောင်းကြည့်ပြီး
' သူတို့ကျတော့ ကူရှင်ခံထားတဲ့ ခုံပေါ်မှာ သက်တောင့်သက်သာလေးထိုင်ပြီး အရှေ့က ပြိုင်ပွဲကို အကဲဖြတ်နေရုံဘဲ...။ ဟော..! ဗိုက်လေးဆာလာရင်လည်း အချိုမုန့်တွေက ရှေ့မှာ အသင့် အီးးးပြောရင်းဆိုရင်း ငိုတောင် ငိုချင်လာပြီ'
အပြာလုံးလေးက သူ့Hostအကဲပိုနေတာကို ကြည့်ပြီး (Hostကဗိုက်ဆာနေလို့လား )
' မဆာဘဲ နေမလားကွ မနက်ထဲက ဘာမှမစားရသေးဘူး သူတို့ မိန်းမယူမှာကို တခြားသူတွေပါ လိုက် ဒုက္ခပေးနေတယ် ။ အစကတော့ ဒါပြီးရင် ဘူဖေးလေးစားရတော့မှာဆိုပြီး အားတင်းထားတာကို '
အပြာလုံးက Charlesမသိအောင် ခပ်ကြိတ်ကြိတ်လေးရယ်လိုက်သည်...။ 'သနားစရာ သူHostလေး။ စပြီး တာဝန်ထမ်းဆောင်ကတည်းက ငတ်နေတာ'( ခွီးးး)
အပြာလုံးသည် ထိုသို့တွေးလိုက်ပြီး မထိန်းနိုင်ဘဲ အသံထွက်ရယ်လိုက်မိသည်..။Charlesမျက်နှာကြီးဆူပုတ်သွားပြီး
' မင်းက ဘာရယ်တာလဲ ။ 'Charlesသည် ပျင်းနေသည့် အတူတူ အပြာလုံးကို ဆက်ပွားမလို့ပြင်လိုက်သော်လည်း လက်ထဲက ခွေးပေါက်က အိပ်ရာနိုးလာဟန် ရှိသည်..။
မျက်လုံးရွဲကြီးဖြင့် Charlesကိုကြည့်ကာ သူ့အား ကိုင်ထားသည့် လက်ကို လျှာပိစိလေးဖြင့် တစ်ချက်လာယက်သည်...။
Charlesသည် အသံတိုးတိုးလေးဖြင့်
" ကလေးလေးနိုးပြီလား "" ဝုတ်! "
Charles မေးလိုက်တော့ ခွေးပေါက်က အသံတစ်ချက်ပြု၏..။
တိတ်ဆိတ်နေတဲ့ နေရာမှ ခွေးဟောင်သံသေးသေးလေး ထွက်လို့လာသည်..။ ဇာတ်လိုက်တို့က တစ်ချက်လှမ်းကြည့်သော်လည်း ခဏချင်းပင် ပြန်လှည့်သွားသည်..။
DU LIEST GERADE
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomantikOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...