Arc-3 Part-13

3.5K 317 40
                                    

Unicode

" သျှံ ဒါလေးထည့်စား တို့ကိုယ်တိုင်ချက်ထားတာ "

" သားရေ သားသူငယ်ချင်းကတော့ သားလာမယ်ကြားလို့ အစောကြီးလာပြီး ဟင်းချက်ကူထားတာ "

နေစွေးမိခင်က ဝင်ပြောတော့ မာန်ပွင့်လွှာက ရှက်ပြုံးလေးဖြင့်

" ဟီးး "

" သျှံ ကြက်သားငရုတ်သီးချက် ကြိုက်တယ်မလားဟင် တို့အိမ်ကနေချက်လာခဲ့တာ "

မာန်ပွင့်လွှာသည် နေစွေးအား ဟင်းထည့်ပေးကာ စိတ်ထဲတွင် တွေးလိုက်မိသည်...။
' ဟွန့် ဒီလောက်ဆို ဟိုကောင် သူ့အဆင့်သူသိလောက်ပြီ သူမလို အရာရာ ပြီးပြည့်စုံတဲ့သူကိုကျော်ပြီး သျှံက သူ့လိုကောင်ကို ရွေးမှာတဲ့လား အိပ်မက်သာ ဆက်မက်နေလိုက်! '

ထမင်းစားခန်းအတွင်း မာန်ပွင့်လွှာ၏ အသံဖြင့်သာ ဆူညံနေကာ နေစွေး၏ မိခင်သည် မာန်တိတ်နေတာကို သတိထားမိသွားသည် ထင်သည်..။

" သားလေးလည်း ထည့်စားလေ သားလေးက ဝက်သားစားလား သားသျှံ သားချစ်သူကို ဟင်းထည့်ပေးလိုက်ဦးလေ သူ့ခမျာ အခုမှ ရောက်ဖူးတော့ စိမ်းနေရှာမှာပေါ့ "

မာန်ပွင့်လွှာ၏ မျက်နှာ ကွက်ခနဲပျက်သွားသည်..။

" ဘာပြောတယ်! ! "
အံ့သြမှုကြောင့် မာန်ပွင့်လွှာသည် ယဥ်ကျေးသည့် မိန်းမကောင်းလေးအသွင်လည်း မထိန်းနိုင်တော့ကာ ထအော်လိုက်သည်...။

ထိုအခါ စားပွဲထိပ်ရှိ နေစွေး၏ ဖခင်က မျက်မှောင်ကြုတ်ကာ မော့ကြည့်လာသည်..။ မာန်ပွင့်လွှာသည် အမူအရာကို ပြန်ထိန်းရင်း

" အာ..သမီးက အံ့သြသွားလို့ပါ ဒီကောင်..အာ..ဒီမောင်လေးက သျှံ့ရဲ့ ချစ်သူ? "

" အဲ့ဒီတော့ မင်းနဲ့ ဘာဆိုင်လဲ "

နေစွေးသည် မနေနိုင်တော့ သဖြင့် ဝင်ပြောသည်..။ ထမင်းစားခန်းအတွင်းရှိ လေထုအခြေအနေသည် ရုတ်ခြည်းတင်းမာသွားသည်..။ စားပွဲထိပ်ရှိ နေစွေးဖခင်သည်လည်း ဘာမှ ဝင်ပြောမည့်ပုံမပေါ်...။ ဝင်မပြောဆိုတာထက် သူ့ချစ်ဇနီးလေးကိုယ်တိုင်က သားခေါ်လာသည့် ကောင်လေးကို သားချစ်သူအဖြစ် အသိအမှတ်ပြုမှတော့ သူ့အနေနဲ့ ဘာမှ ဝင်ပြောစရာမရှိ။ အကုန် ချစ်ဇနီးလေးသဘော..။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jul 11, 2022 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemNơi câu chuyện tồn tại. Hãy khám phá bây giờ