1.11 School Love

8.1K 964 18
                                    


ကျိုးမိုရှန်းသူ့ရှေ့တွင် နှုတ်ခမ်းကို ဆူကာ စိတ်ဆိုးနေသော အကောင်သေးသေးလေးကို ကြည့်ကာ အူတွေယားနေသည်..။

သို့သော် ရုပ်တည်ဖြင့်သာ
"မနက်ဖြန်ကကိုယ့်ဘိုးဘိုးရဲ့မွေးနေ့ အက်တာ ကိုယ်တို့ အိမ်မှာ ပွဲလုပ်မှာ မင်းကိုယ့် ပါတနာ အဖြစ် ပွဲတက်ပေးပါလား"

ပိုင်ယွဲ့မင် အလျင်အမြန် ဒေတာထဲ အဲ့နေ့ အကြောင်းကို ပြန်စဥ်းစားလိုက်တော့ အတိအကျ ပြောမထားဘူး အဲ့အချိန်ကျတော့ ပိုင်ယွဲ့မင်က သတ်သေသွားပြီ... ။ တစ် ခြားးဟာတွေက လည်း အကျဥ်းချုံးပြီးဘဲ ပြောပြထားတာ တွေ....... ပိုင်ယွဲမင်လည်း ဆက်တွေးမနေတော့ဘဲ.....ဇာတ်လိုက်ကိုကြည့်ကာ.....
" ကျွန်တော် မနက်ဖြန် မအားလောက်ဘူး "

ပိုင်ယွဲ့မင်သည် တကယ်တော့ မနက်ဖြန် မနက်ပိုင်းသာ မအားခြင်းဖြစ်ပါသည်.... စာမေးပွဲ ဖောင်ဖြည့် ဖို့ရန် ပိုင်ယွဲ့မင်တို့ တစ်ခန်းထဲကို ခေါ်ထားခြင်းဖြစ်သည်..... သို့သော် ကျိုးမိုရှန်း တို့ မိသားစုနဲ့ မသိဘဲ အဲ့ကိုသွားတာက တမင်လူ အလှောင်ခံသွားသလို ဖြစ်နေမှာ စိုးသောကြောင့်ဖြစ်သည်......'ဒီစာမေးပွဲပြီးရင်လည်း ပိုင်ယွဲ့မင်ရဲ့ မိဘတွေဆီကို သွားရဦးမယ်...'

(Hostကအခုဘာလို့ မသွားတာလဲ)
'ငါ အာရုံ မများချင်ဘူး မူလကိုယ်က သေချာပေါက် သူ ဒုက္ခ ရောက်နေရင် သူ့မိသားစုဆီပြန်မှာပေါ့ အခုက သူက မပြန်ဘူး တစ်ခုခုတော့ရှိရမယ်'
Systemလေးမှာ သူ့hostရဲ့ ကြံကြံ ဖန်ဖန် စဥ်းစားနိုင်စွမ်းကိုကြည့်ကာ ချီးကျူးမိသွား၏
(Hostတော်လိုက်တာ)
'ငါကမင်းလို ငတုံးမှ မဟုတ်ဘဲ'
Systemလေး ပြောပြီးပြီးချင်းတွင်ပင် ယွဲ့မင်က ပြန်ပြောလိုက်ခြင်းဖြစ်သည်
Systemလေးမှ 'အူး...ဝါးhostကိုခေါ်တော့ဘူး ဟင့်..'စိတ်ထဲတွင်သာ တိတ်တဆိတ့ယ် မျက်ရည် ကျသွားခြင်းဖြစ်သည်....hostကြားအောင်တော့ ငိုရဲဘူး ငါ့hostကသိပ်စိတ်ကြီးတာ....ဟွင့်....

Systemနဲ့ စကားပြောတာ အပြင်တွင်တော့ တစ်စက္ကန့် လောက်သာကြာသည်....
ကျိုးမိုရှန်းသည် ပိုင်ယွဲ့မင်၏ မအားလောက်ဘူးဆိုတဲ့ စကားအဆုံး မပြောမဆိုနဲ့ ကားထဲကို အတင်းသွင်းကာ သူကိုယ်တိုင်လဲ ဝင်ထိုင်ပြီး မောင်းထွက်သွားတော့သည်...

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemTempat cerita menjadi hidup. Temukan sekarang