Part 1.10 School Love

8.2K 913 10
                                    

အခုဆို ပိုင်ယွဲ့မင် သူ့ရဲ့ ပထမဆုံးတာဝန်လည်းဖြစ်တဲ့ ပထမကမ္ဘာကို ရောက်နေတာ နှစ်ပတ်ရှိပြီ ဖြစ်သည် အရာအားလုံးကတော့ ပုံမှန်ပါဘဲ ဇာတ်လိုက်မကလဲ မလှုပ်ရှားသေးဘဲ ငြိမ်နေတယ် စာမေးပွဲဖြေဖို့ ကလဲ တစ်ပတ်ဘဲ လိုတော့တယ် ဒီတစ်ပတ်ပြီးရင် သူလဲ mission တစ်ဝက်ပြီးပြီ တကယ် အကုန်လုံးက အဆင်ကိုပြေနေရော။ အော်..မပြေတာတော့ တစ်ခုရှိတယ် အဲ့တာက ဇာတ်လိုက်...။ တစ်ချိန်လုံး ပိုင်ယွဲ့မင်နားကိုဘဲ လိုက်ကပ်နေတယ် ။
.
.

စိတ်ကူးသည် လွန်ခဲ့သော နှစ်ပတ်ဆီသို့..

ထိုနေ့ တစ်နည်းအားဖြင့် ကျိုးမိုရှန်းမှ သူ့ကို (မူလကိုယ်ကိုပေါ့) အဖြေလာပေးတဲ့နေ့က သူဘာပြောရမှန်းမသိ။ တစ်ကယ်ကို ကြောင်နေတုန်း သူရဲ့ မူလဘဝတုန်းကလဲ FAတစ်ယောက်ဆိုတော့ ဘာလုပ်လို့ လုပ်ရမှန်း မသိဘူး။ အတန်းဝင်ရမဲ့ အချိန်ကို လည်းရောက်သွားတာနဲ့ ဇွတ်ငြင်းပြီး ထွက်ပြေးလာခဲ့ရတာ ရီတော့လည်း ရီရသား။
ပိုင်ယွဲ့မင် အတွေးနဲ့ ထပ်တူ အပြင်မှာလည်း အပြုံးသေးသေးလေး တစ်ခုကို ပါးချိုင့် နက်နက်လေးဖြင့်  ချိတ်ဆွဲလိုက်ပြီး စိတ်အာရုံက လက်တွေ့ကို ပြန်ရောက်လာတယ်.... ။
အဲ့တော့မှ ရှေ့မှာ လူတစ်ယောက်ဝင်ထိုင်နေမှန်း သတိထားမိတယ် ဘယ်သူရမှာလဲ အမြဲ ပိုင်ယွဲ့မင်နောက်တကောက်ကောက်  လိုက်နေတဲ့ ဇာတ်လိုက်ပေါ့
ပိုင်ယွဲ့မင် အခု ကျောင်းနားက ကော်ဖီဆိုင်ကို ရောက်နေတာဖြစ်သည်... ဆိုင်ဒီဇိုင်းလေး က စိတ်ကူးယဥ်ဆန်ပြီး ကိတ်တွေက လည်း အထူးလုပ်ထားတာမို့ တစ်ကယ်ကောင်းတယ် အမြဲ လည်းလာစားဖြစ်တယ် တစ်ယောက်ထဲတော့ ဘယ်ဟုတ်မလဲ အခုသူ့ရှေ့မှာထိုင်နေတဲ့ တစ်ယောက်က အမြဲရောက်လာတတ်သည်...။
ထူးတော့လည်း ထူးဆန်းသား ဇာတ်လိုက်က ဇာတ်လိုက်မနားမသွားဘဲ သူ့နားဘဲလာနေတော့.....
(Hostကို ကြိုက်လို့နေမှာပေါ့)
'မင်း!! မင်းပျောက်သွားတာ တစ်ပတ်လောက်ရှိပြီ '
( hostအာ့တာ အခုရှင်းပြမလို့.......)
'နေဦး မင်းနဲ့ ငါနောက်မှတွေ့မယ်'
Systemနဲ့ စကားဆက်မပြောတာ တခြားကြောင်းတော့ မဟုတ်ပါဘူး အရှေ့က ကျိုးမိုရှန်း က ပိုင်ယွဲ့မင်ကို စိုက်ကြည့်နေသည် ဒါကလည်း မထူးဆန်းပါဘူး အမြဲဒီလိုဘဲ သူပြောတဲ့ စကားဆိုလို့ တွဲရအောင်ဘဲရှိတယ် ဒါတောင် နည်းနည်း ပွင့်လင်းလာတာ systemကို စကားဖြတ်လိုက်ရတာကတော့ ဆိုင်ဝင်ပေါက်ကို ပင်းပင်းနန် ဝင်လာတာကြောင့် ဖြစ်ပါသည်....။သူမက ပိုင်ယွဲ့မင်ကိုလည်း မြင်ရော မျက်နှာက မသိမသာ မဲ့သွားသည်.... သို့သော် သူမက တစ်ခုခု ကိုရှာနေသလိုဘဲ

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemDonde viven las historias. Descúbrelo ahora