[Host ဝိဥာဥ်အစိတ်အပိုင်းဘာတန်းမှာ 43%ထိ တက်လာပါတယ်]
အပြာလုံး၏ အချက်ပေးချက်ကြောင့် မာန့်ရဲ့ နောက်နေတဲ့ စိတ်လေး ပြန်ကြည်လာတယ်.....။ ဘာလို့ စိတ်မကြည်တာလဲ ဆိုတော့ ဦးနေစွေးပေါ့ မာန်က ထွက်မပြေးတော့ပါဘူးလို့လည်း ကတိပေးပြီးပြီ။ အဲ့ဒီ့အပြင်ကို မာန့်ရဲ့ ပထမဆုံးကိုတောင် သူ့ကိုပေးခဲ့တာကို အခုထိ မာန့်ကို မယုံဘဲ ။သံကြိုးကြီးနဲ့ တုတ်ထားခဲ့လို့ မေပယ်မင်းမာန်ဆိုတဲ့ ကောင်ချောလေးက အခုဆို အနက်စွေးစွေး ကုတင်ကြီးပေါ်မှာ ငုတ်တုတ်!!..။
' ဝိုး! ! မဆိုးဘူးဘဲဟ ငါရောက်တာမှ တစ်ရက်ထဲရှိသေးတယ်...။ ဘားတန်းမှာ တစ်ဝက်နီးနီးတက်လာပြီ! '
(Host ကလည်း!အဲ့ဒါ Hostတို့ရဲ့ မနေ့က အချစ်ညလေးကြောင့်လေ ဟီးဟီး)
မာန်မျက်နှာကြီးမဲပုတ်သွားသည်...။
ဖြစ်ရတယ်.....အဲ့ဒါနဲ့ဘဲ မာန်က အမြဲဦးနေစွေးမဏိသျှံနဲ့ အချစ်ညတွေဖန်တီးနေရမလို..........။' ဒါနဲ့ ငါ့အထင်လေ ဦးနေစွေးမဏိသျှံက မူလကိုယ်ကိုမချစ်ခဲ့ဘူးလို့ထင်တယ် '
(Hostက ဘာလို့အဲ့လိုထင်ရတာလဲ ဇာတ်လိုက်က ဇာတ်လိုက်မကိုချစ်လို့ဘဲ အဆုံးရှုံးမခံနိုင်လို့ ဖမ်းခေါ်ခဲ့တာမလား)
' အဲ့တာက ဒေတာထဲမှာ ပါတာလေကွာ ။ ဒါကငါ့ရဲ့ သုံးသပ်ချက် ။ မနေ့က သူ့အပြုအမူတွေကိုကြည့်ရတာ မူလကိုယ်ကို စွဲလမ်းနေတာနဲ့ပိုတူတယ်....ဘယ်လိုမျိုးလည်းဆိုတော့ သူအရမ်းကြိုက်တဲ့ အရုပ်လေးကို တခြားသူယူသွားမှာဆိုးလို့ မြန်မြန်ဝယ်ပြီး သိမ်းထားလိုက်တာမျိုး '
' ပြီးတော့ မာန်နဲ့ ဦးနေစွေးနဲ့မတွေ့ခင် မာန်က မိန်းကလေးတစ်ယောက်နဲ့ ဘာလိုလိုညာလိုလို သတင်းထွက်သေးတယ်... ပြီးတော့ ဇာတ်လိုက်နှစ်ယောက်တွေ့ထဲအထိ အဲ့မိန်းကလေးနဲ့ မာန်က မကင်းရှင်းသေးဘူးလေ'
(Host စုံထောက်သာလုပ်တော့! အရင်တုန်းက ကိစ္စတွေက အခုအတွက်အသုံးမဝင်ဘူး။ လက်ရှိကိုသာ အာရုံစိုက်ပါ Host)
အပြာလုံးနဲ့ မာန်ရဲ့စကားသံတွေ ရပ်သွားတော့ အခန်းတစ်ခန်းလုံးတွင် အဲယားကွန်းမှ လေသံကိုသာ ကြားရသည်.....။ မာန်လည်း ပုံမှန်အတိုင်းထိုင်နေဆဲ......။ အချိန်တစ်ခုကြာတော့ အောက်ထပ်သို့ မနက်စာသွားယူတဲ့ ဦးနေစွေးသည် တံခါးကိုဖွင့်၍ ဝင်လာသည်.....။
BẠN ĐANG ĐỌC
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
Lãng mạnOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...