System လေးက ဝမ်းသာအားရ သူ့hostကိုမြူဆွယ်ရှာသည်..ကမ်ဘာပတ်မယ်ဆိုပီးတော့ပေါ့...ဘာလို့ဆို သူ့hostကိုscanဖတ်တုန်းက ခရီးသွားရတာကြိုက်တယ်တဲ့လေ
ဒါနဲ့များဘာလို့အိမ်တွင်းပုန်းနေလဲမသိ... ဟုသာ တွေးလိုက်မိတော့သည်..။ထိုအချိန်တွင်
လီကျယ်တစ်ယောက်ကတော့ စကားသာပြန်ပြောနေတာ သူ့အကြည့်တွေတော့ ဘေးပတ်လည်ကအဖြူရောင်မြူတွေဆီမှာ Systemလေးကသူ့hostရဲ့အာရုံသူ့ဆီမှာမရှိမှန်းသိတော့ hostရဲ့ရှေ့တည့်တည့်ကိုပျံသန်းလာပီး
(အဟမ်း hostရေ အရံဇာတ်ကောင်ပြန်လည်ဝင်စားခြင်းsystemကနေ ကြိုဆိုပါတယ်)
"မင်းကဘယ်သူတုန်း"
(ကျွန်တော်ကခန့်ညားချောမောတဲ့system
Code 013112ပါ)လို့ ဂုဏ်ယူပြုံးကြီးနဲ့ဖြေလိုက်သည်...
systemရဲ့ပြန်ဖြေသံအဆုံး လီကျယ်မျက်လုံးတွလှိမ့်ပစ်လိုက်မိသည်..
အပြာရောင်အမွေးလုံးလေးကသူ့ကိုယ်သူ ခန့်ညားသတဲ့
ထားပါလေ တနေ့မှမှန်ယူပြလိုက်မယ်"ငါအခုမင်းနဲ့ချိတ်မိနေတော့ဘာလုပ်ရမှာလဲ ငါဖတ်ဖူးတဲ့ficတွေထဲကလိုကမ်ဘာပတ်တာဝန်ထမ်းဆောင်ရမှာလား"
လီကျယ်မေးလိုက်တော့ systemလေး အထက်ကို ကျေးဇူးတင်သွားသည်..
သူဒီတခါတော့ ညဏ်ကြီးရှင်hostရပီပေါ့
(ဟုတ်ပါတယ် ကျွန်တော်ကခင်ဗျားကို24နာရီဝန်ဆောင်မှုပေးမှာပါ)
Systemရဲ့စကားကြားတော့လီကျယ်တခဏလောက်စဥ်းစားပီးမေးလိုက်သည်.. "ဝန်ဆောင်မှုကဘာလဲ စားလို့ရလား ဗိုက်ဆာလို့"
systemလေးမှာတော့
ချီးကျူးမိတာမှားပါတယ် hostရာ ဒီhostကသေချာပေါက်အငတ်ဘဲဖြစ်ရမယ်လို့လည်း တစ်ဆက်တည်း တွေးလိုက်မိသည်..
ဘာလို့ဆိုတခြားhostတွေဆိုဒီအချိန်ကြောက် လန့်ပီးတော့မေးခွန်းတွေမေးနေမှာကို သူ့hostကျမှာငတ်နေရတယ်လို့
Systemလေးငိုနေပါပီနော်....လီကျယ် systemနဲ့စကားပြောနေရင်း
Systemဘက်ကတိတ်ကျသွားတော့ ဆက်ပြောလိုက်တယ် "အက်တာဆိုသွားရအောင်လေငါဗိုက်ဆာနေပီ......အဲဒါနဲ့မင်းနာမည်ကဘာလဲ"
Systemလေးလည်းစိတ်ပေါက်ပေါက်နဲ့
(Systemတွေမှာနာမည်မရှိဘူး hostကိုပြောပြတဲ့codeနံပါတ်ဘဲရှိတယ်)လို့ဖြေပီးလီကျယ် ကိုစကားပြန်ပြောချိန်မပေးဘဲ(ကူးပြောင်းမှုစတင်ပါပီ 1..30....60...98..100)
(ကူးပြောင်းမှုပီးဆုံးပါပီ)
Systemရဲ့ ကူးပြောင်းမှုပီးဆုံးပီဆိုတဲ့အသံ
နဲ့အတူ လီကျယ်လည်းအေးခနဲ ဝိညဥ်လွင့်သလိုဖြစ်ပီးအမြင်အာရုံတွေအမှောင်ကျသွားတော့သည် သတိမမေ့ခင်တွေးလိုက်မိတာက 'ဒီsystem စိတ်ကောက်သွားတာလားဟ'ဆိုပီးတော့သာ ဖြစ်သည်..ဟုတ်ပါတယ် အသစ်စက်စက်systemလေးစိတ်ကောက်သွားတာပါ တခြားတော့မဟုတ်ပါဘူး
သူရှင်းပြချင်တာတွေမရှင်းပြလိုက်ရလို့ပါ(ဟွန့်..ဒီကသေချာလေးရှင်းပြပါမယ်ဆိုပြီး ကျက်ထားတာကို hostကငတ်ကြီးကျနေရတယ်လို့ ဂျပိုးနင့်ပီးသေမဲ့host... ဝွန်းးးစိတ်ဆိုးတယ်)
တစ်ခြားတော့ မဟုတ်ပါဘူး အခု systemလေး အတွက် လီကျယ်က ပထမဆုံး တာဝန်ကျ ဖူးတဲ့ hostဖြစ်နေလို့ တစ်ခုခု မေးရင် ဖြေရအောင် ကျက်ထားတာလေးတွေ မပြောလိုက်ရလို့ ဖြစ်သည်..******************
လီကျယ်၏စိတ်ထဲတွင် အားးးဆိုပီအကျယ်ကြီးညည်းလိုက်သည်...
သူမျက်လုံးကိုဖွင့်လိုက်တော့မိုးပြာရောင်မျက်နှာကျက်တခု ဘေးပတ်လည်ကိုမျက်လုံးဝေ့ကြည့်လိုက်တော့ သူရောက်နေတာ အခန်းတခုဖြစ်သည်..။
သူ့ကိုယ်ကလည်း အင်းးအခုရောက်နေတဲ့ကိုယ်ပေါ့ ။ကိုက်ခဲနေသည် ။ခေါင်းကလည်း မူးနောက်နောက်နဲ့ ကြည့်ရတာ အထိုးအနှက်ခံထားရပုံဘဲ
ဘာဖြစ််နေမှန်းမသိတာနဲ့ system ကိုမေးရန်ဘေးပတ်လည်အပေါ်အောက်ကို ပြူးပြဲပြီးရှာနေသည် 'ဟင် အပြာလုံးလေးလဲမပါလာပါလား သူကဘာမှလဲမပြောတော့ ငါဘာလုပ်ရမှာလဲ'Systemကတော့ ကြားနေရတဲ့သူ့hostအတွေးကိုနားထောင်ပီး စိတ်လေတယ်ဆိုတဲ့ ပုံစံနဲ့ ခေါင်းကိုဘယ်ညာရမ်း
လိုက်သည်..။
****************
YOU ARE READING
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomanceOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...