Part 1.12 School Love

7.7K 823 11
                                    

နွေဦးလေပြေငယ်သည် ပူနွေးခြင်းကို ဖြစ်စေသည်...။ အရှိန်ဖြင့် ပြေးလွားနေသော ကားများရှိရာ လမ်းမထက်ဆီမှာတော့ အရှိန် ညီးညီး တောက်ပနေသော နေရောင်က စူးရဲစွာ ဖြာကျလျှက်ရှိသည်..။
ကားတစ်စီး၏ အတွင်းပိုင်းတွင်တော့ မောင်းသူထိုင်ခုံတွင်ထိုင်နေသောကောင်လေးသည် ကျေနပ်နေသော မျက်နှာပေးလေးဖြင့် ဘေးက ကောင်ငယ်လေးကို ချော့နေရှာသည်.. ။Lover seatတွင်ထိုင်နေသော creamအနည်းငယ်သာလိမ်းခြယ်ထားပြီး နဂို ကတည်းက ခပ်ရဲရဲ ဖြစ်နေသော နှုတ်ခမ်းပိုင်ရှင် ထိုကောင်ငယ်လေး၏ မျက်နှာနုနုမှာတော့....ဒေါသဖြင့် နီရဲလျက်...။ထိုသူ နှစ်ယောက်က တခြားမဟုတ် ပိုင်ယွဲ့မင်နဲ့ ကျိုးမိုရှန်းသာ...။
"ကျွန်တော် မအားပါဘူး ဆိုနေဗျာ"
ပိုင်ယွဲ့မင်က မျက်မှောင်လေး အနည်းငယ် ကျုံ၍ ပြောသည်.. ။ ဘေးဘက်ရှိ ကျိုးမိုရှန်းက တော့ သူ့ကိုပြောတာ မဟုတ်သလိုပင်.. ။
"ဒါက ကိုယ့်အဘိုးရဲ့ မွေးနေ့လေ  ကိုယ့်ချစ်သူက လာရမှာပေါ့ မဟုတ်ဘူးလား"
ဆိုကာ ကားမောင်းနေရင်းမှ လွတ်နေတဲ့ လက်တစ်ဖက်ကို ပိုင်ယွဲ့မင်ရဲ့ လက်ပေါ်သို့ လာတင်တယ်..။ ပြီးတော့ သေသေချာချာကို ဆုပ်ထားသေး၏..။ ပိုင်ယွဲ့မင် ရုတ်တရက် ဇာတ်လိုက်ရဲ့ ကြားတဲ့သူတိုင်းပစ်ကြွေချင်စရာကောင်းလောက်တဲ့ ယောက်ျားဆန်ဆန် ခပ်သြသြအသံကိုကြားပြီး ပြောစရာစရာမဲ့သွားသည်...။
ကျိုးမိုရှန်းနှင့် သူသည် ယခု ကျိုးမိုရှန်းဘိုးဘိုး၏ မွေးနေ့ပွဲသို့သွားနေခြင်းဖြစ်သည်..။ မနေ့ကတည်းက လူကို ဖက်ရှင်ဆိုင်ကို သွားပြီး ကိုယ်တိုင်းယူကာ သူ့(မိုရှန်း)စိတ်ကြိုက် အနောက်တိုင်းဝတ်စုံနှစ်ထည် မှာခဲ့သည်..။ အဲ့နောက် သူငြင်းတာလည်းမရဘဲ ကျိုးဂရုက စျေးဝယ်စင်တာတစ်ခုကိုသွားပြီး သူ့အဘိုးဖို့ လက်ဆောင်ရွေးကူခိုင်းသည်...။ အဲ့တာဘဲလားဆိုတော့ မဟုတ်သေးဘူး...။ ကွန်ဒိုကိုပြန်ပို့မယ်အထင်နဲ့ အဲ့ကနေဇာတ်လိုက်ရဲ့ ကားနဲ့ဘဲ ပြန်လာခဲ့တာ....ညစာစားချိန်ရောက်နေပြီဆိုတဲ့ အကြောင်းပြချက်နဲ့ စားသောက်ဆိုင်တစ်ခုမှာ ညစာအတူစားလိုက်ရသေးတယ်.. ။ ဘာမှတော့ မဖြစ်ပါဘူး ကိုယ့်ပိုက်ဆံ ကုန်တာမှ မဟုတ်တာ...
ခပ်ချဥ်ချဥ်အတွေးလေးဖြင့် ပိုင်ယွဲ့မင်လက်တွေ့တွင် မျက်မှောင်လေးကို ကြုတ်လိုက်မိ၏.. ။ ဒီမနက်ကျပြန်တော့လည်း ညနေ6နာရီမှ စမည့်ပွဲကို မနက် 8နာရီ လောက်တည်းက ကွန်ဒိုကနေလာခေါ်ပြီး ကျောင်းကို လိုက်ပို့ပေးတယ် ကျောင်းမှာ စာမေးပွဲ ဖောင်ဖြည့်တာကလည်း ပုံမှန်ဆို တစ်ယောက်ချင်းစီ စောင့်ရမှာပေမယ့် သူကတော့ အလွယ်တကူ ရောက်ရောက်ချင်း ဘဲ ဖောင်ဖြည့်ခဲ့ရတာ 5မိနစ်တောင်ကြာခဲ့ရဲ့လားမသိဘူး... ။ထို့နောက် ဝတ်စုံအပ်ထားတဲ့ ဆိုင်ကို မောင်းကာ မှာထားတဲ့ ဝတ်စုံသစ်ကို စမ်းဝတ်ကြည့်ရတယ်..။တစ်ရက်တည်းနဲ့ ဝတ်စုံနှစ်ခုကို ပြင်ဆင်ရတာ ဆိုတော့ ထိုဆိုင်ကလည်း အမှားအယွင်းအနည်းငယ်တော့ရှိမှာပေါ့

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemOù les histoires vivent. Découvrez maintenant