Alex သည် တိုင်းပြည်တွေကို သိမ်းကာ အင်ပါယာအဖြစ်ထူထောင်ရန် စီမံကိန်းကို နှစ်ရှည်လများ စီစဥ်ခဲ့ရသည်...။ အခုတော့ သူ့ဆန္ဒတွေ ပြည့်စုံသွားပြီ...။
Zတိုင်းပြည်ရဲ့ မြို့စောင့်တပ်ထဲကို သူလျိုအရင်လွှတ်ထားပြီး တပ်ထဲက ရဲမက်များနေရာတွင် Alexရဲ့ အသေခံတပ်သားများအား အစားသွင်းဖို့ အတော်ကြိုးစားယူခဲ့ရသည်...။ ကောင်းတာက Zတိုင်းပြည်ကြီးသည် မူလကတည်းက နှစ်ခြမ်းကွဲနေခြင်းဖြစ်သည်...။ ဘုရင်Johnရဲ့ အမှုထမ်းတွေနဲ့ လက်ဝဲယံအမတ်ကြီးရဲ့ ဘက်တော်သားတွေ ဆိုပြီးဖြစ်သည်...။
ထင်းတွေတောင်မှ တစုတစည်းထဲဆိုရင် ချိုးရခက်သည်...။ စည်းလုံးမှုမရှိတဲ့အခါ သိမ်းယူဖို့ရာသည် ထင်ထားတာထက် လွယ်ကူသွားကာ လူအသေအပျောက်လည်းနည်းသွားသည်...။ လှည့်ကွက်ပါးပါးလေးတစ်ချို့ကိုတော့ သုံးရတာပေါ့...။
အကုန်အစီအစဥ်အတိုင်းဖြစ်သော်လည်း ဘုရင်Johnကတော့ လွတ်မြောက်သွားခဲ့သည်...။ ကိစ္စတော့မရှိပါ...။ အနှေးနဲ့အမြန် သူ(Alex)က လက်စတုံးပေးမှာ...။ အခုတော့ သူ့အချစ်ကလေးစီကို သွားလိုက်ဦးမယ်...။
Alexသည် သူ၏ သစ္စာရှိ အရိပ်ကိုယ်ရံတော်ခေါင်းဆောင်အား ကျန်နေသည့် ရှင်းစရာရှိတာများအား ရှင်းထားရန်ပြောပြီး စက်ချုပ်ဆောင်ဘက်သို့ ထွက်လာခဲ့သည်...။
စက်ချုပ်ဆောင်ရဲ့ အနီးကို ရောက်သောအခါ ကြင်ယာတော်ဆိုသူ အမျိုးသမီးတယောက်အား ညီတော်ရဲ့ ရဲမက်များ ဖမ်းချုပ်လာသည်ကို တွေ့ရသည်..။
" နင်တို့! ငါ့ကို လွှတ်ကြစမ်း! ! "
ထိုအမျိုးသမီးသည် မျက်နှာကြီး ရှုံ့မဲ့ကာ အော်ကြီးဟစ်ကျယ်လုပ်နေသည်မှာ ဘီလူးမကြီးသံပုရာသီးကိုက်ထားသလိုပင်...။
ရဲမက်များသည် အရှင်Alexအား တွေ့သောအခါ ကြင်ယာတော်Cherry၏ ပါးစပ်အား ပိတ်စေပြီး အရိုအသေပြုကြသည်...။
" အရှင် "
" အင်း ။ ညီတော် စက်ချုပ်ဆောင်မှာလား"
" ဟုတ်ပါတယ် အရှင် "
Alexသည် ဘာမှမပြောတော့ဘဲ ဆက်သာသွားလိုက်သည်...။ စက်ချုပ်ဆောင်ဘက်ကို အလောတကြီးသွားနေမိသောကြောင့် ကိုယ်ဟန်ဖို့ မို့ရာသာ မေးလိုက်သော်လည်း သူအမှန်တကယ်တွေ့ချင်တာ ညီတော်မဟုတ်မှန်း သူကိုယ်တိုင်သာသိသည်...။
VOCÊ ESTÁ LENDO
အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystem
RomanceOnly Unicodeပါနော် Zawgyiဖတ်ချင်တဲ့ သူတွေ သာသာ့profile ထဲမှာ ရှိပါတွယ်နော်။ Zawgyiက သာသာ့ profileထဲမွာ သပ္သပ္တင္ထားပါတယ္ လီကျယ်တစ်ယောက်ရေသီးပီးသေဆုံးသွားခဲ့သည်.... ထို့နောက်တွင်တော့ အရန်ဇာတ်ကောင်ပြန်လည်ဝင်စားခြင်းststemနဲ့ချိတ်ဆက်မိပီး ကမ်ဘာပတ် mis...