Arc-3 Part-1

4.7K 490 13
                                    

လီကျယ် အသိဝင်ဝင်ခြင်း ခံစားမိတာက အရမ်းကို နူးညံ့တဲ့ မွေ့ယာတစ်ခုပေါ်မှာ လှဲလျောင်းနေတယ်ဆိုတာဘဲ..။ မူးဝေဝေဖြစ်နေမှုကြောင့် မျက်လုံးက တော်တော်နဲ့ မဖွင့်နိုင်....။ ထဖို့ အားယူလိုက်တော့ သိလိုက်ရတာက သူ ကုတင်တစ်ခုပေါ်မှာ ခြေထောက်နှစ်ဖက်က်ို ကြိုးနဲ့ တုတ်ခံထားရတယ်ဆိုတာဘဲ...။ ရိုးရိုးကြိုးတောင်ဟုတ်ရဲ့လား မသိဘူး...။ မာလိုက်တာမှ လွန်ရော...။

' အပြာလုံး '

( Yes Host! ဇာတ်ကြောင်းလွှဲလိုက်ပါပြီ)

ခေါင်းထဲက ကြားလိုက်ရတဲ့ အပြာလုံးအသံနဲ့အတူ ခေါင်းထဲကို ဒေတာအများအပြားဝင်ရောက်လာသည်...။

လီကျယ်ရှေ့တွင် အပြာလုံးဖွင့်ပြထားတဲ့ boardကိုတော့ မျက်လုံးမဖွင့်နိုင်အောင် မူးဝေနေမှုကြောင့် မကြည့်နိုင်....။
အပြာလုံးကလည်း ဒါကိုသိလို့ထင်သည် ပြန်ပိတ်သွားသည်...။

အခုရောက်နေသော ကမ္ဘာသည် ဘာသာစကားမတူတဲ့ မော်ဒန်ကမ္ဘာတစ်ခု ဖြစ်သည်...။ သို့သော် လီကျယ်က ဘာသာစကားစွမ်းရည်ကို တတ်မြောက်ပြီးသားဆိုတော့ မခက်ခဲပင်။ ဇာတ်လိုက်မ ကယ်တင်ရန် Systemရဲ့ ကျေးဇူးကြောင့် အခုလီကျယ်ရောက်နေတဲ့ ကိုယ်က အရင်ကလို အရေးမပါတဲ့ ဇာတ်ကောင်မဟုတ်ဘဲ အရောင်အဝါတွေထွန်းတောက်နေတဲ့ ကမ္ဘာ့သားတော် ဇာတ်လိုက်မ (shou)ဖြစ်တယ်...။ နာမည်က မေပယ်မင်းမာန် ။ SKY. M ကုမ္ပဏီCEOရဲ့ အတွင်းရေးမှူး...။ မေပယ်မင်းမာန်က ယောက်ျားလေးသာ ဆိုသော်လည်း ဇာတ်လိုက်မဖြစ်သောကြောင့် အသားအရေလေးသည် နူးညံ့ကြည်လင်ကာ မျက်နှာလေးကလည်း မြင်သူတကာ နှစ်ခေါက်ပြန်ကြည့်ယူရတဲ့အထိ ချောလှသည်...။အထူးသဖြင့် ဆေးမကူထားတဲ့ ခပ်ရဲရဲနှုတ်ခမ်းလေးသည် ချစ်စဖွယ်အတိ..။ အသက်နှစ်ဆယ့်သုံးနှစ်ဆိုသော်လည်း CEOရဲ့ ညီမ ရွက်နုကောင်းကင်တို့နှင့် ရွယ်တူလို့ထင်ရအောင်ပင် နုလည်းနုသေးသည်....။ အရပ်က ငါးပေရှစ်လက်မရှိကာ ပုတယ်လို့ သတ်မှတ်လို့လည်းမရသည့် အနေအထားမျိုး....။

CEO အတွင်းရေးမှူးရဲ့ မိန်းကလေးရှုံးအောင်လှတဲ့ အလှသတင်းက ကုမ္ပဏီတစ်ခုလုံး ပြဲပြဲစင်အောင် ကျော်ကြားသည်...။

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemWhere stories live. Discover now