Arc-2 Part-4

5.3K 695 9
                                    

နန်းတော်အတွင်း လူများရောက်ယက်ခတ်နေကြသည်..။ ထိုလူများကို ဖြတ်၍ သွားမည်ဆိုလျှင် ဒီတစ်သက် အိမ်ရှေ့စံရဲ့ အဝတ်ခန်းကို ရောက်မည့်လမ်းမမြင်သောကြောင့် အနောက်ဘက်လမ်းကိုသာ ရွေးချယ်လိုက်သည်..။

အနောက်လမ်းမှသွားလျှင် နန်းတွင်း ဥယျာဥ်ကို ဖြတ်သွားရသည်..။ ဥယျာဥ်လမ်းအဝတွင် စောင့်ကြပ်နေကျ အစောင့်နှစ်ယောက်မရှိသောကြောင့် အလွယ်တကူဘဲ ထိုလမ်းက ဖြတ်သွားလိုက်သည်..။ Charles ခြေလှမ်းကို အနည်းငယ်မြန်လိုက်သည်..။ ကတိုက်ကရိုက်သွားနေသော်လည်း မူလကိုယ်၏ အကျင့်ကြောင့် အသံပြင်းပြင်းနှင့် လမ်းလျှောက် သွားနေတာနှင့် မတူဘဲ ပုံမှန် ခြေလှမ်းများကဲ့သို့ ညင်သာနေသည်..။

ဥယျာဥ်ရဲ့ အလယ်လောက်အောက်တော့ ပန်းပေါင်းစုံရဲ့ မွှေးရနံများကို ဦးစွာရသည်..။
ထို့နောက် လူနှစ်ယောက် စကားပြောနေသံကို ကြားသဖြင့် အရှိန်လျော့ကာ ခိုးနားထောင်ရန်ပြင်လိုက်သည်..။

( အဲ့တာပြောတာပေါ့ လူ့အကျင့်ဆိုတာ ပြင်ရခက်တယ်တဲ့)

အပြာလုံးက လူကို လာပြီးစနေသည်..။ အခုအချိန်မှာတော့ ပြိုင်မပြောချင်တာကြောင့် အရှေ့က လူနှစ်ယောက်၏ စကားကိုသာ အာရုံစိုက်နားထောင်နေလိုက်သည်..။

" သမီး  သူကပွဲမစခင် သမီးကို ခဏစကားပြောချင်လို့တဲ့ "

' သမီး '
နန်းတွင်းဥယျာဥ်ထဲဝင်ပြီးတောင် လေပေါနေသေးတယ် ။ ဘယ်သူပါလိမ့်။
Charlesမှာ အသံသာကြားပြီး လှမ်းလည်း မကြည့်ရဲ။ တော်ကြာမြင်သွားမှ ။
ထို့ကြောင့် သစ်ပင် အကွယ်လေးကသာ ချောင်းနားထောင်နေလိုက်သည်..။ ဖြစ်ချင်တော့ သစ်ပင်၏ ဘေးတွင် ချုံပင်ကဲ့သို့ ပေါက်တတ်သော ပန်းပင်တစ်မျိုးရှိသောကြောင့် Charlesအတွက် ခိုးနားထောင်ဖို့ အကောင်းဆုံးနေရာပင်..။

" တော်ပြီလေ ဒီလောက်ဆို လုံလောက်ပြီပေါ့ အဲ့အဖိုးကြီးကို ကပ်ဖားမနေချင်တော့ဘူး ဒီနေ့ပြီးရင် သမီးလည်း မိဖုရားခေါင်ဖြစ်တော့မှာဘဲလေ "

" ချယ်ချယ် သမီးသိရဲ့သားနဲ့ သမီးမိဖုရားခေါင်အဖြစ် တည်မြဲဖို့ဆိုရင် သူ့ကို အလိုက်အထိုက်ဆက်ဆံဖို့လိုတယ်... သူမှာ နန်းတွင်း အာဏာ တစ်ဝက်ရှိတာမမေ့နဲ့ "

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemDove le storie prendono vita. Scoprilo ora