Arc-2 Part-12

5.2K 692 34
                                    

( Hostက targetကို လျှာသုံးပြီး နမ်းရမှာ)

'ဘာာာ! !'
Charlesအလန့်တကြားအော်လိုက်မိသည်..။ စိတ်ထဲမှာပေါ့..။

'အပြာလုံး မင်းရူးနေတာလား ငါက သွားနမ်းရအောင် '

(Hostကလည်း ဒါက missionလေဗျာ)

Charlesမျက်နှာကြီး ရှုံ့မဲ့ပြီး
'မင်းဘာသာမင်း သာသွားနမ်းတော့ '

(Host targetက ဒီကမ္ဘာရဲ့ ဗီလိန်Alexပါ..။ Hostရဲ့ ညာဘက်ခြမ်းမှာ Hostကို ကြည့်နေပါတယ်..။)

Charles အပြာလုံးရဲ့ စကားကို ကြားတော့ သူ့ရဲ့ ညာဘက်ကို ခေါင်းလှည့်ကြည့်လိုက်သည်...။ Alexသည် ထိုနေရာသည် သူ့အား စူးစူးစိုက်စိုက်ကြည့်နေလေရာ တစ်ကိုယ်လုံး ကြက်သီးများ ထသွားသယောင်တောင် ခံစားရသည်..။ သူသာ အဲ့ကြောက်စရာ ဗီလိန်ကြီးကို သွားနမ်းလိုက်မိရင်၊ နမ်းရုံတင်မဟုတ်ဘူး လျှာပါ သုံးရဦးမှာ.. ။ သူ့အား နေရာမှာတင် အပိုင်းပိုင်းဖြတ်ပစ်မလားပင်..။
'အမယ်လေး တွေးရင်းကြောက်တောင်လာပြီ'

( Host အထက်က ညွှန်ကြားချက်ပို့ပါတယ်..။ ဗီလိန်ရဲ့ ကိုယ်ထဲက targetရဲ့ ဝိဥာဥ်အပိုင်းအစက မှေးမှိန်နေပြီမို့ အခုချက်ချင်းသွားထုတ်ယူရပါမယ်တဲ့)

Charles ဗီလိန်နဲ့ ဆန်ကျင်ဘက်အရပ်သို့သွားနေရာမှ စနစ်က ထိန်းချုပ်လိုက်သောကြောင့် လှုပ်မရတော့ချေ..။

' မင်း ကြည့်ပါလား ဗီလိန်ကို။ ငါ့ကြည့်နေတာများ ကြောက်စရာကြီး..။ မလုပ်ရဲဘူး! !'

စိတ်ထဲမှာ အော်နေသော်လည်း ခန္ဓာကိုယ်ကြီးက ထိန်းမရတော့ဘဲ Alexဘက်ကို လှည့်သွားသည်..။ Charles၏ အိပ်ဆောင်ကို သွားတဲ့ လမ်းမလို့ အနီးပတ်ဝန်းကျင်မှာ ဘယ်သူမှတောင်မရှိ..။
'အူးဝါး ဒီက ချစ်စရာကောင်းတဲ့ လီကျယ်လေးကို ဘယ်သူလာကယ်မှာလဲ '

(Hostရေ ငြင်းနေရင် အထက်က Hostကို တိုက်ရိုက်ထိန်းချုပ်လိမ့်မယ်..။ အဲ့တာဆို ရှက်စရာကြီးနော်)

အပြာလုံးသည် သူ့hostရဲ့ ကိုယ်အား သူထိန်းချုပ်နေသည်ကို မျက်နှာပြောင်ပြောင်နှင့်ပင် အထက်ကို လွှဲချလိုက်သည်..။
' ဟီးဟီးး ဒီအချိန် Hostသာ သွားနမ်းရင် ဒန်တန့်တန် တွေ ဖြစ်ကုန်လောက်မယ် အာ့ဆို သူLiveကြည့်ရပြီ'
အပြာလုံးသည် စိတ်ထဲတွင် ထိုသို့တွေးလိုက်မိသည်...။

အရန်ဇာတ်ကောင်ပြန်လည်ဝင်စားဖြင်းsystemOù les histoires vivent. Découvrez maintenant