Episode - 53

3.6K 318 104
                                    

Unicode Version

* လွန်ခဲ့သော ၈လခန့်က *

ရွှမ်လုကိုယ်ဝန် ၆ပတ်လောက်ရှိတော့ကျ သူမဗိုက်ထဲက ရိပေါ်ပေါက်စလေး ဇာတိပြလာတော့ ရှောင်းကျန့်တစ်ယောက် ကိုယ်ဝန်ဆောင်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ မူးဝေ၊အော့အန်တာတွေအပြင် အနံ့ပြင်းတာတွေကအစ အရင်လို သည်းမခံနိုင်တော့ဘဲ အစားပါရွေးလာတာကြောင့် ခန္ဓာကိုယ်က အားနည်းလာရတယ်။

ကိုယ်တိုင် ကိုယ်ဝန်ဆောင်နေတဲ့ ရွှမ်လုပင် ရှောင်းကျန့်လောက် အော့အန်ခြင်းမဖြစ်။ ဒေါက်တာဟိုက်ခွမ်းကတော့ ကိုယ့်အိမ်ထောင်ဖက်ကို အရမ်းချစ်တဲ့အခါ ဒါမျိုးက ဖြစ်လေ့ဖြစ်ထ ရှိကြောင်း ပြောတာမို့ ရှောင်းကျန့်မှာ ခံရခက်တဲ့ကြားထဲကပင် ကြံဖန်ပြီး ဝမ်းသာရသေးသည်။ ကိုယ်တိုင်နေရခက်တဲ့ ကြားထဲကနေ ရိပေါ်ကို စိတ်ပူပြီး အကဲခတ်မိတော့ကျ သာမာန်လူလိုပဲ ဘာ​ဝေဒနာမှ အထွေအထူး မခံစားရတာမြင်မှ စိတ်အေးရတော့တယ်။ ရိပေါ်လည်း သူ့ကို ချစ်တာသိပေမယ့် ဒါမျိုးဝေဒနာကိုတော့ ဖြစ်နိုင်ရင် သူတစ်ယောက်တည်းသာ ခါးစည်းခံပေးချင်သည်။

ရွှမ်လုမှာ ကိုယ်ဝန်ရှိနေမှန်း သတင်းကြားတာနဲ့ ရွှမ်လုအမေက ရှောင်းကျန့်စီစဉ်ပေးထားတဲ့ ကွန်ဒိုအထိလိုက်ချလာပြီး ဒေါသတကြီးနဲ့ ပါးလာရိုက်တဲ့နေ့တုန်းကလည်း ရှောင်းကျန့်မှာ အလုပ်ကိစ္စနဲ့ အပြင်ကို သွားနေရင်းကနေ ယွီပင်းကို ရောက်ရာအရပ်မှာ နေခဲ့ခိုင်းပြီး အခြေအနေကို သွားကြည့်ရသေးသည်။ ပင်ကိုယ်အကျင့်စရိုက်အရ ဘယ်လိုပဲ သွေးအေးတယ်ဆိုဦးတော့ ကိုယ်နဲ့ရိပေါ်တို့ရဲ့ ကလေးတွေရှိနေသည့် မိန်းကလေးမှာ ပြဿာနာပေါ်ကြောင်း သိတာနဲ့ ဘာမှမဖြစ်သလိုမျိုး ဆက်ပြီး စိတ်အေးသက်သာနဲ့ မနေနိုင်တော့ပေ။  နောက်ပြီး ယွီပင်းမရိပ်မိအောင် အတတ်နိုင်ဆုံး သတိထားနေရတာကလည်း အလုပ်တစ်ခုပင်။ ယွီပင်းသိရင် ရိပေါ်သိမှာက အနှေးနဲ့အမြန်မို့။

ကျိုးချန်ကို သူပိုင်တဲ့ကွန်ဒိုမှာပဲ ရွှမ်လုကိုစောင့်ရှောက်ပြီး လိုအပ်တာ စီစဉ်ဖို့ တာဝန်ပေးထားလိုက်တယ်။ ကျိုးချန်က သူစီစဉ်ထားတဲ့ ကိစ္စကို အစအဆုံးကြားပြီးတာနဲ့ ရိပေါ်ကို ဝိုင်းပြီး ဖုံးကွယ်မထားနိုင်တာမို့ ပြောပြမယ် တကဲကဲလုပ်နေလို့ သူ့မှာ ကျိုးချန်ကို

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now