Episode - 40

7.1K 395 27
                                    

Unicode Version

​ရှောင်းကျန့်အသိစိတ်ဝင်လာလာချင်းမှာပဲခေါင်းတစ်ခုလုံးထူပူကာမူးဝေတဲ့ဝေဒနာကိုစခံစားရတာမို့နားထင်ကိုတစ်ချက် လက်နဲ့ဖိထောက်ရင်းမျက်လုံးတွေကိုခပ်ဖြည်းဖြည်းချင်းစီအားယူဖွင့်ကာပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်တော့အချိန်ကနေ့လည်ဘက်တောင်ရောက်နေလေရဲ့။

နံဘေးကိုလှည့်ကြည့်တော့ကျသူရှိတဲ့ဘက်ဆီမျက်နှာမူကာကွေးကွေးလေးအိပ်ပျော်နေရှာတဲ့သူ့ရဲ့အသဲအသက်ဘဲပေါက် လေးကိုမြင်လိုက်ရတယ်။အဝတ်မပါတဲ့ခန္ဓာကိုယ်ပေါ်လွှမ်းခြုံထားတဲ့စောင်ကလည်းခါးနေရာအထိလျောကျနေတာမို့ဖြူဝင်းတဲ့အသားအရေထက်ကသူပေးထားတဲ့အနီကွက်လေးတွေခင်မျာမှာအရောင်ဖျော့သွားတာတောင်ခန္ဓာကိုယ်အပေါ်ပိုင်းရဲ့နေရာအနှံ့မှာဟိုတစ်ကွက်ဒီတစ်ကွက်ကျန်နေပြီးခပ်ရေးရေးတော့မြင်နေရတုန်းပင်။

ပါးစပ်လေးအနည်းငယ်ဟကာနှုတ်ခမ်းလုံးလုံးလေးကကျအ ပေါ်ဘက်ကိုမသိမသာနဲ့ကော့တက်ရင်းနှစ်နှစ်ခြိုက်ခြိုက်နဲ့အိပ်မောကျနေတဲ့ပုံစံလေးကအစအသည်းယားဖွယ်အတိပင်။ရှောင်းကျန့်အခုချိန်စိတ်ထဲရှိတဲ့အတိုင်းသာလုပ်ကြေးဆိုအဲ့ဒီ့အသည်းပုံပေါ်နေတဲ့နူတ်ခမ်းဖူးဖူးထော်ထော်လေးကိုခပ်မြန် မြန်ပဲအားပါးတရနဲ့အတင်းဖိကပ်နမ်းလိုက်ပစ်ချင်ပေမယ့်လို့ငြိမ်းချမ်းစွာနဲ့အိပ်မောကျနေရှာတဲ့ကလေးကိုတော့ဖြင့်ကိုယ့် ပယောဂသက်သက်ကြောင့်နဲ့မနိုးစေချင်တာမို့ကိုယ့်စိတ်ကိုယ်အလျင်အမြန်ပဲပြန်ထိန်းရင်းအိပ်ယာပေါ်ကနေရိပေါ်မနိုးအောင်အသာလေးဆင်းလာလိုက်ခဲ့တယ်။

ပြီးတာနဲ့အဝတ်တူတာဆိုလို့အတွင်းခံတောင်ရှိမနေတဲ့ကိုယ် ပေါ်ကိုBathrobe တစ်ထည်ကောက်ဝတ်ပြီးအမူးပြေတစ်ခုခုသောက်မယ်ဆိုတဲ့အတွေးနဲ့အောက်ထပ်ကိုဆင်းသွားလိုက် ကာထမင်းစားခန်းထဲရောက်တော့ကျရေခဲသေတ္တာထဲကနေဂျင်ဆင်းပါတဲ့အအေးတစ်ဗူးကိုလှမ်းယူပြီးတစ်ကျိုက်တည်းကုန်အောင်မော့သောက်လိုက်ပြီးမှလူကအနည်းငယ်နေလို့ကောင်းသွားပြီးအမြင်တွေပါပိုပြီးကြည်လာသလိုခံစားမိတော့တယ်။

My Devil Daddy 🔞⚠️ (Completed )Where stories live. Discover now